မင်္ဂလာပါခင်ဗျာ။ ။ သိကြတဲ့အတိုင်းပါပဲ။ ထိုင်းနိုင်ငံတ၀ှမ်းရေကြီးနေကြတာတွေရယ်၊ ရေဘေးဒဏ်ခံရတဲ့ ထိုင်းနိုင်ငံသားတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအကြောင်းတွေရယ်က သတင်းတွေမှာ အကုန်အစုံကြားနေရတာပါပဲ။ ကူညီသူတွေကလည်း ကိုတတ်နိုင်တဲ့အပိုင်းက ၀ိုင်းဝန်းကူညီနေကြတာပါပဲ။ အခုလည်းကြည့်ပါ။ ထိုင်း-မြန်မာရွှေ့ပြောင်းအလုပ်သမား အလွှာပေါင်းစုံတို့နဲ့၊ မြန်မာသံဃာအချို့က စေတနာ၊ မေတ္တာတွေ သွန်းလောင်းလိုက်တာက အလှူငွေက (၂၅၇၀၀) ဘတ်တဲ့။ ကောက်ခံရရှိတဲ့ စားရေရိက္ခာတွေက ဘတ်(၂)သောင်းလောက်ရှိသတဲ့။ အဲဒီတော့ စုစုပေါင်းဘတ်(၅)သောင်းလောက်ရှိတဲ့ အထဲကဒီကနေ့ မှာတော့ မဲဆောက်မြို့ပိုင်-နိုင်ပရီချာကျိုင်ဖက်ဆီကို အဲဒီအထဲက ထက်ဝက်လှူဒါန်းပြီးကျန်တဲ့တစ်ဝက်ကိုတော့မဟာချိုင်ဒေသက ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားတဲ့ ရွှေတွံတေး
ဆရာတော်ဦးဝါယမတို့ဆီကို လှူဒါန်းမှာဖြစ်ပါတယ်။ ကဲ...ဟောဒီဓာတ်ပုံတွေက ပစ္စည်းပစ္စယတွေကို မဲဆောက်မြို့ပိုင်ရုံးထဲနေရာချနေကြပုံတွေ၊ မဲဆောက်မြို့ပိုင်ဆီကိုလှူဒါန်းနေကြပုံတွေကို အမှတ်တရဖော်ပြလိုက်ပါတယ်။
(မဲဆောက်မြို့ပိုင်ရုံးထဲနေရာချနေကြ)
(အလှူခံပစ္စည်းများ ယာယီထားရှိရာကျောင်းသစ်ဘုန်းကြီးကျောင်းမှာ အမှတ်တရ)
(မဲဆောက်မြို့ပိုင်-နိုင်ပရီချာကျိုင်ဖက်နဲ့၊ အကျိုးဆောင်အဖွဲ့ဝင်တွေစကားစမြည်ပြောနေကြစဉ်)
သြော် .... ပြောလက်စနဲ့ ပြောရအုံးမယ် ။ ဘန်ကောက် ဒေသမှာ ထိုင်းဥပဒေအရ တနေ့ လုပ်အားခ ၂၁၀ဘတ်နဲ့ 
အိုတီ တနာရီကို ၃၈ဘတ်ရကြတာမို့ ထိုင်းနိုင်ငံမှာ ဘယ်လိုပင်ရေကြီးနေပေမယ့် ၂လ ၃လ အလုပ်မရှိကြပေမယ့်သိပ်ပြီးမှုစရာမလိုပါဘူး။ နဂို လုပ်ကိုင်ထားတာထဲက စုဆောင်းထားတာတွေကို အခုနေထုတ်သုံးနေကြတာပါပဲ။ကျနော်တို့ မဲဆောက်ဒေသဆိုတာက ထိုင်းဥပဒေအတိုင်းမရကြပဲ တနေ့ ၆၀-၇၀ဘတ်သာရကြတာမို့ ၂လ၃လမပြောနဲ့ ။၂ရက်၃ရက်တောင်အလုပ်မရှိရင်ပိုက်ဆံမရှိကြဘူးလေ။
ဒီလိုဝင်ငွေအလွန်နည်းတဲ့ကြားထဲကလှူဒါန်းကြတာမို့ သာဓုခေါ်စရာပါခင်ဗျား။
**သတင်း - သောင်ရင်းနဂါး**

No comments:
Post a Comment