ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, November 22, 2011

တွင်း

>
ကိုယ်ချင်းလည်း မစာဘူး။

သူတို့တုန်းကတော့ နေချင်သလိုနေပြီး

ငါတို့ကျမှ ဟိုလို မနေနဲ့။ ဒီလိုမနေနဲ့။

ဟိုလိုလေး လုပ်ကြည့်ပါလား။

ဒီလိုလုပ်တာ မှားတယ်။

တော်တော်ကို ကိုယ်ချင်းမစာကြတဲ့ လူကြီးတွေပဲ။

************
``ဒီအရွယ်မှာ ရည်စားမထားရဘူးနော်``
သူတို့တုန်းကတော့ထားခဲ့ကြတယ်။
ကျွန်တော်တို့ကျမှ မထားနဲ့တဲ့ဗျာ။
``မပျင်းကြနဲ့။ ပျင်းရင် ပညာမရဘူး``
သူတို့လည်း ကျွန်တော်တို့အရွယ်တုန်းက ပျင်းခဲ့ကြတာပဲ မဟုတ်လား။
``ပိုက်ဆံစုကြ၊ မဖြုန်းကြနဲ့``
တော်တော် အပြောကောင်းတယ်။ သူတို့ ပိုက်ဆံမစုခဲ့ကြလို့။ ငွေတွေကိုဖြုန်းတီးခဲ့ကြလို့ ကျွန်တော်တို့ ဒီလိုနေနေကြရတာ မဟုတ်ဘူးလား။
``အရက်မသောက်နဲ့ ငါ့သား``
အဖေ့ပါးစပ်မှာ အရက်နံ့တွေနဲ့။ ကျွန်တော့်ကို လာပြီး ဆုံးမနေတယ်။
``ဆေးလိပ်သောက်တာ မကောင်းဘူး``
သူ့အိတ်ထောင်ထဲမှာ စီးကရက်ဘူးကြီးနဲ့။ ဆေးလိပ်မကောင်းကြောင်းတရားလာပြီးဟောတယ်။ ရယ်စရာကောင်းလိုက်တာ။
``မနေနိုင်ရင် ကွန်ဒုံးသုံးကြနော်``
လာလာချည်သေး။ လူကြီးတွေက လူငယ်တွေကို ဆုံးမကြတယ်။
လူငယ်တွေရဲ့ ရင်ထဲမှာ``စောဒက``တွေ အများကြီးပဲ လူကြီးတွေရဲ့ ဆုံးမစကားကို တစ်ဖက်သက် ပြောတယ်လို့မြင်ကြတယ်။ ကိုယ်ချင်းမစာဘူးလို့လည်း ခံစားကြတယ်။ သူတို့လုပ်ချင်ရာလုပ်ခဲ့ပြီးမှ ငါတို့အလှည့်မှာ လုပ်ချင်ရာ လုပ်ခွင့်မပေးဘူး။ မတရား ဘူး။
ဒီလို လူငယ်တွေအတွက် ကျွန်တော် ပုံပြင်လေးတစ်ပုဒ်လောက် ပြောပြပါရစေ။
**********
တစ်ခါတုန်းကပေါ့…။ ရတနာသိုက်ရှိတယ်လို့ နာမည်ကြီးနေတဲ့ ဒေသ တစ်ခုရှိတယ်။ အဲဒီသေမှာ ရတနာတွေကို လိုက်ပြီးရှာကြတဲ့ ရတနာမုဆိုးတွေ လည်းရှိတယ်။ တစ်ရက်မှာ မိုးကြီးလေကြီးကျပါလေရော။ မိုးတွေကလလည်း သဲသဲမည်းမည်းရွာတယ်။ ချောင်းရေတွေ ဒလဟောစီးလို့ မြေတွေပြိုတယ်။ သစ်ပင်တွေ လဲတယ်။ အဲ့ဒီအခါမှာ တောစပ်တစ်ခုရဲ့ ချောင်းနံဘေးမှာ ရေတွင်းဟောင်းကြီးတစ်ခု ပေါ်လာတယ်။ အဲ့ဒီတွင်းရဲ့ နှုတ်ခမ်းဝမှာ လူတွေဝိုင်းအုံပြီး တွင်းထဲကိုစိုက်ပြီး ကြည့်နေကြတယ်။
``ဟာ… တွင်းထဲမှာ လက်လက်လက်လက်နဲ့ ရွှေတွေဖြစ်မယ်ကွ``
``မဟုတ်ဘူး၊ ပတ္တမြားခဲတွေ နေမှာပါ``
``ငါကတော့ စိန်ရောင်တွေတောက်နေတယ် ထင်တာပဲ``
``မဟုတ်ဘူးကွ၊ ရှေးဟောင်း ရတနာသိုက် တွေ့ပြီကွ``
တွင်းနှုတ်ခမ်းဝမှာ ဝိုင်းအုံပြီးကြည့်နေကြတဲ့ လူတွေအားလုံးဟာ တစ်ယောက်တစ်ပေါက်ပြောနေကြတယ်။ အားလုံးဟာလည်း ``လောဘ`` မျက်လုံးတွေ ကိုယ်စီနဲ့ပေါ့။
အဲဒီအချိန်မှာ လူတစ်ယောက်က ပြောပြောဆိုဆို တွင်းထဲကို ခုန်းဆင်းမယ်လုပ်တယ်။
``ဟိတ်ကောင်.. မင်းမဆင်းနဲ့၊ ငါ အရင်ဆင်းမယ်။ ငါအရင်.. ရောက်တာကွ``
``ဘယ်ရမလဲ၊ ဒီလိုဆိုရင် ငါအရင် ဆင်းရမှာကွ``
``ဒီတွင်းပေါက်ဝကို မင်းထက်ငါအရင် ရောက်တာလေ``
ဘာမပြော ၊ ညာမပြောနဲ့ လူတစ်ယောက်ဟာ တွင်းထဲကို ``ဝုန်းခနဲ`` ခုန်ဆင်းလိုက်ပါတော့တယ်။
တွင်းအောက်ခြေကိုလည်းရောက်ရော… လင်းလက်နေတဲ့အရာတွေဟာ ရွှေတွေလည်းမဟုတ်ဘူး။ ပတ္တမြားတွေလည်းမဟုတ်ဘူး။ စိန်တွေလည်းမဟုတ်ဘူး။ မိုးရွာလို့မြေပြိုပြီး တွင်းထဲမှာရှိတဲ့ မြွေပွေးတွေ၊ မြွေဟောက်တွေ၊ အကောင်တွေ ပေါက်နေကြတာ။ `

