တနင်္ဂနွေ
ဒီနှစ်သည် တနင်္ဂနွေသားသမီးများအတွက် အထူးကံကောင်းသောနှစ်ဖြစ်သည်။ ခြေတစ်လှမ်း ကုဋေတစ်သန်းဆိုသည့်အတိုင်း ခြေတစ်လှမ်းလှမ်းတိုင်း ကုဋေတစ်သန်းကောက်ရမည်။ စန်းအလွန်ပွင့်၍ ဆော်အရမ်းကြည်ပြီး ၀ိုင်းဝိုင်းလည်နေမည်။ သို့သော် စိုးမိုးကျော်မဟုတ်ပေ။ ရုပ်ဖြောင့်သလောက်ဆော်ကြည်မည်။
တနလာၤ
တနလာင်္သားသမီးတို့အတွက် ကံကောင်းသည်ဟု ပြော၍မရသော်လည်း ကံကောင်းနေမည်။ လမ်းလျှောက်လျှင် ဖိနပ်စီး၍ မိုးရွာပါက ထီးဆောင်းပါ။ အိမ်ထောင်ကျပြီး အမျိုးသားဖြစ်ပါက မိန်းမရှိမည်။ အမျိုးသမီးဖြစ်ပါက ယောကျာင်္းရှိမည်။ အကျိုးပေးသောအရောင်များမှာ - နီ ၊ စိမ်း ၊ ၀ါ ၊ ပြာ ၊ မဲနယ် ၊ လိမ္မော် ၊ ခရမ်း ၊ အနက် ၊ အဖြူ ၊ မီးခိုး ၊ အညို တို့ဖြစ်သည်။
အင်္ဂါ
ကံအလွန်ကောင်းမည်။ ရေသောက်လျှင်သေးပေါက်ပြီး ရေမသောက်ပါက ရေဆာမည်။ သို့သော် ထမင်းမစားပါက ဗိုက်ဆာမည်။ ဗိုက်ဆာလာပါက ထမင်းစားပါ။ ထမင်းစားရန် ထမင်း ၊ ဟင်း သို့မဟုတ် ပိုက်ဆံမရှိပါက ရေသောက်၍ဗိုက်မှောက်အိပ်ပါ။ သို့သော် အိပ်ရန်ခေါင်းအုံးတစ်လုံးရှိသင့်သည်။
ဗုဒ္ဖဟူး
ကျန်းမာရေးအတွက် ရေကိုကျိုချက်သောက်သုံးသင့်သည်။ ရေမကျိုနိုင်ပါက ရေသန့်ဝယ်သောက်ပါ။ ရေသန့်ဝယ်ရန်ပိုက်ဆံမရှိပါက လက်ဖက်ရည်ဆိုင်မှ ရေနွေးကြမ်းတောင်းသောက်ပါ။ လူကြီးဖြစ်ပါကအသက်ကြီး၍ လူငယ်ဖြစ်ပါက အသက်ငယ်မည်။ ရာထူးတိုးရန် ကိုယ့်အထက်လူကြီးများကို တုတ်နှင့်ရိုက်ပါ။
ကြာသာပတေး
ဒီနှစ်သည် ကြာသာပတေးသားသမီးများအတွက် ၂နာရီခွဲလောက် မတ်တပ်ရပ်နေပါက ညောင်းလာမည်။ ပြေးနေပါကမောမည်။ ကလေးသူငယ်များအဖို့ အိမ်ရှေ့ဝရံတာမှ ခုန်ချတိုင်းကစားသင့်သည်။ အလောင်းကစားအကျိုးမပေးသော်လည်း မောင်းလောင်းကအောင်မည်။

သောကြာ
လောင်းကစားလွန်စွာအကျိုးပေးမည်။ သို့သော် ထီမထိုးသင့် ချဲများများထိုးသင့်သည်။ အကျိုးပေးဂဏန်းများမှာ- ၉ ၆ ၃ ၂ ၅ ၁ ၄ ၇ ၈ ၀ တို့ဖြစ်သည်။ နှစ်လုံး သုံးလုံး များများထိုးပါ။ မပေါက်ပါက ပိုက်ဆံမရပေ။
စနေ
စနေသားသမီးတို့အတွက် ကံကောင်းသည်ဟု ပြော၍မရသော်လည်း ကံကောင်းနေပြန်မည်။ ရေချိုးပါက ဆပ်ပြာတိုက်ပါ။ သခွားသီးသုံးလုံးကို အစိမ်းလိုက်စားပါက ဗိုက်ပြည့်ပြီး လေထိုးမည်။ ဗိုက်ဆာသလောက်ထမင်းစားရမည်။
--
အားလုံးပျော်ရွင်ပါစေ
**မာမာ**

No comments:
Post a Comment