**(နိုဝင်ဘာ ၅၊ကိုတီး-ရခိုင့်တံခွန်ဂျာနယ်)**
ရေဘေးသင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ယာယီခိုလှုံ နေထိုင်ရန်အတွက် ကယ်ဆယ်ရေးစခန်း တစ်ခု အား မဟာချိုင်နယ်မြေ ၀ပ်ခေါင်မေးဒေးယား ဘုန်းတော်ကြီးကျောင်း၌ ရွှေတွံတေးဆရာတော် ဦးဝါယမ နှင့် တပည့် တကာများက ယမန်နေ့ ကဖွင့် လှစ်လိုက်သည်။
(အရှေ့အလယ်ပိုင်း ပထမဦးဆုံး ဗုဒ္ဓ သာသနာပြု ပုဂ္ဂိုလ်) ခေတ္တ မဟာချိုင်တွင် သီတင်းသုံးနေသည့် အရှင် ဦးဝါယမ က ဦးဆောင်လျှက် မဟာချိုင်မြို့နယ်၊ ကထုန်ဘန် နယ်မြေ ကီလိုစစ်စောင်(၁၂ကီလို)တွင်ရှိသော ၀ပ်ခေါင် မေးဒေးယား ဘုန်းတော်ကြီး ကျောင်းတွင် ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။
ဘန်ကောက်မြို့ ဖက်ကဆင် လမ်း ရေနစ်မြုပ်လာမှုကြောင့် ထောင်ပေါင်းများစွာသော မြန်မာအလုပ်သမား ရေလွတ်ရာသို့ပြောင်းရွှေ့နေကြရသည်။ အဆိုပါ အရေးပေါ်အခြေအနေ တို့ကြောင့် ဆရာတော်၏ တပည့် တကာများက အရေးပေါ်ကူညီ ကယ်ဆယ်ရေး စခန်းဖွင့်လှစ်ခဲ့ရကြောင်း တကာတစ်ဦးဖြစ်သူ ကိုခိုင်ကြီး က ပြောသည်။
“ အားလုံး ပူးပေါင်းဆောင်ရွက်ကြပါ။ စေတနာရှိသူတွေ လာလှူကြပေါ့။ ဒီနေ့ တော့ ကျနော်တို့ ကား ၃စီးနဲ့ ရသလောက် ကယ်ထုတ်ကြတယ်။ ဆရာတော် ကိုယ်တိုင်ပါတယ်။ ဘန်ကောက်က BAT အဖွဲ့  လည်းလာ ရောက် ကူညီမယ်။ ဒီနေ့ စခန်းကို ပြောင်းရွှေ့ဖို့ လူပေါင်း ၂၀၀ ထက်မနည်းရှိလိမ့်မယ်” ဟုပြောသည်။
ကယ်ဆယ်ရေးစခန်းသို့ ကျား ၃၁ဦး မ ၈ဦးနှင့် ကလေး၂ဦင်္း စုစုပေါင်း ၄၁ ဦး လက်ခံနိုင်ခဲ့သည်။ ၎င်း တို့
မှာ ဖက်ကဆင် အုန်းနွဲ့ စွယ်ဖဆစ်ဖစ် လမ်းမှ အထည်ချုပ် အလုပ်သမားများဖြစ်ကြသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့ က ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာနမှ စတင်ဖွင့်လှစ်ခဲ့သည့်
နကပထုန် ၀တ်လိတ်ခင် ဘုန်းတော်ကြီးကျောင်းမှာ ရေလွှမ်းမိုးလာသဖြင့် ယမန်နေ့ က လပ်ဘူရီ အရပ်သို့ ပြောင်းရွှေ့ လိုက်ရပြီးဖြစ်သည်။
ဘန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ BAT က တာဝန်ခံ ဦးကျော်သောင်း က “ ခု ပေါ်ပေါက်လာတဲ့ ကယ်ဆယ်ရေးစခန်းအတွက် ထိုင်းအစိုးရ၊ မြန်မာသံရုံး အပြင် နိုင်ငံတကာ အင်
ဂျီအိုအဖွဲ့ တွေ ကို သတင်း ပို့ပေးတယ်။ အလုပ်သမားတွေရဲ့အခက်အခဲက အများကြီး၊ လုပ်အားခ မရလာ
တဲ့လူတွေရှိတယ်။ နေရပ်ပြန်ချင်သူ၊ နေထိုင်ခွင့် စာရွက်စာတမ်းတွေ ပြဿနာက အများကြီး၊ ကျနော်တို့
ကိုယ်ပိုင် ကားငှါးပြီးတော့ ထ၀ီဝတ်ဌန က အထည်ချုပ် အလုပ်သမား ၁၅၀ ကျော်ကို ပြောင်းရွှေ့မယ်”
ဟုပြောသည်။
ဘန်ကောက်မြို့သို့ ရေများ တဖြည်းဖြည်း ၀င်ရောက်လာသဖြင့် အလုပ်သမား သိန်းချီရှိသော ဘန်ကောက် နှင့် မဟာချိုင်နယ်မြေတို့မှ မြန်မာ အလုပ်သမားများအတွက် ယာယီ ကယ်ဆယ်ရေး စခန်းများ လိုအပ်လာ ဦးမည်ဖြစ်ကြောင်း ကယ်ဆယ်ရေး လုပ်သူများက သုံးသပ်ထားသည်။
ယခု ဖွင့်လှစ်ထားသော မဟာချိုင် ကယ်ဆယ်ရေးစခန်းသို့ ၀၈၀-၄၅၈၅-၁၂၈။ ၀၈၉-၄၁၃၃-၁၇၉။ ၀၈၉-၆၈၅- ၂၉၆၆။ ၀၈၄-၆၇၀-၅၇၂၇ တို့သို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြောင်း အဆိုပါ စခန်းတာဝန်ခံ ကိုခိုင်ကြီးက ပြောသည်။

No comments:
Post a Comment