`မြွေပွေး၊ မြွေဟောက်`` အကောင်ပေါက်တွေရဲ့ ``မျက်လုံး`` တွေအရောင်တောက်နေတာသာဖြစ်တယ်။ တွင်းထဲကို ရောက်နေတဲ့သူက တွင်းအပေါ်ကိုအော်ပြီး ပြောလိုက်တယ်။
``ဟိတ်ကောင်တွေ.. ဆင်းမလာကြနဲ့။ ရွှေတွေ၊ စိန်တွေမဟုတ်ဘူးကွ။ ``မြွေပွေး``တွေရဲ့မျက်လုံးတွေ။ ``မြွေဟောက်`` တွေရဲ့မျက်လုံးတွေ၊ သူတို့မျက်လုံး တွေရဲ့ အရောင်တွေကို ငါတို့က ``စိန်`` တွေထင်နေတာ။ ရွှေတွေ ထင်နေတာ။ ပတ္တမြားတွေ ထင်နေတာ။ ငါတို့ထင်သလို မဟုတ်ဘူးကွ။ တွင်းထဲကိုဆင်းမလာကြနဲ့။ ငါကိုတော့ မြွေကိုက်ကုန်ပြီ။ မင်းတို့ဆင်းမလာကြနဲ့``
တွင်းနှုတ်ခမ်းဝက လူတွေက မယုံကြဘူး။ ဒီကောင် တစ်ယောက်တည်းလိုချင်လို့ လိမ်ပြောတာပဲဖြစ်မယ်။ နောက်တစ်ယောက် ထပ်ခုန်ချလိုက်တယ်။
``ဟုတ်တယ်ဟေ့၊ ဆင်းမလာကြနဲ့ စိန်တွေမဟုတ်ဘူး။ ရတနာတွေလည်း မဟုတ်ဘူး။ သူပြောတာမှန်တယ်ကွ၊ ဒီကောင်သေနေပြီ။ ငါ့ကိုလည်း မြွေတွေက ဝိုင်းပြီး ပေါက်ကုန်ပြီ။ ``မြွေ``တွေရဲ့ မျက်လုံးတွေက။ သူတို့ရဲ့ မျက်လုံးတွေကို ငါတို့က ရတနာတွေလို့ ထင်နေတာ။ မင်းတို့ တွင်းထဲကို ဆင်းမလာကြနဲ့။ အားလုံးသေကုန်ကြလိမ့်မယ်``
တွင်းနှုတ်ခမ်းဝက လူတွေအားလုံးဟာ တွင်းထဲက လူတွေပြောတဲ့စကားကို မယုံကြဘူး။ ဒီနှစ်ကောင် အပိုင်စီးချင်လို့`` လီဆယ်``ပြီးတော့ ပြောတယ်လို့ပဲ ထင်နေကြတယ်။
ဒီလိုနဲ့……
တစ်ယောက်ပြီးတစ်ယောက် ခုန်ဆင်းလိုက်ကြတာ။ တွင်းနှုတ်ခမ်းဝက လူတွေ အကုန်လုံးတွင်းထဲမှာ သေကုန်ကြတော့တယ်။
*******
လူကြီးဆိုတာ…
မြွေတွေရဲ့ အရောင်တောက်နေတဲ့ မျက်လုံးတွေကို ``စိန်`` တွေမှတ်ပြီး၊ ရတနာတွေမှတ်ပြီး၊ တွင်းအနက်ထဲကို ခုန်ဆင်းခဲ့ဖူးတဲ့သူတွေ။
သူတို့က မြွေအကိုက်ခံရပြီးမှ တွင်းနက်ထဲကနေ အော်ပြောတဲ့ စကားဖြစ်တယ်။
ဒါကြောင့် ခုန်မဆင်းနဲ့လို့ ပြောတာ။
