**Public Health**
**ဖရဲသီးသည် အသားအရည်ကို လှပစေနိုင်**

လတ်ဆတ် သည့် ဖရဲသီးတစ်လုံးကို ယူ၍ အပေါက် ဖောက်ပြီး ထို အပေါက် ထဲ သို့ ဆန်လက် (၃)ဆုပ်၊ မြေဖြူ လက်တစ် ဆုပ်၊ ပရုတ် အနည်းငယ် သံပုရာ (၂) ဇွန်း ထည့်ပါ။ တစ်ပတ်ခန့်ထားပြီး အရိပ် အောက်တွင် အခြောက်ခံ အမှုန့်ပြုပါ။ ဆေးမှုန့်၊ လက်ဖက်ရည် (၁) ဇွန်းကို နွားနို့အနည်းငယ်ရောပြီး အသားအရည် လိမ်းဆေးတစ်လက်အဖြစ် အသုံးပြုနိုင် ပါသည်။
**နနွင်းကိုသောက်သင့်**
နှလုံးသွေးကြောရော၈ါခံစားနေရသူ များ၊ ဆေးလိပ်သောက်သုံးသူများ၊ ကိုလက် စထရောများ သူများ နနွင်းကိုသောက် သုံးသင့်ပါသည်။ နနွင်းတွင် ကာကူမင် (crcumin) ခေါ် ပစ္စည်းတစ်မျိုးပါဝင်ပြီး ထိုပစ္စည်းမှာ ရောဂါတိုက်ဖျက်နိုင်သည့် ပစ္စည်းဖြစ်ပါသည်။
**သွေးတိုးနှင့် ကြက်သွန်နီ**

ကြက်သွန်နီ သတ္တုရည် လက်ဖက် ရည်ဇွန်း တစ်ဇွန်း၊ ပျားရည်လက်ဖက်ရည် ဇွန်း တစ်ဇွန်း ကို ရောစပ်သောက်သုံးပေး ပါက သွေးတိုးကျစေသည်။ ကြက်သွန်နီသတ္တုရည်၊ ပျားရည်၊ ချင်းသတ္တုရည် သုံးမျိုးကို ဆတူရော သောက်ပေးပါက သွေးဖိအားတိုးခြင်းနှင့် ကိုလက်စထရောပမာဏကို လျော့ကျစေ နိုင်သည်။
**အစာအိမ်အတွက် စမုန်နက်**
အစာအိမ်ရောဂါများတွင် စမုန်နက် အမှုန့်ကို ၆ ဂရမ်မှ ၁၀၈ ဂရမ်ထိ အစာစားပြီးနောက် ကျွေးပေးပါက အူ လမ်းကြောင်းကို သန့်ရှင်းစေပြီး အစာ မကြေခြင်းကို ပျောက်ကင်းစေသည်။
**ကြက်ဆူနှင့် ဓမ္မတာ**
ဓမ္မတာချုပ်၍ ဆင်းရန်ခက်ခဲသော ဓမ္မတာတွင် ကြက်ဆူပင်အရွက်ကို ဆီးခုံ ၌ ကပ်ပေးပါက ဓမ္မတာကို ဆင်းစေ သည်။
**သန်းထူသူများအတွက် ဗာဒံဆန်**
ဗာဒံဆန် (၁၀)ခုခန့်ကြိတ်ပြီး သံပုရာရည် (၂) ဇွန်းခန့်ရောစပ်ပြီး ဦးရေ ပြားကို လိမ်းကျံပေးက သန်းများကို သေ စေနိုင်သည်။
Ref:Health Care Journal
**မေမွန်ကျော်*

No comments:
Post a Comment