ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, November 25, 2011

လူထုကျန်းမာရေး (နှုတ်ခမ်းဖောက်ခြင်း၏ အန္တရာယ်များ)

>
**Public Health**

ခန္ဓာကိုယ်မှာ အပေါက်ဖောက်ပြီး အဆင်တန်ဆာတွေကို အလှတပ်ဆင်ခြင်းဟာ ဒီနေ့ခေတ်ငယ်ရွယ်သူတွေအကြားမှာ ခေတ်စားနေပါတယ်။
ဟိုအရင်ခေတ်ကတော့ အများအားဖြင့် နားဖောက်တာကိုသာ လုပ်ကြပေမယ့် ယခုခေတ်မှာ နားမှာလည်း နှစ်ပေါက်၊ သုံးပေါက်ဖောက်ကြသလို နှုတ်ခမ်း၊ မျက်ခုံး၊ နှာခေါင်း၊ ချက်စတဲ့ ခန္ဓာကိုယ်နေရာတွေမှာပါ အပေါက်ဖောက်ပြီး အလှဆင်နေကြပါတယ်။ ခန္ဓာကိုယ်အပေါက်ဖောက်ခြင်းဟာ အန္တရာယ် ရှိပါတယ်။ အထူးသဖြင့် နှုတ်ခမ်းမှာ အပေါက်ဖောက်ခြင်းဟာ ရောဂါပိုးကူးစက်ခြင်းအပြင် သွားနဲ့ခံတွင်း ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

**ရောဂါပိုး ကူးစက်ခြင်း**
ခန္ဓာကိုယ်မှာ အပေါက်ဖောက်ပေးတဲ့သူတိုင်း ပိုးသတ်ထားတဲ့ အပ်တွေကို အသုံးပြုမယ်လို့ မသေချာပါဘူး။ ဒါကြောင့် ရောဂါပိုးကူးစက်ခံရနိုင်တဲ့ အန္တရာယ်ကို လျစ်လျူရှုထားလို့ မရပါဘူး။ ဒါ့အပြင် အပေါက်ဖောက်ပြီးပါက ပိုးသန့်စင်အောင် ဂရုစိုက်ပြုစုမှုမရှိရင်လည်း ရောဂါပိုးတွေအများအပြား ဝင်ရောက်နိုင်တဲ့ အန္တရာယ်ရှိပါတယ်။

**HIV**
AIDS ရောဂါဖြစ်စေတဲ့ HIV ပိုးကူးစက်ခံရနိုင်တဲ့ နည်းလမ်းတွေထဲမှာ မသန့်ရှင်းတဲ့အပ်ကို အသုံးပြုပြီး ခန္ဓာကိုယ် အပေါက်ဖောက်ခြင်းလည်း ပါဝင်နေတယ် ဆိုတာကို အမြဲသတိရပါ။ ဂရုစိုက်ပြီး ပိုးသန့်စင်မှု မလုပ်ရင် ခန္ဓာကိုယ်အပေါက်ဖောက်တဲ့ ပထမလူဆီမှ HIV ပိုးဟာ ဒုတိယလုပ်တဲ့ သူဆီကို ရောက်ရှိကူးစက်သွားပါလိမ့်မယ်။

**သွားကျဉ်ခြင်း**
သွားဖုံးတွေ ဆုတ်ယုတ်လာတဲ့အခါ သွားတွေရဲ့အောက်မှ အာရုံကြောတွေပေါ်လာပြီး သွားကျဉ်တာဖြစ်လာပါမယ်။
အသည်းရောင်အသားဝါ ဘီနှင့်စီHIV ပိုးလိုပဲ နာတာရှည် အသည်းရောင် အသားဝါဘီပိုးနဲ့ စီပိုးတွေဟာလည်း
မသန့်ရှင်းတဲ့အပ်နဲ့ ခန္ဓကိုယ် အပေါက်ဖောက်ရာမှ ကူးစက်နိုင်ပါတယ်။

**သွားကို တိုက်စားပွန်းပဲ့စေခြင်း**
နှုတ်ခမ်းမှာ အပေါက်ဖောက်ပြီး တပ်ထားတဲ့ အဆင်တန်ဆာဟာသွားကို အဆက်မပြတ် ပွတ်တိုက်နေရင် ကြာလာတဲ့အခါ သွားတွေတိုက်စားပွန်းပဲ့ပြီး ယိုယွင်းပျက်စီးလာပါလိမ့်မယ်။ သွားဖုံး ထိခိုက်ခြင်း
နှုတ်ခမ်းမှ အဆင်တန်ဆာဟာ သွားဖုံးနဲ့လည်း ပွတ်တိုက်နေတဲ့အတွက် သွားဖုံးမှ သွေးတွေထွက်လာပြီး ကြာရင်သွားဖုံးတွေ ဆုတ်ယုတ်လာပါမယ်။
**သွားဆုံးရှုံးခြင်း**
ကျန်းမာတဲ့သွားဖုံးတွေ မရှိတော့တဲ့အခါ မေးရိုးဟာ ခိုင်ခံ့မှုမရှိတော့ဘဲ ရောဂါပိုးကူးစက်မှုတွေကိုလည်း ခံရပါမယ်။ ဒီအခါ သွားတွေဟာ ယိုင်နဲ့လာပြီး နောက်ဆုံးမှာ သွားတွေကို ဆုံးရှုံးရပါလိမ့်မယ်။

**အာရုံကြောထိခိုက်မှု**
အတွေ့အကြုံနည်းသူက နှုတ်ခမ်းဖောက်ပေးတဲ့အခါမှာ အာရုံကြောတွေကို ထိခိုက်သွားစေနိုင်ပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း နှုတ်ခမ်းဖောက်ခြင်းရဲ့ အန္တရာယ်တွေက များပြားလွန်းတာကြောင့် လူငယ်တွေအနေနဲ့ ခဏတာဖက်ရှင်စတိုင်တစ်ခုအတွက် နှုတ်ခမ်းဖောက်ခြင်းကို မပြုလုပ်သင့်ကြောင်း ဖော်ပြလိုက်ရပါတယ်။

** မောင့်ချစ်သူလေး**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)