ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, December 3, 2011

နံပါတ် 13 သို့မဟုတ် ကံမကောင်းသော ဂဏန်း

>
အတန်းပညာ မရှိသော တောခြုံအုံကြားမှ လူများမှ အစ၊ အတန်းပညာ မိုးထိအောင်မြင့်မားကြသော လူတန်းစားအထိအယူသီးမှုလေးများ ကိုယ်စီရှိကြသည်။ အယူသီးမှုတစ်ခုတိုင်းတွင် အခြေခံဇာစ်မြစ် ဇာတ်ကြောင်းကိုယ်စီတော့ ရှိနေကြသည်။ ပညာအဆင့်အတန်းနှင့် ဘ၀အနေအထား မည်သို့ပင် ရှိရှိ လူတိုင်းပင် တစ်ချိန်ချိန်တွင် အယူသီးမှု၏ ကျေးကျွန်ဖြစ်ကြရသည်။ အချို့သော အယူသီးမှုများကို လူအများစု လက်ခံကျင့်သုံးကြသည်ဖြစ်ရာ တစ်ခါတစ်လေ ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှု အစဉ်အလာဖြင့်ပင် လွဲမှားစွာ ခံယူသည်အထိ ဖြစ်ကြရသည်။ ထို့ကြောင့် အယူသီးမှုများ၏ ဇာစ်မြစ် နောက်ခံကို စူးစမ်းလေ့လာပြီး အယူသီးသင့်၊ မသီးသင့်ကို စဉ်းစားဆင်ခြင်အပ်ပေသည်။

အယူသီးမှုများအနက် ကမ္ဘာနိုင်ငံပေါင်းမြောက်များစွာက တစ်ညီတစ်ညွှတ်တည်း လက်ခံထားကြသော အယူသီးမှု တစ် ခုမှာ ကံမကောင်းသော နံပါတ် (13 ) ပင်ဖြစ်သည်။

13 ဂဏန်းနှင့် ပါတ်သက်ပြီး ကံမကောင်းစေသော ဂဏန်းအဖြစ် အယူသီးမှု၏ ဇာစ်မြစ်တစ်ခုကို ခရစ်တော်၏ နောက်ဆုံးညစာစားပွဲတွင် တွေ့ရှိရသည်။ 12 ယောက်သော သာဝကတို့ န်းရံထိုင်လျှက်ရှိသော ဆယ့်သုံးယောက်မြောက် ခရစ်တော်သည် ထိုညစာစားပွဲ၏ နောက်ရက်တွင် ကားစင်တင်ကာ ကွပ်မျက်ခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် 13 ဂဏန်းအားကံမကောင်းခြင်းနှင့် သေခြင်းတို့၏ နိမိတ်ဆိုးအဖြစ် မှတ်ယူခဲ့ကြသည်။

နောက်ထပ်တွေ့ရှိချက်တစ်ခုမှာ ရက်ထပ်နှစ်တွင် ရှိသော လပြည့်ရက် အရေအတွက်မှာ 13 ဖြစ်နေသည့်အတွက် ကံမ ကောင်းသော ဂဏန်းအဖြစ် ယုံကြည်ကြခြင်း ဖြစ်သည်။ သို့သော် ပြက္ခဒိန်လ တစ်ခုအတွင်း လပြည့်နှစ်ကြိမ်ဖြစ်ခြင်းမှာ ငါးနှစ်တစ်ကြိမ်မှသာ ဖြစ်ပေါ်လေ့ ရှိသည်။ ယင်းအဖြစ်အပျက်မျိုးအား 1940 ပြည့်နှစ်များဆီက မဂ္ဂဇင်းတစ်ခုတွင် အပြာရောင်လအဖြစ် မှားယွင်းစွာ ဖော်ပြခဲ့ဖူးသည်။

