**အဆိုတော်**
ဂီတပဒေသာပွဲ ဖြစ်သည်။
တက်သစ်စ အဆိုတော် အမျိုးသမီး ထွက်လာပြီး သီချင်းတစ်ပုဒ်နှင့် ဖျော်ဖြေသည်။ သီချင်း
ပြီးသောအခါ ပရိသတ်ကို ဦးညွှတ်လိုက်ပြီး စင်မြင့်ပေါ်မှ ထွက်ရန် ပြင်သည်။ ဤအချိန်တွင်
ခန်းမထဲမှ 'ဝမ်းစမိုး၊ ဝမ်းစမိုး' ဆိုသော အသံကို ကြားရသည်။ အဆိုတော် အမျိုးသမီးသည်
ဝမ်းသာစွာဖြင့် နောက်သီချင်းတစ်ပုဒ်ကို ဆိုသည်။ ပြီးသောအခါ ဦးညွှတ်ပြီး စင်မြင့်မှ
ထွက်ခွာရန် လုပ်သည်။

ခန်းမထဲမှ စောစောက အသံ ထပ်မံ ထွက်ပေါ်လာသည်။ 'ဝမ်းစမိုး၊ ဝမ်းစမိုး'
။ အဆိုတော်ထပ်ဆိုသည်။ ပြီးသော အခါနောက်တစ်ပုဒ်ဆိုရန် တောင်းဆိုခြင်းခံရသည်။ ဤအတိုင်း
အကြိမ်များစွာ ဖြစ်လာသောအခါ နောက်ဆုံးတွင် အဆိုတော်က ပြောသည်။
"ကျွန်မကို အခုလို လက်ခံတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်ရှင် ကျွန်မ
မောလှပြီ။ ကျွန်မကို ခွင့်ပြုပါတော့"
ဤစကားကို ကြားသည်နှင့် ပရိသတ်အားလုံး သံပြိုင် အော်လိုက်ကြသည်။
"ဆက်ဆို။ ဆက်ဆို။ အဆိုမတက်မချင်း ဆက်ဆို
**စောစောက ပြောရော့ပေါ့**
ရန်သူ၏ လက်ချက်ကြောင့် ခြေထောက်တွင် ဒဏ်ရာရသော စစ်ဗိုလ်ကို စစ်ဆေးရုံသို့
သယ်ဆောင်လာသည်။ ရောက်ရောက်ချင်း ¤င်းကို ခွဲစိတ်ခန်းထဲ သွင်းပြီး ခွဲစိတ်ရန်
ပြင်ဆင်ကြသည်။ နှစ်နာရီခန့် ကြာသွားသည်။ စစ်ဗိုလ်က သည်းမခံနိုင်တော့ဟန်ဖြင့်
မေးသည်။

"ခင်ဗျားတို့ ဘာဖြစ်လို့ ဒီလောက်တောင် ကြာနေရတာလဲ။ ဘာကို ရှာနေကြတာလဲ။
ဒဏ်ရာအပေါက်က သေးသေးလေး။ ဆယ်မိနစ်ချုပ်ရင် ပြီးတဲ့ ကိစ္စ "
"ကျွန်တော်တို့ ကျည်ဆန်ကို ရှာနေကြတာဗျ"
ဤစကားကို ကြာသော် လူနာစစ်ဗိုလ် ပေါက်ကွဲတော့သည်။
"စောစောက ပြောပါတော့လား။ ကျည်ဆန်က ကျွန်တော့် အိပ်ထောင်ထဲမှာ။ ရော့
**မကျေဘူးဟေ့**
လေထီးတပ်သားများ လေယာဉ်ပေါ်မှ တစ်ယောက်ချင်း လေထီးနဲ့ ခုန်ဆင်းနေကြသည်။
နောက်ဆုံးတွင် တပ်ကြပ်ကြီးနှင့် ရဲဘော်တစ်ဦးသာ ကျန်တော့သည်။ တပ်ကြပ်ကြီး
ခုန်ဆင်းရန် ပြင်သည်။ ရဲဘော်က ၄င်းကို အတင်းတားသည်။
"ဟင့်အင်း၊ ဟင့်အင်း။ ကျွန်တော် အရင်ဆင်းပါရစေ"
"ဟေ့ကောင် ဘာဖြစ်လို့လဲကွ"
"နောက်ဆုံးခုန်ဆင်းတဲ့ လူမှာ လေထီးမပွင့်တက်ဘူးလို့ အဘွားကပြောလို့"
"ဟာ။ ဒါအဓိပ္ပယ် လုံးဝမရှိတဲ့ စကားပဲ"
"မသိဘူး။ ကျွန်တော့်ကို အရင်ခုန်ဆင်းခွင့် ပြုပါ"
တပ်ကြပ်ကြီး တပ်သားကို အရင်ခုန်ဆင်းခွင့် ပြုလိုက်သည်။
ကောင်းကင်တွင် တပ်သားနှင့် လေထီးမပွင့်ပဲ အောက်သို့ ကျလာသော တပ်ကြပ်ကြီးတို့
ဆုံမိကြလေသည်။ တပ်ကြပ်ကြီးက အံကြိတ်ပြီးပြောသည်။
"ဟေ့ကောင်၊ မင်းအဘွားကို ပြောလိုက်။ နောင်ဘဝရောက်တဲ့အထိ သူ့ကို မကျေဘူးလို့
--
အားလုံးပျော်ရွင်ပါစေ
**မာမာ**

No comments:
Post a Comment