**နိုင်ဂျီးရီးယား အမြန်လမ်းမကြီး၌ ဘတ်စ်ကားနှစ်စီးတိုက်မိ၊၁၆ ဦးသေဆုံး**
နိုင်ဂျီးရီးယားနိုင်ငံ အမြန်လမ်းမကြီးတစ်ခု၌ နိုဝင်ဘာ ၈ ရက်က ဘတ်စ်ကားနှစ်စီးတိုက်မှုဖြစ်ပွားပြီးနောက် ၁၆ ဦးသေဆုံးသွားခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားသည်။ အဆိုပါဖြစ်ပွားမှုသည်။ နိုင်ဂျီးရီးယားနိုင်ငံအလယ်ပိုင်း ကိုဂီပြည်နယ်ရှိ အမြန်လမ်းမကြီးတွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီးသည် အခြားကားတစ်စီးကို ကျော်တက်ရန် ကြိုးစားစဉ် အရှိန်ပြင်းစွာမောင်းနှင်မှုကြောင့် ရှေ့မှ မောင်းနှင်လာသော ဘတ်စ်ကားတစ်စီးနှင့် ခေါင်းချင်းဆိုင်တိုက်မိခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
**ကိုလံဘီယာနိုင်ငံ၌ မြေပြိုမှုကြောင့်သေဆုံးသူ ၄၄ ဦးရှိ**
(ဘိုဂိုတာ၊ နိုဝင်ဘာ ၉)
မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် နိုဝင်ဘာ ၅ ရက်က လူနေအိမ် ၁၄ လုံး မြေပိခံရသည်အထိ မြေပြိုမှုများဖြစ်ပွားခဲ့ကြောင်း ကိုလံဘီယာကြက်ခြေနီအဖွဲ့မှ ဂျူအန်မင်ညူရယ်အိုဆိုရီယိုက ပြောကြားသည်။ နာရီအတန်ကြာ ပိတ်မိပြီးနောက် လူ ၁၆ ဦးကို ဆွဲထုတ်ကယ်ဆယ်နိုင်ကြောင်း ကြက်ခြေနီအဖွဲ့ဝင်များသည် အသက်ရှင်လျက် နောက်ဆုံးတစ်ယောက်သို့မဟုတ် နောက်ဆုံးအလောင်းရရှိသည်အထိ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဂျူအန်မင်ညူရယ်အိုဆိုရီယိုက ပြောကြားလိုက်သည်။ (အင်တာနက်)
**တရုတ်နိုင်ငံတွင် တိုယိုတာကားများပြန်လည်သိမ်းယူမည်**
(ပေကျင်း၊ နိုဝင်ဘာ ၉)
၂၀၀၄ ခုနှစ်လ ဇွန် ၁ ရက်မှ ၂၀၀၅ ခုနှစ် မတ် ၃၁ ရက်ကြား ထုတ်လုပ်ခဲ့သည့် Lexus RX 300 တိုယိုတာကားများပြန်လည်သိမ်းဆည်းခြင်းကို လာမည့် ဒီဇင်ဘာ ၁ ရက်တွင် စတင်လုပ်ဆောင်မည်ဖြစ်သည်။
ယခုလိုကားများ ပြန်လည်သိမ်းဆည်းရသည်မှာ စက်ပိုင်းဆိုင်ရာ ဖွဲ့စည်းတည်ဆောက်မှုစနစ် လွဲမှားနေ၍ဖြစ်သည်။
ယင်းအပြင် ပါဝါစတီယာရင်စနစ်လည်း လုံခြုံစိတ်ချရမှု နည်းပါး၍ လည်းဖြစ်ကြောင်း တရုတ်နိုင်ငံ၏ အထွေထွေစီမံ
ခန့်ခွဲရေးနှင့် အရည်အသွေးကြပ်မတ်မှုအဖွဲ့က ၄င်းပိုင် ၀က်ဘ်ဆိုက်တွင် ထုတ်ပြန်ဖော်ပြခဲ့သည်။ (အင်တာနက်)
**အင်္ဂါဂြိုဟ်လေ့လာရေး တရုတ်အာကာသယာဉ် အောင်မြင်စွာ လွှတ်တင်**
(ပေကျင်း၊ နိုဝင်ဘာ ၉)
တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်လေ့လာရေး ယင်ဂူး - ၁ အာကာသယာဉ်ငယ်ကို ကာဇက်စတန်ရှိ ဘိုင်ကိုနောရုရှားအာကာသစခန်းမှ နိုဝင်ဘာ ၉ ရက်နံနက်က အောင်မြင်စွာ လွှတ်တင်လိုက်ပြီဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ထုတ်ပြန်ကြေညာသည်။ ယင်းအာကာသငယ်ကို ရုရှားဖို့စဘို့စသ်ရဂရန့် အာကာသယာဉ်ပေါ် ချိန်ဆက်ကာ ဇီးနစ် - ၂ အက်စ်ကီးဒုံးပျံဖြင့် နိုဝင်ဘာ ၉ ရက် နံနက် ၄ နာရီ ၁၆ မိနစ်က လွှတ်တင်ခြင်းဖြစ်သည်။ အဆိုပါအစီအစဉ်မှာ အင်္ဂါဂြိုဟ်၏ အရံဂြိုဟ်များဖြစ်သည့် လနှစ်စင်းအနက် ပိုမိုကြီးမားသည့်လ (ဖိုးဘို့စ်)ကို လေ့လာမည်ဖြစ်သည်။ ရုရှားဖို့ဘို့စ်ဂရန့် အာကာသယာဉ်နှင့် ချိန်ဆက်မှုဖြုတ်ချပြီးောနက် ယင်းဂူး - ၁ အာကာသယာဉ်ငယ်သည် ရှေ့နှစ်ဆောင်းဦးပေါက်တွင် အင်္ဂါဂြိုဟ်ကို စတင်လှည့်ပတ်ပျံသန်းကာ အချက်အလက်များ စုဆောင်းမည်ဖြစ်သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:
Post a Comment