လူနာနှစ်ကို ရေတွက်ရာတွင် အသုံးပြုသော လ၏ သဘာဝလည်ပတ်မှုကြောင့် တစ်နှစ်တွင် ဆယ့်သုံးလရှိရမည်ဟု အ စောပိုင်းလူတို့ ယုံကြည်ခဲ့ကြသည်။ အင်္ဂလန်နိုင်ငံတွင် Tudor ခေတ်အထိ ပြက္ခဒိန်၏ ဆယ့်သုံးခုမြောက်လ၏ 28 ရက်တိုင်းတွင် တစ်ရက်အပိုထည့်သွင်းခဲ့ကြသည်။ ထိုသည်ကို တစ်နှစ်နှင့် တစ်ရက်( a year and a day ) ဟု မှတ်ယူခဲ့ကြသည်။ လူနီဆိုလာ ပြက္ခဒိန်တွင် ပုံမှန်အားဖြင့် 12 လသာ ရှိသော်လည်းပဲ နှစ်နှစ်၊ သို့မဟုတ် သုံးနှစ်မြောက် နှစ်များတွင်မူ 13 လ ရှိသည်။

13 ရက် သောကြာနေ့ အယူသီးမှုမှာ နော်ဝေးဒဏ္ဍာရီပုံပြင်မှ စတင်ခဲ့သည်။ ထိုဒဏ္ဍာရီသည် ဗယ်ဟာလာတွင် ကျင်းပ သော နတ်ဘုရား ဆယ့်နှစ်ပါးတို့၏ စားသောက်ပွဲအကြောင်း ဖြစ်သည်။ ယင်းပုံပြင်တွင် စားသောက်ပွဲအတွက် နတ်ဘုရား ဆယ့်နှစ်ပါးအား ဖိတ်ကြားထားခဲ့သည်။

သို့သော် မထင်မှတ်ပဲ မိစ္ဆာနတ် လိုခီသည် မဖိတ်ကြားပဲနှင့် ရောက်ရှိလာကာ စားပွဲတော်ကို ဖျတ်ဆီးပစ်ခဲ့သည်ဟု ဆိုသည်။ ပျော်ရွှင်မှုနှင့် ငြိမ်းချမ်းမှုတို့၏ နတ်ဘုရားဖြစ်သော ဘယ်လ်ဒေါအား အမှောင်ထု၏ နတ်ဘုရားဖြစ်သော မျက်မမြင် ဟို့ဒ်မှ မျှားနှင့် ပစ်သတ်မိစေရန် ဟိုခီက စီစဉ်ခဲ့သည်။ ငြိမ်းချမ်းပျော်ရွှင်
ခြင်း၏ နတ်ဒေ၀တာ ဘယ်လ်ဒေါ အသတ်ခံလိုက်ရသည့်အတွက် ကမ္ဘာကြီးမှာ မှောင်မဲမှုနှင့် ညည်းတွားငိုယိုမှုတွေသာ ကျန်ရှိတော့ခြင်း ဖြစ်သည်ဟု ယုံကြည်ကြသည်။

နောက် ဒဏ္ဍာရီတစ်ခုမှာ နော်ဝေးလူမျိုးတို့၏ လက်ထပ်ခြင်း နတ်ဘုရားဖြစ်သော Frigg ၏ ပုံပြင်ပင် ဖြစ်သည်။ သူမ သည် နောင်အခါတွင် သောကြာ (Friday) ဟု အမည်မှည့်ခြင်း ခံရမည့် အချစ်နတ်ဘုရား Freya နှင့် ရှုပ်ထွေးမိသည်။ နော်ဝေးလူမျိုးများနှင့် ဂျာမန်လူမျိုးများ ခရစ်ယာန်ဘာသာဝင်များအဖြစ် ပြောင်းလဲလာချိန်တွင် Freya သည် တောင် တန်းများဆီသို့ စုန်းအဖြစ် သွားရောက်နေထိုင်ရန် အပြစ်ပေးခြင်း ခံရသည်ဟု ယူဆလာကြသည်။ ထို့ကြောင့် သောကြာနေ့တိုင်းတွင် ဆယ့်နှစ်ယောက်သော စုန်းများနှင့် နတ်ဆိုးတစ်ပါးတို့ ပေါင်းစုံကာ မိစ္တာစေတမန် ဆယ့်သုံးဦး ဖြစ်လာကြသည်ဟု ယုံကြည်ကြသည်ဟု ဆိုသည်။

