ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, November 27, 2011

အကောင်းဆုံးကိုမျှော်လင့်ရင်း အဆိုးဆုံးအတွက်လည်းပြင်ဆင်ထားပြီး ဖြစ်နေသင့်ပါတယ်

>
အခုတလော လက်ရှိ မျက်မှောက် မြန်မာ့နိုင်ငံရေး အပေါ် ရှုထောင့်အမျိုးမျိုးက သုံးသပ်ဝေဖန်ဆွေနွေးမှုများကို
ကြားနေရပါတယ် ၊ ကျနော်အမြင်ကတော့ NLD အခုလို မှတ်ပုံတင်ပြီး ရွေးးကောက်ပွဲဝင်ခြင်းဟာ လူထုကို တရားဝင် စည်းရုံးနိုင်ခွင့် နှင့်လူထုအတွင်းတရားဝင် လှုပ်ရှားမှုများဆောင်ရွက်နိုင်ဖို့ နည်းဗျူးဟာ တစ်ရပ်အနေနဲ့ ရွေးချယ်မှုဖြစ်ပြီး
NLD ပါတီခေါင်းဆောင် လည်းဖြစ် ဒီမိုကရေစီ လှုပ်ရှားမှု လူထုခေါင်းဆောင် လည်းဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်
အဆိုအရ စွန့်စားလုပ်ကိုင်ခြင်းဖြစ်သလို အဲဒီအချက်ပေါ်မှာ နားလည်မှုလွဲပြီး သဘောထားမကွဲလွဲဖို့တတိုင်းပြည်လုံး
ညီညွတ်ရေး လိုအပ်တယ်လို့ ပြောပါတယ်..။
တကယ်လို့ အနာဂတ်မြန်မာ့နိုင်ငံရေးမှာ NLD ဟာ ရွေးကောက်ပွဲကနေတဆင့် လွှတ်တော်ထဲ ၀င်ရောက်ပြီး
၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်ဖို့ကြိုးစားတဲ့အခါ စစ်အုပ်စုက ကြီးစိုးထိမ်းချုပ်ထားတဲ့လွှတ်တော်မှာ မဲခွဲ
ဆုံးဖြတ်ရင်အနိုင်ရ ဖို့မလွယ်မှန်း သေချာပေမဲ့ အဲဒီအခြေအနေ အချိန်အခါမှာ မတရားဥပဒေတွေကို
ပြုပြင်ပြောင်းလဲရန် လူထုလှုပ်ရှားမှုတွေက တဆင့် ၂၀၀၈ ဥပဒေ တွေ ပြင်ဆင်ရေးအပါအ၀င် ပြည်တွင်းစစ် ရပ်စဲရေး နှင့်ပြည်တွင်း ငြိမ်းချမ်းရေး၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အပါအ၀င် ဥပဒေ စိုးမိုးရေး ၊ စတဲ့အပြောင်းအလဲတွေကိုလူထုနှင့်အတူတူ လက်တွဲပြီး တိုက်ပွဲဝင်သွားနိုင်ပါတယ်...။

တချိန်ထဲမှာပဲ NLD အနေဖြင့် တချိန်လုံးတောင်းဆိုလာခဲ့တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေးအပေါ် ရှေ့ဆက်ပြီး တိုးတက်မှုတွေကို ဆုတ်ယုတ်နိုင်
စရာ အကြောင်းရှိ၍ နောက်ပြန်မလှည့်ချင်သောကြောင့် ၂၀၁၀ ရွေးကောက်ပွဲမှ တက်သော ဦးသိန်းစိန်အစိုးရနှင့် မတရားအတည်ပြုထားသော၂၀၀၈ ဖွဲ့စည်းပုံအပေါ်မှာပြန်လည်ပြုပြင်ရန် အပြန်အလှန်နားလည်မှုတည်ဆောက်ပြီး တဖြည်းဖြည်း ပြုပြင်မည့်နည်းလမ်းကို ရွေးချယ်တာလည်း ဖြစ်နိုင်ချေ ရှိပါတယ် ။

