**(နိုဝင်ဘာလ ၁၄ ၊မြတ်ညို -အလွတ်သတင်းထောက်)**
ထိုင်းအာဏာပိုင်များနှင့် မြန်မာသံမှူး တို့ညှိနှိုင်းကြသဖြင့် ၄ရက်တိုင်တိုင် တင်မာမှု ရှိနေခဲ့သော မဟာချိုင် ရေဘေး
ကူညီရေး ယာယီစခန်း အား မဟာချိုင် နယ်မြေအား ရေမနစ်မြုပ်ခင်အထိ ဆက်လက် ဖွင့်လှစ်ခွင့်ရရှိသွားသည်။
မဟာချိုင်နယ်မြေ အလုပ်အကိုင်ရှာဖွေရေး အရာရှိနှင့် မြန်မာသံမှူးတို့အပြင် ကယ်ဆယ်ရေးစခန်းကို
ဦးဆောင်သည့် ရွှေတံွံတေး ဆရာတော်အသျှင်ဝါယမ ၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (BAT) နှင့် မြန်မာ
အလုပ်သမားများ အကျေအလည် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ဦးဝါယမ က “ မနေ့ က စိတ်မချမ်းမသာ ဖြစ်နေခဲ့ရတာတွေ ပြေလည် သွားခဲ့ပြီးဖြစ်တယ်၊ မနိုင်မနင်း
မဖြစ်အောင်တော့ ဦးဇင်းတို့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့တော့လိုတာပေါ့၊ ဘာဖြစ်ဖြစ် အားလုံး
စိတ်အေးသွားကြရတယ်’’ ဟု မိန့်တော်မူသည်။
ယမန်နေ့ က စိတ်ဆင်းရဲ နေခဲ့ကြသည့်အလုပ်သမားများလည်း ၀မ်းသာသွားကြသည့်အပြင်၊အလုပ်အသစ် ရရှိသွားသည့် အလုပ်သမား ၄၀ ကျော်တို့ စခန်းမှ ထွက်ခွာ
သွားသည်။ ယနေ့ ညနေပိုင်းတွင် မြန်မာသံရုံးအစီအစဉ်ဖြင့် အလုပ်သမား ၅၀ ဦးတို့ ကိုလည်း နေရပ် ရင်း
သို့ ပြန်လည်ပို့ဆောင် ပေးမည်ဖြစ်သည်။
ရေဘေးသင့်နေကြသည့် မြန်မာ အလုပ်သမားအနေဖြင့် အောက်ပါဖုန်းနံပါတ်များသို့ မြန်မာအလုပ် သမားများအနေဖြင့် ဆက်သွယ် အကူညီ တောင်းဆိုနိုင်ကြောင်း သိရသည်။
၀၈၀ ၄၅၈၅ ၁၂၈၊ ၀၈၄ ၆၇၀ ၅၇၂၇၊၀၈၅ ၁၅၈၈ ၃၆၇၊ ၀၈၉ ၄၁၃၃ ၁၇၉၊ ၀၈၁ ၀၈၇၁ ၅၃၅ ၀၈၇ ၇၅၅၀ ၉၇၅ ၊
၀၈၀ ၅၅၂၂ ၀၆၂ တို့ အားဆက်သွယ် အကူအညီ တောင်းခံနိုင်ကြောင်း သိရှိရသည်။

No comments:
Post a Comment