ရှေးတုန်းက မြို့ကြွက်တစ်ကောင်ဟာ ဆွေမျိုးတော်စပ်သူရှိတဲ့ တောရွာကို အလယ်
သွားသတဲ့ ။ဆွေမျိုးဖြစ်သူက ရိုးသားပွင့်လင်းတယ်၊မြို့ကမိတ်ဆွေရောက်လာတော့ ခင်ခင်မင်မင် ၀မ်း ပမ်း တသာ ဧည့်ခံသတဲ့။ပဲသီးတို့၊၀က်ပေါင်သားတို့၊ဒိန်ခဲတို့၊ ပေါင်မုန့်တို့နဲ့ အကုန် ချကျွေးသတဲ့။ဒါပေမယ့် ကြည်ဖြူပျုငှာစွာ
ကျွေးတာပဲဖြစ်တယ်။
မြို့ကြွက်က နှစ်ခေါင်းရှည်ရှည်ကို ရှုံ့လိုက်ပြီး အစားအစာကို ကြည့်ရင်းဆိုတာက “အဆွေရယ်၊ငါနားမလည်နိုင်လောက်အောင်ပါပဲ၊ဒီလို အစားအသောက်တွေနဲ့ မင်းဘယ်လို နေနိုင်သလဲ၊ဒါပေမယ့်
တောဆိုတော့လဲ စားကောင်းကောင်းသောက်ဖွယ်တွေ ဘယ်ရှိ မလဲလေ၊ငါနဲ့မြို့မှာ လိုက်နေပါလားကွာ၊မြို့မှာ တစ်ပတ်လောက် နေပြီးတဲ့အခါ တောမှာလို နုံနုံချာချာ နေရတဲ့ဘ၀မှာ အမြဲမနေဖို့ မင်းစဉ်းစားတတ်လာလိမ့်မယ်”
ပြောနေကြာပါတယ်လေ ကြွက်နှစ်ကောင်ဟာ မြို့ကို လာခဲ့ရော ၊ညမိုးချုပ်မှာ မြို့က ကြွက်ရဲ့ အိမ်ဆီ ရောက်လာသတဲ့။
“ခရီးဝေးက လာတာဆိုတော့ မင်းအနားယူချင်နေမှာပဲ”
ယဉ်ကျေးသိမ်မွေ့တဲ့ မြို့ကြွက်ဟာ ပြောဆိုရင်း သူ့မိတ်ဆွေကို ခန်းနားလှတဲ့ ဧည့်ခန်းဆီ ခေါ်သွားသတဲ့၊အထဲရောက်တော့ စားကောင်းသောက်ဖွယ် အကျန်တွေ တွေ့ပြီလေ၊မကြာမီ ကြွက်နှစ်ကောင်ဟာ ကျောက်ကျောမုန့်တွေ၊ကိတ်မုန့်တွေနဲ့ အရသာကောင်းပေ့ဆိုတဲ့ စားဖွယ်ရာတွေကို စားကြရောတဲ့ ။
သူတို့ဟာ မာန်မဲပြီး ဟောက်သံကို ရုတ်တရက် ကြားလိုက်တဲ့အခါ တောကြွက် ကမေးတာပေါ့။
“ဘာပါလိမ့်”
“အိမ်ကခွေးပေါ့ကွာ”
“ဘယ်နှယ်ကွာ၊ညစာစားတုန်း ဒီလိုသီချင်းသံမျိုး မကြားချင်ဘူး”
ဒီတုန်းမှာပဲ တံခါးပွင့်သွားပြီး ခွေးဘီလူးကြီး နှစ်ကောင် ၀င်လာလို့ ကြွက်နှစ်ကောင် ခုန်ဆင်းပြေးရသတဲ့ ။
အဲဒါကြောင့် တောကြွက်ကမြို့ကြွက်ကို ဆိုခဲ့တာပေါ့။
“ရွာကိုပြန်တော့မယ် မိတ်ဆွေရေ”
“အလို ရွာပြန်တော့မယ် မြန်လှချီလား”
တောကြွက်ဆိုခဲ့တာက “ မြန်မြန်ပဲကွာ” တဲ့
"စားကောင်းသောက်ကောင်း ခိုးဝှက်စားနေရခြင်းထက် ရိုးရိုးအစားအစာကို အေးချမ်းစွာ စားသောက်ရခြင်းက
ပိုကောင်းသည်တဲ့။
--
အားလုံးပျော်ရွင်ပါစေ
** မာမာ**

No comments:
Post a Comment