ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, December 29, 2011

လူထုကျန်းမာရေး (ကလေးများ အအေးမိခြင်း နှင့် ချောင်းဆိုးခြင်း )

>
**Public Health**

ကျွန်တော်သည် ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေ ရက်များ တွင် မနက် (၇) နာရီ မှ ၉ နာရီထိ ဆေးခန်းဖွင့်၍ ကုသပါ သည်။ မနက် (၇) နာရီ၊ (၅၀) မိနစ်ခန့် တွင် ဟိန္ဒူ ဘာသာဝင်၊ အသက် (၂၀) နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် (၁၀) လသား သမီး ကလေးကို ပွေ့ချီ၍ ဆိုင် ကယ်ရီဖြင့် အမြန်ရောက်ရှိလာပါသည်။ သမီးကလေးသည် ဝ၀ကစ်ကစ်လေးဖြစ် ပြီး ရောဂါအခြေအနေကိုမေးရာတွင် ကလေးသည် နှာစေး၊ ချောင်းဆိုးပြီး အအေးမိနေသည်မှာ ၃ ရက်ရှိပြီး၊ ၂ ရက်ခန့်လည်းဖျားနေပါသည်။
နီးစပ်ရာ ကွမ်းယာဆိုင်မှ စပ်ဆေးများဝယ်တိုက်ပြီး မုန်ညင်းဆီနှင့်ထက်လင်းရင်လူးဆေးများ ကို လူးလိမ်းထားပါသည်။ ညပိုင်းတွင် ကလေးသည်ြွေမတွန်သကဲ့သို့ တရွှီရွှီ မြည်ကာကြပ်ပြီး မရပ်မနားချောင်းဆိုးပါ သည်။ အဖျားတက်ပြီး ကျစ်ကျစ်တောက် ပူလာပါသည်။ မိခင်နို့ကိုလည်း ကောင်းစွာ မဆို့နိုင်သကဲ့သို့ အခြားအစားအဟာရနှင့် အရည်များလည်းဝင်အောင် မစားနိုင်၊ မသောက်နိုင်ပါ။
မကြာခဏအန်လာပြီး ကောင်းစွာမအိပ်နိုင်ပဲ တက်ချင်သလို ဖြစ် နေကြောင်းပြောပြပါသည်။ အိမ်သည် သက်ကယ်မိုး၊ ထရံကာ ဖြစ်ပြီး၊ တစ်ခြမ်း၌လူနေ၍ တစ်ခြမ်း၌ နို့စားနွားသုံးကောင်ကိုမွေးထားပါသည်။ ဆိတ် နှစ်ကောင် လည်းအိမ်တိုင် တွင်ချီ၍ မွေးထားပါသည်။ ထင်းမီးဖိုအသုံးပြုခြင်း၊ တိရစ္ဆာန်များခြင်မကိုက်စေရန် ဆနွင်းမှိုင်း တိုက်ခြင်းနှင့်ကလေးများခြင်မကိုက်စေရန် ခြင်ဆေးခွေများကို အိပ်ယာပတ်လည်တွင် ထွန်းခြင်းတို့ပြုလုပ်ပါသည်။ မိသားစု (၃) စု ဖြင့်လည်း ကြပ်တည်းစွာနေရကြောင်း လည်းရှင်းပြပါသည်။