လူငယ်တွေက မယုံကြည်ဘူး။
ဒီတော့ ခုန်ဆင်းကြဦးမယ်ပေါ့။
*******
လူငယ်၊ လူလတ်၊ လူကြီးကို ဘယ်လိုအဓိပ္ပာယ် သတ်မှတ်သင့်သလဲ။
ကျွန်တော်ကတော့ ဒီလို အဓိပ္ပာယ်ဖွင့်ချင်တယ်ဗျာ။
မသိလို့လုပ်လိုက်မိတဲ့ အမှား၊ မှန်တယ်ထင်လို့ လုပ်လိုက်မိတဲ့အမှား၊ အမှားတွေကို အမှန်ဖြစ်အောင် ကြိုးစားရင်း ထပ်ပြီးမှားသွားမိတဲ့အမှား၊ မှားမှန်းသိရဲ့နဲ့ မထူးပါဘူးဆိုပြီး ဇွတ်တိုးပြီး မှားမိတဲ့အမှား.. အဲဒီအမှား တွေကို ရင်မှာပိုက်ပြီး
အမှားများစွာဖြင့် နောင်တ တရားများနဲ့ ရှင်သန်နေထိုင်သူကို လူကြီးဟုခေါ်သည်။
အမှားကို အမှားမှန်းမသိဘဲ အမှားကို အမှန်ထင်ပြီး အဲ့ဒီအမှားတွေနဲ့ ပျော်ရွှင်ကျေနပ်နေသူများကို လူလတ်ဟုခေါ်သည်။
အမှားများကို မှားရန်အတွက် ကြိုးစားပမ်းစား လိုက်လံရှာဖွေနေသူများအား လူငယ်ဟုခေါ်သည်။
ဒီတော့ …..
နောင်တနဲ့ ရင်းပြီး၊ အမှားနဲ့ရင်းပြီး ရထားတဲ့ ဘဝသင်ခန်းစာတွေကို လူငယ်တွေအတွက် မမှားဖို့လိုက်နာဖို့၊ ရှောင်ကြဉ်ဖို့၊ သတိပြုဖို့၊ ပြောကြားတာကို လူငယ်တွေ နားလည်သင့်တယ်။
တကယ်တော့…
အရောင်တောက်ပနေတဲ့ မြွေတွေရဲ့မျက်လုံးတွေကို စိန်ရွှေအမှတ်နဲ့ အရယူဖို့ကြိုးစားရင်း၊ ဆုံးရှုံးမှုတွေ၊ နောင်တတွေ၊ မျက်ရည်တွေ၊ ဆင်းရဲခြင်းတွေ၊ ခံစားချက်တွေနဲ့ရင်းလို့ သိလာခဲ့ရတဲ့ လူကြီးတွေရဲ့ ဆုံးမစကားကို လူငယ်လေးတွေ နားလည်စေချင်လို့ ဒီပုံပြင်လေးနဲ့ ပြောပြလိုက်ပါတယ်။
မယုံရင် တွင်းထဲ ကိုခုန်ဆင်းလိုက်။

ရွှေမန္တလေးဂျာနယ်
အမှတ်စဉ်(၂၆၅)၊ ၉.၆.၂၀၀၈။

``တွင်း`` စာအုပ်မှ ကောက်နှုတ်ဖော်ပြသည်။

**ဦးဘုန်း(ဓာတု)မန္တလေး**

*Don't worry. Be Happy ,*
**From-Moe Moe**.

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)