**(နိုဝင်ဘာ ၂၇၊၂၀၁၁၊မြတ်ညို-အလွတ်သတင်းထောက်)**
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်င အခြေစိုက် အခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖေါင်ဒေးရှင်း FED က ရေနစ်မြုပ်နေသော နေရာအနှံ့အပြားသို့ အစားအစာများ လှူဒါန်းပေးနေသည်။
တပြိုင်တည်းတွင် ရွှေတံွံတေးဆရာတော် ကလည်း မြန်မာအလုပ်သမားများ လာရောက်လှူဒါန်းထား
သည့် အစားအစာများ ကိုလည်း FED နှင့်အတူ လိုက်လံကူညီပေးသည်။
ဆရာတော်က“ ဒုက္ခရောက်နေကြတဲ့အချိန်မှာ လူမျိုးမရွေး ဘာသာမရွေး ပူးပေါင်းပြီးတော့ ကူညီကြတာ
ကောင်းပါတယ်။ တတ်နိုင်တာလေးတွေကို ၀ိုင်းဝန်းလုပ်ဆောင်ကြပါ’’ ဟု မိန့်တော်မူသည်။
မဟာချိုင် ၀တ်ခေါင်မေးဒေးယား ဘုန်းတော်ကြီးကျောင်းတွင် ရွှေတွံတေး ဆရာတော် အသျှင် ၀ါယမ နှင့်
ဘန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ BAT တို့ ပူးပေါင်း ဖွင့်လှစ်ထား
သော ရေဘေးကယ်ဆယ်ရေး ယာယီစခန်းသို့ ၄၂လက္မ တီဗွီတစ်လုံးနှင့် စလောင်းအပါအ၀င်၊ ရေတိုင်ဂီများ၊ထီခြင်းထောင်များအစားအစာများနှင့် အခြားလိုအပ်သည့် အသုံးအဆောင်များ ကိုလာရောက်လှူဒါန်းသည်။
FED ဒါရိုက်တာ ဦးထူးချစ်က “ထိုင်းမှာ ဘေးဒုက္ခ တစ်ခုခုကြုံလိုက်ရင် ထိုင်းလူမျိုးပြီးရင်
ဒုတိယ အခက်အခဲဖြစ်တာက မြန်မာအလုပ်သမားတွေဖြစ်တယ်၊ ထိုင်းလူမျိုးတွေအနေနဲ့ အကူအညီတွေကို အပြည့်
အ၀ ရရှိပေမယ့် မြန်မာအလုပ်သမားတွေ အနေနဲ့ အပြည့်အ၀ မရဘူး။ အလုပ်သမားအခွင့်အရေးတွေ အပိုင်းမှာလည်း ထိုနည်းအတိုင်းပဲဖြစ်တယ်။ ဒါကြောင့် ကျနော် တို့ လုပ်နေကြတာ ဖြစ်တယ်’’ ဟုပြော
သည်။
လက်ရှိ နေနစ်မြုပ်နေဆဲဖြစ်သော ဘန်ကောက်မြို့ ဖက်ကဆင်၊အုန်းနွဲ့စိုင်ဟတ်၊ဘန်ခေအပြင် ၊လမ်းစစ်လေယာဉ်ကွင်းအနီးတွင်ရှိသော မွတ်ဆလင် ဦးရေ ၆၀၀ ကျော်တို့
ကိုလည်း ဆရာတော်နှင့်အတူ ဦးထူးချစ်တို့ အစားအစာ သောက်ရေများ သွားရောက်လှူဒါန်းကြသည်။
ဝတ်ခေါင်မေးဒေးယားဘုန်းတော်ကြီးကျောင်းတွင် အစားအစာများ ကိုဝယ်ယူစုဆောင်းလျှက် လာမည့်
၂ရက်အတွင် အယုဒ္ဓ နှင့် အခြားကျန်နေသည့် ရေဘေးသင့်နေရာများသို့ ဆက်လက်လှူဒါန်းနေဦးမည်
ဖြစ်ကြောင်း သိရှိရသည်။

No comments:
Post a Comment