ကလေးငယ်ကို စမ်းသပ်ကြည့်ရာ တွင် ဂဏှာမငြိမ်ဖြစ်နေခြင်း၊ အသက်ရှူ ရခက်ခဲနေခြင်း၊ နှာခေါင်းသည် ယွန်နှာ ခေါင်းကဲ့သို့ ပွစိပွစိဖြင့်ပြင်းထန်စွာရှူခြင်း နှင့်ပါးစပ်ဟ၍ ရှူနေရခြင်း၊ ခြေလက် လျှာတွင်အနည်းငယ်ပြာနေခြင်း၊ အဖျား တိုင်းရာတွင် (၁၀၃-၆) ဒီဂရီဖာရင်ဟိုက် ရှိခြင်း၊ အသက်ရှူနှုန်းသည် တစ်မိနစ် တွင် (၅၆) ကြိမ်ခန့်ရှိခြင်း၊ ရင်ဘတ်ချိုင့် ဝင်နေခြင်းနှင့်အဆုတ်ရှိသောရင်ဘတ်နေရာများ တွင် နားထောင်ရာ၌ မကောင်းသောအသံ များကိုကြားနေရခြင်းတို့တွေ့ရ၍ အသက် ရှူလမ်းကြောင်းနှင့်လတ်တလော ပိုးဝင် ခြင်း (သို့မဟုတ်) အဆုတ်အအေးမိ၊ အဆုတ်ရောင်ရောဂါလက္ခဏာများတွေ့ရှိ ရပြိး ကလေးဆေးရုံကြီးသို့အရေးပေါ် အသက်ကယ်ဆေးထိုးကာစေလွှတ်လိုက်ရပါ သည်။

ဆေးရုံ၌ အထူးကြပ်မတ်အခန်း တွင်ထားကာ၊ အောက်စီဂျင်နှင့်ချွဲစုပ်စက် များပေးခြင်း၊ အစွမ်းထက်သော ပဋိဇီဝ ဆေးများဖြင့်ကုသခြင်းတို့်ပြုလုပ်နိုင်၍သာ အသက်အန္တရာယ်မှ လွတ်ကင်းခဲ့ရပါ သည်။ အထက်ပါဟိန္ဒူဘာသာဝင် (၁၀) လရွယ်၊ သမီးကလေးအားကြည့်ရှူပြီး နောက်၊ အအေးမိခြင်းနှင့်ချောင်းဆိုးခြင်း သည် ပေါ့ဆ၍ မရနိုင်ကြောင်းသိရှိရပါ သည်။ ချောင်းဆိုးခြင်းကြောင့် အဆုတ် တစ်ခုလုံးရောင်ပြီး လေဝင်ထွက်ခြင်း။ အောက်စီဂျင်နှင့်ကာဗွန်ဒိုင်အောက်ဆိုဒ် လဲလှယ်ရာတွင် အခက်အခဲဖြစ်သွားခြင်း ကြောင့် အထူးစိုးရိမ်ရသောအနေအထား ဖြစ်နိုင်ပါသည်။ ချောင်းဆိုးချွဲထ၊ အအေး မိသောကလေးများကိုသတိပြုရန်ရေးသား ခြင်းဖြစ်ပါသည်။
ကျွန်တော်တို့နိုင်ငံတွင် ၅နှစ်အောက် ကလေးများ၌ အများဆုံးဖြစ်တတ်သော ရောဂါများနှင့်အသေအပျောက်အများဆုံး ရောဂါတွင် အအေးမိခြင်းနှင့်ချောင်းဆိုး ခြင်းလည်းပါဝင်ပါသည်။ အအေးမိခြင်း နှင့်ချောင်းဆိုးခြင်းတို့မှ တစ်ဆင့် နမိုးနီး ယားအဆုတ်ရောင်ရောဂါ၊ အဆုတ်အအေး မိရောဂါများဖြစ်နိုင်ပါသည်။ အဆုတ်အ အေးမိခြင်းကြောင့် ကလေးတစ်ဦးသည် လျင်မြန်စွာ အသက်ရှူနေရခြင်း (သို့မ ဟုတ်) အသက်ရှူရန်ခက်ခဲနေရခြင်းတို့ ခံစားရနိုင်ပါသည်။ အဆုတ်တွင်းပိုးဝင်ခြင်း ဖြစ်ပြီး ကလေးသည် တစ်သက်လုံးခံစား နေရမည့်ရောဂါလည်းဖြစ်နိုင်ပါသည်။ ချောင်းခြောက်များဆိုးနေသည့်ကလေး သည် အဆုတ်တွင် ရောဂါပိုးဝင်နေပြီး