**ဘိုင်ယန်မြူးနစ်ကိုမန်စီးတီးနိုင်သော်လည်း ပြိုင်ပွဲမှထွက်ရပြီ**
(လန်ဒန်၊ ဒီဇင်ဘာ ၈)
ယင်းပွဲတွင် ဒေးဗစ်ဆီလ်ဗာနှင့် ယာယာတိုရေးးတို့က မန်စီးတီးအတွက် အနိုင်ဂိုးများ သွင်းယူပေးခဲ့သည်။ သို့သော်နာပိုလီက ဗီလာရီးရဲကို နှစ်ဂိုး ပြတ် ဖြင့် နိုင်လိုက်၍ မန်စီးတီးတို့ တတိယနေရာသို့ရောက်သွားခဲ့ခြင်းဖြစ်သည်။

ယင်းအုပ်စု(A)မှ ဘိုင်ယန်မြူးနစ်က ၁၃ မှတ်၊ နာပိုလီ ၁၁ မှတ်၊ မန်စီးတီး ၁၀ မှတ် ရရှိခဲ့သည်။ ယခုနှစ်ချန်ပီယံလိဂ်တွင် ပရီးမီးယားလိဂ်မှ ချယ်လ်ဆီးနှင့် အာဆင်နယ်တို့သာ ၁၆ သင်းအဆင့်ပြိုင်ပွဲသို့ တက်လာသည်။ (အင်တာနက်)

**လကြတ်မှုမြင်ကွင်း အကောင်းဆုံး မြင်တွေ့ရမည်**
(နန်နင်း၊ ဒီဇင်ဘာ ၈)
လာမည့်ဒီဇင်ဘာ ၁၀ ရက်တွင် လကြတ်မှုဖြစ်ပေါ်မည်ဖြစ်ရာတရုတ်နိုင်ငံ ပြည်သူများသည် လကြတ်မှုကို အကောင်းဆုံးမြင်တွေ့ရမည်ဖြစ်ကြောင်း၊ ထိုသို့ မြင်ကွင်းကောင်းစွာ ကြည့်ရှုခွင့်ရရန်မှာ ရာသီဥတုကောင်းမွန်ရန်လိုအပ်ကြောင်း တရုတ်သိပ္ပံအကယ်ဒမီကဒီဇင်ဘာ ၈ ရက်၌ သတင်းထုတ်ပြန်သည်။ ယင်းနေ့တွင် ကမ္ဘာ၏ ကမ္ဘာ၏အရိပ်သည် လပေါ်သို့ အပြည့်အ၀ကျရောက်မည် မဟုတ်ကြောင်း၊ လအပြည့်အ၀ကြတ်မည့် အနေအထားမျိုးမဟုတ်သော်လည်း လကြတ်မှုကိုထင်ရှားစွာ မြင်ရမည်ဖြစ်ကြောင်း တရုတ်အကာသသိပ္ပံပညာရှင် ၀မ်ရှိချောင်က ပြောကြားသည်။ တရုတ်နိုင်ငံတစ်ဝန်းတွင် ဒီဇင်ဘာ ၁၀ ရက်၌ မည်သည့်နေရာမှမဆို လကြတ်မှုကို မြင်တွေ့ရနိုင်ကြောင်း၊ ၂၀၁၁ ခုနှစ်ဇန်န၀ါရီ ၁၀ ရက်လကြတ်မှုဖြစ်ပေါ်ပြီးကတည်းက ယခုအကြိမ်သည် အကောင်းဆုံးမြင်တွေ့ရမည့် အခွင့်အရေးပင်ဖြစ်ကြောင်း၊ လကြတ်မှုသည် ၂၀၁၁ ခုနှစ်အတွင်း ဒုတိယအကြိမ်ဖြစ်ပေါ်ခြင်းဖြစ်ပြီး ယင်းနေ့ည ၈ နာရီ ၄၅ မိနစ်မှ စတင်ကာ ည ၁၀ နာရီ ၁၆ မိနစ်အထိ ကြာမြင့်မည်ဖြစ်ကြောင်း ၄င်းကပြောကြားသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မြင့်မောင်စိုး

No comments:
Post a Comment