အဆိုပါဗုံးဟုယူဆရသည့်အရာမှာ သုံးလက်မပတ်လည်ရှိ အစိမ်းရောင်ဆားကစ်ပြားပေါ်တွင် ထုလက်မ၀က်ခန့်ရှိ အဖြူနှင့်အနီ 9V ဓာတ်ခဲနှစ်လုံးကို တိပ်ဖြင့်ကပ်ထားပြီး အဆိုပါအရာကို ကား၏ အနောက်ညာဘက်အောက်နားရှိ လေးတွင် သွပ်နန်းကြိုးဖြင့် ချည်ထားသည်ကို ပိုင်ရှင်ဖြစ်သူဦးညီညီမှ ကားဆေးရာမှ တွေ့ရှိသဖြင့် သုဝဏ္ဏမြို့နယ်ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။
စစ်ဆေးရန်အတွက် တပ်မတော်အင်ဂျင်နီယာဌာနမှ ဗုံးကျွမ်းကျင်သူများက နေ့လည် တစ်နာရီ မိနစ်နှစ်ဆယ်အချိန်တွင် လာရောက်ခဲ့ပြီး အန္တရာယ်မရှိဘဲ ခြိမ်းခြောက်ရန်အတွက် တပ်ဆင်ခဲ့ခြင်းဖြစ်သည်ဟု အတည်ပြုခဲ့သည်။ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။
အဆိုပါကားသည် ပုံမှန်အားဖြင့် သိမ်ကြီးဈေးတွင် ညအိပ်ရပ်နားထားလေ့ရှိပြီး ယနေ့နံနက်တွင် သိမ်ကြီးဈေးမှ လှိုင်သာယာစက်မှုဇုံ၊ပန်းပဲတန်းမြို့နယ်များသို့သွားခဲ့ပြီး နေအိမ်သို့ပြန်အရောက်တွင်
ယခုကဲ့သို့တွေ့ရှိရခြင်းဖြစ်သည်။
**လင်းဇော်ထက်**
ဒီဇင်ဘာ ၃၀၊ ၂၀၁၁။ ။ ယနေ့နေ့လည်ခန့်တွင် သုဝဏ္ဏမြို့နယ်၊ ကျောင်းလမ်းသွယ်(၂)၊ နှင့် ယူကလစ်မြိုင်လမ်းနေ ဦးညီညီ၏ Townace အမျိုးအစားကားတွင် ဗုံးဟုယူဆရသည့် အရာတစ်ခုတွေ့ရှိသောကြောင့်စစ်ဆေးရာ ဗုံးအမှတ်ဖြင့် ထိတ်လန့်စေရန် ရည်ရွယ်တပ်ဆင်ထားသည့်အရာဖြစ်ကြောင်းတွေ့ရှိရသည်ဟု တာဝန်ရှိသူများကပြောသည်။
အဆိုပါဗုံးဟုယူဆရသည့်အရာမှာ သုံးလက်မပတ်လည်ရှိ အစိမ်းရောင်ဆားကစ်ပြားပေါ်တွင် ထုလက်မ၀က်ခန့်ရှိ အဖြူနှင့်အနီ 9V ဓာတ်ခဲနှစ်လုံးကို တိပ်ဖြင့်ကပ်ထားပြီး အဆိုပါအရာကို ကား၏ အနောက်ညာဘက်အောက်နားရှိ လေးတွင် သွပ်နန်းကြိုးဖြင့် ချည်ထားသည်ကို ပိုင်ရှင်ဖြစ်သူဦးညီညီမှ ကားဆေးရာမှ တွေ့ရှိသဖြင့် သုဝဏ္ဏမြို့နယ်ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။
စစ်ဆေးရန်အတွက် တပ်မတော်အင်ဂျင်နီယာဌာနမှ ဗုံးကျွမ်းကျင်သူများက နေ့လည် တစ်နာရီ မိနစ်နှစ်ဆယ်အချိန်တွင် လာရောက်ခဲ့ပြီး အန္တရာယ်မရှိဘဲ ခြိမ်းခြောက်ရန်အတွက် တပ်ဆင်ခဲ့ခြင်းဖြစ်သည်ဟု အတည်ပြုခဲ့သည်။ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။
အဆိုပါကားသည် ပုံမှန်အားဖြင့် သိမ်ကြီးဈေးတွင် ညအိပ်ရပ်နားထားလေ့ရှိပြီး ယနေ့နံနက်တွင် သိမ်ကြီးဈေးမှ လှိုင်သာယာစက်မှုဇုံ၊ပန်းပဲတန်းမြို့နယ်များသို့သွားခဲ့ပြီး နေအိမ်သို့ပြန်အရောက်တွင်
ယခုကဲ့သို့တွေ့ရှိရခြင်းဖြစ်သည်။
**လင်းဇော်ထက်**

No comments:
Post a Comment