တီဘီရောဂါများလည်းရရှိနိုင်ပါသည်။ ဆေးလိပ်ငွေ့နှင့်မီးခိုးငွေ့များရှူနေရခြင်း သည် အသက်ရှူလမ်းကြောင်းတစ် လျှောက်တွင် အန္တရာယ်ရှိနိုင်ပါသည်။ မိဘ တိုင်းသည် မိမိကလေးအအေးမိခြင်း၊ ချောင်းဆိုးခြင်းဖြစ်ပါက လိုက်နာဆောင် ရွက်ရမည့်အချက်များကိုသိထားရပါမည်။ နှာစေး၊ ချောင်းဆိုးခြင်းသည် ကလေး များတွင်ဖြစ်ရိုး၊ ဖြစ်စဉ်လိုပဲဆိုပြီး သတိ မပြုပဲထားပါက ကလေးများသေဆုံးတတ် ပါသည်။ ၅ နှစ်အောက်ကလေးများ သေ ပျောက်ရာခိုင်နှုန်း (၃၀) ခန့်သည် ယခု ရောဂါကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ကျန်းမာရေးဌာန၊ ဆေးရုံဆေးခန်းသို့အချိန် မှီပို့ဆောင်ပြီး တတ်ကျွမ်းသောသူများနှင့် အချိန်မီကုသပေးသင့်ပါသည်။
(က)ကလေးများ၏အသက်ရှူ နှုန်း
မိဘတိုင်းသည် မိမိကလေး၏ အသက်ရှူခြင်းမြန်မမြန်နှင့်အသက်ရှူရာ တွင် ခက်ခဲမှုရှိမရှိကိုသတိထား၍ ကြည့် ရှူရပါမည်။ အသက်ရှူနှုန်းကိုကြည့်တတ် ပါက ပိုကောင်းပါသည်။ အသက်ရှူနှုန်းကိုရေတွက်ရန် က လေးကိုငြိမ်သက်စွာထားရပါမည်။ ကလေး ၏ ဝမ်းဗိုက်ကိုကြည့်၍ အသက်ရှူနှုန်းကို ရေတွက်ရပါမည်။ တစ်မိနစ်အတွင်းဝမ်း ဗိုက်ပိန်လိုက်ဖောင်းလိုက်လှုပ်ရှားမှုကို ကြည့်ရှုရပါမည်။ ကလေး၏ တစ်မိနစ် အသက်ရှူနှုန်းသည် တစ်မိနစ်အတွင်းဝမ်း ဗိုက်မြင့်တက်လာသောအကြိမ်ပေါင်းဖြစ်ပါ သည်။ ကလေးသည် ပုံမှန်ထက်ပို၍ မြန် မြန်အသက်ရှူနေခြင်းဖြစ်ပါက နီးစပ်ရာ ဆေးရုံဆေးခန်းသို့လျင်မြန်စွာ ပြသသင့်ပါ သည်။ (၂)လနှင့် အောက်ကလေးသည် တစ်မိနစ်တွင် အသက်ရှူနှုန်း (၆၀) ကြိမ် နှင့်အထက်၊ (၂) လမှ (၁၂) လသားက လေးသည် တစ်မိနစ်တွင် အသက်ရှူနှုန်း (၅၀) ကြိမ်နှင့်အထက်၊ ၁ နှစ်မှ ၅ နှစ်သား ကလေးသည် တစ်မိနစ်တွင် အသက်ရှူနှုန်း (၄၀) ကြိမ်နှင့်အထက်ပို ၍ ရှူနေရပါက အသက်ရှူနှုန်းမြန်သည် ဟု သတ်မှတ်ပါသည်။
(ခ) အိမ်၌ပြုစုစောင့်ရှောက်ရ မည့်အခြေအနေ