13 ခု၊ ယောက်ရှိသော အုပ်စုတစ်ခုအား နှစ်ခု၊ သုံးခု၊ လေးခု၊ သို့မဟုတ် ခြောက်ခုအဖြစ် အညီအမျှ ခွဲဝေသည့်အခါ တိုင်းတစ်ခု၊ တစ်ယောက်မှာ အမြဲ ကျန်ရှိနေသောကြောင့် ထို 13 ခုမြောက် ပုဂ္ဂိုလ်၊ ပစ္စည်းသည် ကံမကောင်းဖြစ်ရသည်ဟုရိုးရှင်းစွာ စဉ်းစားယုံကြည်ခဲ့ကြသည်။

တစ်ချို့မှာလည်း Knights Templar မဟာအဖွဲ့ခေါင်းဆောင် Jacques de Molay နှင့် သူ့အပေါင်းအပါ 60 ဦးတို့ 1307ခုနှစ် အောက်တိုဘာလ 13 ရက်နေ့တွင် ပြင်သစ်ဘုရင် ဖိလစ် 4 ၏ ကွပ်မျက်ခြင်းခံရခြင်းမှ 13 ဂဏန်းအား ကံမကောင်းစေသော ဂဏန်းအဖြစ် လက်ခံခဲ့ကြသည်ဟု ယုံကြည်ကြသည်။

- စကော့တလန်နိုင်ငံရှိ လေဆိပ်တိုင်းတွင် ဂိတ်နံပါတ် 13 မရှိပါ။ 13 နံပါတ်အစား 12B ကိုသာ ထားရှိသည်။
- လုဖ်သန်ဆာ လေယာဉ်အတွင်းတွင် ထိုင်ခုံတန်းများမှာ 12 ပြီးလျှင် 13 ကို ကျော်လွန်၍ 14 ကိုသာ တွေ့ရမည် ဖြစ်သည်။
- တစ်ချို့ အထပ်မြင့် အဆောက်အဦးများသည် 13 ထပ်ကို ကျော်၍ 14 ထပ်ဟု လည်းကောင်း 12a ဟုလည်းကောင်း ခေါ်တွင့်လေ့ရှိသည်။ လက်တွေ့ကိုသာ အလေးထားသော အမေရိကန်လို နိုင်ငံမျိုးတွင်ပင် 13လွှာကို ခုန်ကျော်သွားကာ 14 လွှာဟု နံပါတ်စဉ်ပေးတတ်သည်။
- တစ်ချို့သော လမ်းများတွင် အိမ်နံပါတ် 13 မရှိကြပေ။ ပြင်သစ်ပြည်တွင်မူ အိမ်နံပါတ် 13 လုံးဝကို မထားရှိပေ။
- အီတလီထီများတွင် 13 နံပါတ်ကို အသုံးပြုခြင်း မရှိပေ။
- စက်တပ်ယာဉ် ပြိုင်ပွဲများ ဥပမာ ဖော်မြူလာဝမ်းကဲ့သို့ ကားပြိုင်ပွဲများတွင် ကားနံပါတ် 13 မပါဝင်ပါ။
- ဘီစီ 1760 နှစ်တွင် ထုတ်ပြန်ခဲ့သော ဟမ်မူရာဘီ ဥပဒေသများတွင် ဥပဒေသ 13 မပါဝင်ခဲ့ပေ။
- အပိုလို 13 လွန်းပျံယာဉ်သည် ဧပရယ်လ 11 ရက်နေ့ 13:13 CST တွင် လွှတ်တင်ခဲ့ပြီးနောက် ပျက်ဆီးယိုယွင်းမှုများရှိလာသဖြင့် လကမ္ဘာသို့ ခြေမချနိုင်ခဲ့ပဲ ကမ္ဘာမြေပေါ်သို့ ပြန်လည်ဆင်းသက်ခဲ့ရသည်။
- ကမ္ဘာပေါ်တွင် အချမ်းသာဆုံးလူသားအဖြစ် 13 နှစ်ကြာ ရပ်တည်ခဲ့ပြီးနောက် မိုက်ကရိုဆော့၏ ဥက္ကဌဖြစ်သူ ဘီလ်ဂိတ်သည် အချမ်းသာဆုံးလူသားအဖြစ်မှ ရွေ့လျှောခဲ့ရသည်ဟု Forbes မဂ္ဂဇင်း၏ 2008 ခုနှစ် ကမ္ဘာ့သန်းကြွယ်စာရင်းများအရ သိရှိရသည်။
- မိုက်ကရိုဆော့သည် Office 12 နောက်ပိုင်းတွင် Office 13 အစား Office 14 ကိုသာ ဆက်လက်ထုတ်ဝေသွားမည်ဟု အစီအစဉ်ဆွဲထားသည်။
- အွန်လိုင်းဂိမ်းဖြစ်သည့် Kingdom of Loathing ကို ဖန်တီးသူများသည် ငှင်းတို့၏ ပရိုဂရမ်များအတွင်း နံပါတ် 13 ထည့်သွင်းခြင်းကို ရှောင်ရှားခဲ့ကြသည်။

