ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, December 27, 2011

ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်း 06B အား THANE(သိန်း)ဟု အမည်ပေးပြီ

>
**(By mmweather.ygn, on December 27th, 2011)**

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း 06B(SIX) အား အလှည့်ကျ မြန်မာအမည် “သိန်း” (THANE) ဟု ပေးလိုက်ပြီဖြစ်ပါသည်။
မုန်တိုင်း THANE(သိန်း) သည် ပိုမိုအားကောင်းလာပြီး လွန်ခဲ့သည့် ၆ နာရီအတွင်း အနောက်-အနောက်မြောက်ဘက်သို့ တစ်နာရီ ၅ မိုင်နှုန်းကျော်ကျော်ဖြင့် ရွေ့လျားခဲ့ကြောင်း၊ တည်နေရာ ခန့်မှန်းချက်မှာ -
• မြန်မာနိုင်ငံ ပုသိမ်မြို့ အနောက်တောင်ဘက် မိုင် ၆၀၀ ခန့်၊
• ကျောက်ဖြူမြို့၏ တောင်-အနောက်တောင်ဘက် ၆၆၅ မိုင်ခန့်၊
• အိန္ဒိယနိုင်ငံ ချင်နိုင်း မြို့ အရှေ့ဘက် ၄၈၅ မိုင်ခန့်၊ ပို့ဘလဲယားကျွန်း-ပို့ဘလဲယားမြို့ အနောက်စူးစူး မိုင် ၃၇၀ ခန့် တွင် ဗဟိုပြုနေကြောင်း ဒီဇင်ဘာ ၂၇ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲ တွင် ရရှိသည့် NRL data များအရ သိရပါသည်။
မုန်တိုင်း “သိန်း” THANE သည် လာမည့် ၇၂ နာရီအတွင်း၊ ဒီဇင်ဘာလ ၂၉ ရက် မြန်မာစံတော်ချိန် ည ၂၄၃၀ နာရီ တွင် အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ်၊ ချင်နိုင်း မြို့တောင်ဘက်၊ Mahabalipuram နှင့် Covelong မြို့၂ မြို့ ကြားမှ အိန္ဒိယနိုင်ငံ အရှေ့ကမ်းရိုးတန်းအား ဖြတ်ကျော်ပြီး ကုန်းတွင်းသို့ ဝင်ရောက်နိုင်မည်ဟု ခန့်မှန်းထားပါသည်။

မုန်တိုင်း၏ အရွယ်အစားမှာ အချင်းမိုင် ၅၆၀ ခန့် ရှိသည့် အလွန်ကြီးမားသော အရွယ်အစားဖြစ်ပြီး၊ မုန်တိုင်းဗဟိုတွင် လေတိုက်နှုန်း တစ်နာရီ မိုင် ၅၀ မှ ၆၅ မိုင် အထိ ရှိနေပါသည်။ မုန်တိုင်းဗဟိုတွင် ဒီလှိုင်း အမြင့် ၁၄ ပေ ရှိမည်ဟု JTWC ခန့်မှန်းထုတ်ပြန်ချက်များတွင် ဖေါ်ပြထားပါသည်။
Tropical Cyclone 06B THANE – NRLdata
27 Dec 2011 0000Z (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂၇ ရက် နံနက် ၆နာရီခွဲ)
Location: 11.9 87.3
Winds: 45 knots
Central Pressure: 989 hPa
26 Dec 2011 1800Z (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂၇ ရက် နံနက် ၀၀၃၀ နာရီ)
Location: 11.6 87.7
Winds: 50 knots
Central Pressure: 985 hPa
26 Dec 2011 1200Z (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂၆ ရက် ညနေ ၁၈၃၀ နာရီ)
Location: 11.2 87.8
Winds: 40 knots
Central Pressure: 993 hPa

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)