**Public Health**
ဓာတ်စာနှင့်တွဲပြီး စားသုံးခြင်းဟာ ဆီးကျိတ်ကင်ဆာကြီးထွားနှုန်းကို လျှော့ချနိုင်တယ်လို့ လေ့လာသူတွေ က တွေ့ရှိခဲ့ပါတယ်။ အမေရိကန် သိပ္ပံပညာရှင်တွေကဆီးကျိတ်ကင်ဆာ ရှိတဲ့ အမျိုးသား၏ အသားစနမူနာ အား လေ့လာပြီးနောက် ရှာဖွေတွေ့ ရှိခဲ့ခြင်းဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေက ရောဂါရှိသူ တွေဟာဓာတ်စာနှင့်ငါးကြီးဆီကိုစားပြီး လေးပတ်မှ ခြောက်ပတ်အတွင်း ဆီး ကျိတ်ကင်ဆာ ကြီးထွားနှုန်းကို လျှော့ ချနိုင်တယ်လို့ ဆိုပါတယ်။ ငါးကြီး ဆီကို ဖြည့်စွက် မစားဘဲ ရိုးရိုးအဆီ နည်းတဲ့ ဓာတ်စာစားသုံးသူ တွေမှာ တော့တူညီတဲ့အကျိုးကိုမတွေ့ရပါဘူး။ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ လေ့လာသူ ခေါင်းဆောင် Prof. William Aronson က “ငါးကြီးဆီ ကို ဖြည့်စွက်စားသုံးခြင်းဟာ ဆီးကျိတ် ကင်ဆာရဲ့ တစ်သျှူးတွေ လျင်မြန်စွာ ကွဲပြားပြန့်ပွားခြင်းကို လျှော့ချပေးပါ တယ်။ ဒီလိုပြန့်ပွားနှုန်းကို လျှော့ချနိုင် လေ၊ ဆီးကျိတ်ကင်ဆာအပြင်သို့ ပြန့်ပွားနိုင်ခြေအခွင့်အလမ်း နည်းလေ ပဲ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါ တယ်။ ယူကေနိုင်ငံ၌ နှစ်စဉ် အမျိုးသား ၃၆ယဝ၀ဝ ဝန်းကျင်သည် ဆီးကျိတ် ကင်ဆာအား ကုသနေရပြီး ထိုအထဲမှ ၁၀ယဝ၀ဝ ခန့် သေဆုံးကြောင်း သိရပါ တယ်။
Ref: dailymail.
**မေမွန်ကျော်**

No comments:
Post a Comment