ထိုသို့ ကမ္ဘာတစ်ခုလုံးနီးပါးက 13 ဂဏန်းအား ရှောင်ရှားကြသော်လည်း ကံမကောင်းသော နံပါတ်အဖြစ် အယူသီးကြ သော်လည်းပဲ တရုတ်နိုင်ငံတွင်မှု ကံကောင်းစေသော ဂဏန်းအဖြစ် လက်ခံယုံကြည်ကြပြန်သည်။ အဘယ်ကြောင့်ဆိုသော် 13 အား တရုတ်အသံထွက်ဖြင့် ထွက်ဆိုသောအခါ ခိုင်မာသောဘ၀ဟုသော အသံထွက်ဖြင့် ဆင်တူသော ကြောင့် ဖြစ်သည်။

13 ဂဏန်းအား ကြောက်ရွံ့သော ရောဂါအမည်မှာ Triskaidekaphobia ဖြစ်ပြီး 13 ရက် သောကြာနေ့အား ကြောက်ရွံ့သော ရောဂါမှာ paraskavedekatriphobia ဖြစ်သည်။

အယူသီးမှုမဟုတ်ပဲ ယုတ္တိတန်သော ရှင်းလင်းချက်တစ်ခု ရှိလေသည်။ အသက်အာမခံကုမ္ပဏီများကို လေ့လာစစ်တမ်း ပြုမှုများအရ 13 ယောက်အုပ်စုတွင် တစ်ယောက်သည် 12 လ သို့မဟုတ် ဒီထက်စောသော အချိန်တွင် သေဆုံးသည် ဟူ၍ ဖြစ်သည်။

13 ဂဏန်းအား ကံမကောင်းသော ဂဏန်းအဖြစ် လက်ခံကျင့်သုံးလာသော လူများ၏ 60 ရာခိုင်နှုန်းမှာ ထိုအယူသီးမှု၏ နောက်ခံဇာစ်မြစ်ကို မသိရှိကြသူများဖြစ်သည်။ 13 ဆိုလျှင် လပ်ကီးမကောင်းဘူးဟုသော အယူသီးမှုသည် လူမျိုးစုများ ၏ ဓလေ့ထုံးတမ်း အစဉ်အလာကဲ့သို့ စွဲထင်လာကြသည်မှာ ယုံမှားဖွယ်ရာ မရှိပေ။

သင်သည်လည်းပဲ 13 ဂဏန်းကို ကြောက်ရွံ့သည်လား၊ ရှောင်ကျဉ်သူ တစ်ဦးပေလား၊ အဘယ်သို့သော အကြောင်းအ ချင်းအရာတို့ကြောင့် 13 ဂဏန်းအား ကံမကောင်းသော ဂဏန်းအဖြစ် လက်ခံယုံကြည်ပါသလဲ။ ထိုသည်မှာ ယုတ္တိတန် မှု ရှိပါသလား။ သင့်ဘ၀တွင် 13 ဂဏန်းသည် မည်သို့ စိုးမိုးနေပါသလဲ မေးစရာလေးတွေ ရှိလာမည် ထင်ပါသည်။

ချစ်ခင်စွာဖြင့်
**နန်းလေပြေနု**

Reference:
1. How did it Happen? by R.BRASCH
2. http://www.crystalinks.com/numerology.html

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)