ကလေးသည် အအေးမိခြင်း၊ ချောင်းဆိုခြင်း၊ နှာရေယိုခြင်း၊ နှာစေးခြင်း၊ လည်ပင်နာခြင်းများရှိသော်လည်း၊ အသက်ရှူနှုန်းမှန်ကန်နေပါက ဆေးကုသ မှုမလိုအပ်သေးပဲ၊ အလိုအလျောက် ပျောက်ကင်းနိုင်သောကြောင့် အိမ်၌ပြုစု စောင့်ရှောက်၍ ရနိုင်ပါသည်။
(ဂ) ဆေးရုံ၊ ဆေးခန်းသို့ချက် ချင်းပြသရမည့်အခြေအနေ
ကလေးသည်ပုံမှန်ထက်ပို၍ လျင် မြန်စွာအသက်ရှူနေရခြင်း၊ ခက်ခက်ခဲခဲ အသက်ရှုနေရခြင်း (သို့မဟုတ်) ပါးစပ် ဟ၍ လေရှူသွင်းနေရခြင်း၊ ကလေး အသက်ရှူသွင်းသည့်အခါ နံရုံးအောက် ၇င်ဘတ်(သို့မဟုတ်) ရင်ညွန့်သည် ချိုင့် ဝင်နေခြင်း (သို့မဟုတ်) ကလေး၏ ဝမ်း ဗိုက်သည် ပိန်လိုက်ဖောင်းလိုက်ဖြစ်နေ ခြင်း၊ နှစ်ပတ်ထက်ကျော်ပြီးချောင်းဆိုး နေခြင်း၊ မိခင်နို့မစို့နိုင်ခြင်း၊ အရည်မ သောက်နိုင်ခြင်းနှင့်မကြာခဏအန်နေခြင်း တို့ဖြစ်ပေါ်ပါက နီးစပ်ရာဆေးရုံဆေးခန်း သို့သွားပြီး၊ တတ်ကျွမ်းသော ဆရာဝန်၊ ဆရာမများနှင့် အမြန်သွားပြန်ရန်လိုအပ် ပါသည်။
(ဃ) ကာကွယ်ခြင်း
(၁) ကလေးများကို အဆုတ်အအေး မိခြင်းနှင့် အခြားနာမကျန်းဖြစ်မှုများမှ ကာကွယ်ရန် ကလေးအသက် (၆)လ ပြည့်သည်အထိ မိခင်နို့တစ်မျိုးတည်း သာတိုက်ကျွေးရပါမည်။ နို့ဘူးတိုက်သော ကလေးသည် မိခင်နို့စို့ရသောကလေး ငယ်များထက် အဆုတ်အအေးမိရောဂါ (၂) ဆခန့်ပို၍ုဖြစ်ပွားပါသည်။
(၂) ကလေးတစ်နှစ်မပြည့်မီ ကာ ကွယ်ဆေးအပြည့်ထိုးထားပြီးဖြစ်ရပါမည်။ ကာကွယ်ဆေးထိုးထားခြင်းဖြင့် အများဆုံး ဖြစ်တတ်သည်။ အသက်ရှူလမ်းကြောင်း အတွင်းရောဂါပိုးဝင်၍ ဖြစ်သော ဝက် သက်ရောဂါ၊ အဆုတ်ရောဂါနှင့် ကြက် ညှာချောင်းဆိုးစသည့်ရောဂါအန္တရာယ် များမှ ကာကွယ်နိုင်ပါသည်။
(၃) ကျန်းမာရေးဝန်ထမ်းများပေး သော ဗိုက်တာမင်အေသည် အဆုတ်အ အေးမိခြင်းကိုကာကွယ်နိုင်ပါသည်။ ဗိုက် တာမင်အေကို မိခင်နို့၊ အသည်း၊ ငါး၊ နို့ထွက်ပစ္စည်း၊ ဥများ၊ လိမ္မော်ရောင်နှင့် အဝါရောင်အသီးအချို့နှင့်ဟင်းသီးဟင်း ရွက်များ၊ အစိမ်းရင့်ရောင်ရှိသော ဟင်း သီးဟင်းရွက်များတွင်တွေ့ရှိနိုင်ပါသည်။ အဟာရပြည့်ဝသည့်အစားအစာများကို ကျွေးခြင်းဖြင့် အဆုတ်အအေးမိပြီးအပြင်း အထန်နေထိုင်မကောင်းခြင်းကို ကာကွယ် နိုင်ပါသည်။
