ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, November 19, 2011

အလုပ်သမား နှင့် လုပ်ငန်းရှင်များ ဒေါ်လာငါးထောင် မှ ငါးသောင်းတန် ကားသစ်များ သွင်းခွင့်ပြု

> (Cars in Thai border town of Mae Sot that will be sold into Burma.)

(ရန်ကုန၊်၊ နိုဝင်ဘာ ၁၇)

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့တွင်
သတ်မှတ်ထားသော အမေရိကန်ဒေါ်လာပမာဏထည့်သွင်းထားသည့် မြန်မာအလုပ်သမားများ၊ သင်္ဘောသားများ၊
လုပ်ငန်းရှင်များကို အမေရိကန်ဒေါ်လာငါးထောင်မှ ငါးသောင်းအထိ တန်ဖိုးရှိသော မော်တော်ယာဉ်များ အဆင့်လိုက်
တင်သွင်းခွင့်ပြုကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနငါးခု၏ ထုတ်ပြန်ချက်များအရ သိရသည်။

ပို့ကုန်လုပ်ငန်းရှင်များဆိုပါက အမေရိကန်ဒေါ်လာတစ်သိန်းနှင့်အထက် တင်ပို့ထားပြီး ဘဏ်ထဲတွင် အမေရိကန်
ဒေါ်လာတစ်သိန်းလက်ကျန်ရှိပါက ဒေါ်လာငါးသောင်းအထိ တန်ဖိုးရှိသော မော်တော်ယာဉ်တစ်စီးစီ တင်သွင်းခွင့်
လျှောက်ထားနိုင်ပြီဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနတွင် လိုင်စင်ရယူဆောင်ရွက်နေသော ဟိုတယ်/မိုတယ်/တည်းခို
ရိပ်သာလုပ်ငန်းများနှင့် ခရီးသွားလာရေးလုပ်ငန်းရှင်များ တွင် ゞင်းတို့၏နိုင်ငံခြားငွေစာရင်း၌ ဝင်ငွေ အမေရိကန်ဒေါ်လာ
ငါးသောင်းရှိပါက အမေရိကန်ဒေါ်လာ နှစ်သောင်းငါးထောင်အထိ တန်ဖိုးရှိသော မော်တော်ယာဉ်တစ်စီးစီ တင်သွင်း
ခွင့်လျှောက်ထားနိုင်ကြောင်း အဆိုပါဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယင်းသို့ပင် အမေရိကန်ဒေါ်လာတစ်သောင်းအထက်သွင်းထားသော နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ထမ်းများနှင့်
ပြည်ပရောက်မြန်မာအလုပ်သမားများကို အမေရိကန်ဒေါ်လာငါးထောင်အထိ တန်ဖိုးရှိသော မော်တော်ယာဉ်များတင်
သွင်းခွင့်ပြုမည်ဖြစ်ကြောင်း၊ သင်္ဘောသားများကိုမူ အမေရိကန်ဒေါ်လာတစ်သောင်းမှ ငါးသောင်းအထိ၊ ဘဏ်သွင်းထားသူ
များကို ကန်ဒေါ်လာငါးထောင်မှ တစ်သောင်းငါးထောင်အထိ တန်ဖိုးရှိသော မော်တော်ယာဉ်များတင်သွင်းခွင့်ပြုမည်
ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းအောင်ကျော်က ရှင်းပြသည်။

လုပ်သားများနှင့် လုပ်ငန်းရှင်များ တင်သွင်းလာမည့် အဆိုပါကားများ ဈေးကွက်အတွင်း ဝင်ရောက်လာပါကာ
ပြည်တွင်းကားဈေးကွက်တွင် ဈေးသုံးမျိုးဖြစ်လာမည်ဖြစ်ကြောင်း၊ အမြင့်ကားသစ်များ ဝယ်ရောင်းဈေး၊ ဂျပန်မှ
သွင်းလာသော အသုံးပြုပြီးယာဉ်များ ဝယ်ရောင်းဈေးတန်းနှင့် ပြည်တွင်း၌အသုံးပြုနေသောယာဉ်များဈေးတန်း ဟူ၍
ဖြစ်လာမည်ဖြစ်ကြောင်း၊ ယင်းကားများ အမှန်တကယ်ဝင်ရောက်လာပါက ကားဈေးများ ထပ်မံကျဆင်းပြီး
အရောင်းအဝယ်နည်းနိုင်ကြောင်း၊ ပြည်တွင်းကားဈေးကွက်တွင် အားမျှခြေကားဈေးနှုန်းတစ်ရပ် လာမည့်နှစ်ဆန်းတွင်
ပေါ်ပေါက်လာနိုင်ကြောင်း ကားဝယ်ရောင်းများနှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများက သုံးသပ်ကြသည်။

ဒေါ်လာငါးသောင်းတန်ဖိုးရှိယာဉ်များ တင်သွင်းခွင့်ရသောလုပ်ငန်းရှင်အများစုမှာ ပြည်တွင်းဈေးကွက်၌
ဈေးမြောက်နေသော MARK X ကားများ တင်သွင်းလာဖွယ်ရှိရာ MARK X အပါအဝင် ပြည်တွင်းဈေးကွက်တွင်
ထိပ်တန်းရောက်နေသော ဇိမ်ခံကားဈေးများ အနည်းဆုံးထက်ဝက်ကျော်ခန့် ပြုတ်ကျမည်ဖြစ်ကြောင်း ကားဝယ်ရောင်း
ကြီးများက သုံးသပ်ကြသည်။

နိုဝင်ဘာလ ၁၇ရက်နေ့အထိ ရရှိသောသတင်းများအရ ပို့ကုန်သွင်းကုန်လုပ်ငန်း ၁၇၀ဝ ခန့် တင်သွင်းခွင့်
ရမည်ဖြစ်ပြီး ယင်းတို့ထဲမှ ၈၉၀ ကို ယာဉ်တင်သွင်းခွင့်ပြုရန် စာရင်းတင်ထားပြီးဖြစ်ကြောင်း၊ ゞင်းတို့ထဲမှ အချို့မှာ
နိုဝင်ဘာလ ၁၅ ရက်နေ့က စတင်ပြီး ယာဉ်တင်သွင်းခွင့် လျှောက်ထားပြီးဖြစ်ကြောင်း စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

The Voice Weekly _ Vol.7 / No.49 _ November 21 - 27 , 2011

Thank you.
jacknetster@gmail.com

(Cars in Thai border town of Mae Sot that will be sold into Burma.)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)