ယခင်စစ်အုပ်စု တဖြစ်လည်း ယခုလက်ရှိအစိုးရဟာ အပြောင်းအလဲလုပ်နေတယ်ဆိုသော်ငြားလည်း နိုင်ငံရေးအကျဉ်း
သားများကို ဓားစားခံလိုဆက်လက်ဖမ်းဆီးထားခြင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနဲ့ ရေရှည်ပြည်တွင်းစစ်တွေကိုဆက်လက်ဖြစ်ပွားနေခြင်း အား မပြောင်းမလဲ အချိန်ဆွဲပြီး လုပ်နေခြင်းဟာ အကောင်းဖက်ကိုရှုမြင်လိုသူများတောင် သံသယ ကြီးစိုးနေစဲ ဖြစ်ပါတယ် ။
အဲဒီလို မတရားမှုများနဲ့ လူထုအပေါ် ဖိနှိပ်ခြင်းများကြောင့်လဲ လက်နက်ကိုင် တော်လှန်ရေးဟာ မြန်မာပြည်
သမိုင်းကြောင်းမှာ ယခုအချိန်ထိ ရှိနေခြင်းဖြစ်တာကို မျက်ဝါးထင်ထင် တွေ့မြင်နေရခြင်းဖြစ်ပါတယ် ။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် လက်ရှိ အစိုးရသမတ္တ ဦးသိန်းစိန်တို့ရဲ့ဆွေးနွေး ညှိနှိုင်း
မှုနောက်ကွယ်မှာ တစုံတရာ နားလည်မှု ရရှိထားခြင်းများရှိနေတယ်လို့လဲ ထင်မြင်ယူဆနိုင်ပါတယ် ၊
ဆိုလိုသည်မှာ မြန်မာပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ရှိနေသော်လည်း ၂၀၁၄
အာဆီယံ ဥက္ကဌရာထူးကို မြန်မာစစ်အုပ်စုတဖြစ်လဲ လက်ရှိအစိုးရသမတ္တ ဦးသိန်းစိန်က တာဝန်ယူမှု
အပေါ် အာဆီ ယံ အဖွဲ့ဝင်နိုင်ငံများမှ အဆုံးအဖြတ် မပေးမှီနှင့် အဆုံးအဖြတ်ပေးပြီးအပေါ် NLD မှဝေဖန်တိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန်မရှိခြင်း ၊ မြစ်ဆုံရေကာတာ ရပ်တန့်ပြီးနောက်ပိုင်း မြန်မာ
အစိုးရနှင့် တရုတ်နိုင်ငံအကြား တစုံတရာ သံတမန်ရေးတင်းမာမှုများရှိခဲ့ရာမှ မြန်မာအစိုးရနှင့်
အမေရိကန် အပါအ၀င် အနောက်အုပ်စုနှင့် သံတမန်ရေးအရ အနီးကပ်ဆက်ဆံမှုများရှိလာခြင်းများ ၊
နိုင်ငံရေး အကျဉ်းသား ( ၂၀၀ ) ကျော်လွှတ်ပေးမှုအပါအ၀င် လွတ်လပ်စွာ ဆန္ဒပြခွင့် ဥပဒေ ၊
ပါတီမှတ်ပုံတင်ခွင့် ဥပဒေများ ပြန်လည်ပြင်ဆင်ခြင်းများကို နှစ်ဦးနှစ်ဖက်မှ အပြန်အလှန် လိုက်လျော
မှုများနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကို ပုံဖော်ခဲ့ကြပါတယ် ၊ဒါပေမဲ့ မမြင်နိုင်သေးတဲ့ ပြုပြင်ရေးလမ်းကြောင်းရဲ့ခြေလှမ်းတစွမ်းတစမို့ အားရစရာအကြာင်းမရှိတာ သဘာဝ
ကျပါတယ် ။

သေချာတာတစ်ခုကတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ အင်္ဂလိပ်ထံမှာ တိုင်းပြည်လွတ်လပ်ရေးကို
အနုနည်းနဲ့စေ့စပ် ဆွေးနွေးချိန်မှာ တခြားတဖက်ကလည်း လိုအပ်ရင်လိုအပ်သလို လူထုတိုက်ပွဲကို ပုံဖော်ဖို့အဆင်သင့်ပြင်ဆင်ပြီးသလို လက်နက်တိုက်ပွဲအတွက်လည်း ပြင်ဆင်ထားပြီးဖြစ်ပါတယ်..။ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်းအပါအ၀င်
ဗိုလ်ချုပ်၏ ခေါင်းဆောင်မှုအပေါ် တနိုင်ငံလုံးအတိုင်းအတာထိ လူထုကညီညီညွတ်ညွတ်ရပ်တည်ခဲ့သောအချက်အလက်တွေပေါ်မူတည်ပြီးအင်္ဂလိပ်ကိုလိုနီ လက်အောက်က
တတိုင်းပြည်လုံး လွတ်လပ်ရေး ရရှိခဲ့တာဖြစ်ပါတယ် ။

သို့ဖြစ်ပါ၍့ တဖက်နှင့်တဖက် စေ့စပ်ညှိနှိုင်းရေးအပေါ် လူထုအကျိုး တိုင်းပြည်အကျိုးကို ကြည့်ပြီး အမှန်တကယ် ပြုပြင်ပြောင်းလဲမှုကို အတိတ်ကလို သွေးထွက်သံယိုမှုများ ရှောင်ရှားပြီး ဆောင်ရွက်နိုင်ပါက အကောင်းဆုံးဖြစ်ပေမယ့် အကယ်၍ဲ့ ဖြစ်မလာခဲ့သော် အဆိုးဆုံးအတွက်လည်းပြင်ဆင်ထားပြီး ဖြစ်နေသင့်ပါတယ် ။

လက်ရှိ အစိုးရ အနေဖြင့် အမှန်တကယ် လူထုဆန္ဒကိုလေးစားလိုက်နာပြီးတိုင်းပြည်နှင့်လူထုအကျိုးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်ရင်ဖြင့်၂၀၁၄ခုနှစ် အာဆီယံဥက္ကဌရာထူးကို မြန်မာပြည်က
အလှည့်ကျ တာဝန်ယူတဲ့အခါ မှာ ရွေးကောက်ပွဲမှတက်လာသော်ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်တော်ဥက္ကဌ
( သို့မဟုတ် )နိုင်ငံတော်သမတ္တအဖြစ် ခန့်အပ်နိုင်သလို စစ်အုပ်စုရဲ့အတိတ်က ထုံးစံကို ဆက်လက်ကိုင်စွဲပြီး
အာဏာရှင် စနစ်ကို ပြန်လည်အသက်သွင်းရန်ကြိုးစားဦးမည်ဆိုပါက နေအိမ်အကျယ်ချုပ်ထဲကိုပင်ပြန်လည်
မထည့်နိုင်ဘူးဟု ဘယ်သူမှ အတတ်မပြောနိုင်ပါ ။

သို့ဖြစ်ပါ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့်ပြည်တွင်းငြိမ်းချမ်းရေးအတွက် NLD မှ ဆောင်ရွက်နေချိန်တွင် လူထုအင်အားသည် အခရာဖြစ်ပေရာ ပြည်တွင်း ပြည်ပ ရောက်ရှိရာ အရပ်မှ မြန်မာပြည်သူလူထုအနေဖြင့်
ပြုပြင်ပြောင်းလဲရေးကို လက်ရှိအစိုးရမှ ပုံဖော်ဆောင်ရွက်မှုများ ရှိ မရှိပေါ်မူတည်ပြီး မိမိအနာဂတ်တိုင်းပြည်ကို
မိမိတို့ ပုံဖော်တည်ဆောက်ရန်တာဝန်ရှိပါသည်။ နှမ်းတစ်စေ့ထဲဖြင့် ဆီမဖြစ်နိုင်သလို ၀ါးအစည်းလိုစည်းလုံး
ညီညွတ်မှသာ မည်သူမှလွယ်လွယ်ကူကူ ရိုက်ချိုးနိုင်မည် မဟုတ်ကြောင်း မျိုးချစ်စိတ်ဖြင့် တိုက်တွန်းနိုးဆော်
လိုက်ရပါသည် ။

**အောင်ခိုင်မြင့်**
၂၆ နိုဝင်ဘာ ၂၀၁၁

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)