(၅) ကလေးများသည် မီးခိုးငွေ့ များ ပြည့်နှက်နေသည့်ပတ်ဝန်းကျင်တွင်နေထိုင် ပါက အဆုတ်အအေးမိခြင်းနှင့် အခြား အသက်ရှူခြင်းဆိုင်ရာ ပြဿနာများရှိနိုင် ၍ မီးခိုးငွေ့များကိုရှောင်ရပါမည်။ မိဘများ ဆေးလိပ်သောက်ခြင်း၊ ကလေးအနီးတွင် ခြင်ဆေးခွေများထွန်းခြင်းနှင့်အမှိုက်များမီးရှို့ ခြင်းတို့ကိုမပြုလုပ်ရပါ။
(၆) လူဦးရေများသော မိသားစု သည် အအေးမိ၊ ချောင်းဆိုးခြင်းပို၍ ပျံ့နှံ့ လွယ်ပါသည်။ ညအချိန်တွင် မိခင်နို့တိုက် သောကလေးငယ်ကို မိခင်နှင့် အတူ အိပ် စက်စေပြီး အရွယ်ကြီးလာသောကလေး များကိုမူ သီးခြင်းခွဲ၍ထားရပါမည်။
(၇) ချောင်းဆိုး (သို့မဟုတ်) နှာ စေးနေသောကလေးငယ်ကို အစာနှင့် အရည်အမြောက်အ များစားသောက်ရန် ချော့မော့၍ ကျွေးသင့်ပါသည်။
(၈) ကလေးကိုရာသီဥတုနှင့်မျှတ သောအဝတ်အစားမျိုးကိုဝတ်ပေးရပါမည်။ အဆုတ်အအေးမိမှာကြောက်လန့်ပြီး ကလေးကို အဝတ်အထူကြီးများဝတ်ပေး ခြင်းမပြုလုပ်ပါနှင့် အအေးမိ (သို့မဟုတ်) ချောင်းဆိုးနေသောကလေးငယ်ကိုနွေးထွေး စွာထားရပါမည်။ သို့ရာတွင်ပူလောင်အိုက် စပ်စွာမထားရပါ။
(၉) ကလေးငယ်ကိုအသက်ရှူ လွယ်ကူအောင်ကလေး၏ နှာခေါင်းကို မကြာခဏသန့်စင်ပေးရပါမည်။
(၁၀) ကလေးငယ်ကို လေကောင်း လေသန့်ရရှိသော အခန်းတွင်ထားရပါမည်။ အဆုတ်အအေးမိဖြစ်နေသောကလေးကို အိမ်မှာပြုစုရာတွင် အခန်းတံခါးကိုအကုန် ပိတ်ထားခြင်းမပြုလုပ်ပဲ၊ လေဝင်လေ ထွက်ရှိအောင်ဖွင့်ထားပေးပါ။
(၁၁) ကလေးငယ်အနီးနှာချေခြင်း၊ နှပ်ချေးညှစ်ခြင်းနှင့်တံတွေးထွေးခြင်းတို့ကို ရှောင်ပါ။
(၁၂) ကိုဒင်၊ အက်ဖီဒရင်းအစရှိ သော မူးယစ်ဆေးဝါးများပါသော ချောင်း ဆိုးပျောက်ဆေးများကိုမတိုက်ရပါ။
(၁၃) မိမိသဘောဖြင့် ပဋီဇီဝဆေး များနှင့်ချောင်းဆိုးရင်ကြပ်ပျောက်ဆေးများ ကိုမတိုက်ကျွေးပါနှင့်။
(၁၄) ဆေးရုံ၊ ဆေးခန်းမှ အဆုတ် အအေးမိခြင်းအတွက်ပဋိဇီဝဆေးများပေး ခဲ့ပါက ကလေးကို ညွှန်ကြားသည့်အတိုင်း ဆေးကုန်အောင်တိုက်ရန်အရေးကြီးပါသည်။ ကလေးသက်သာသည်ဆိုသော်လည်းဆေးကို ဆက်တိုက်ရပါမည်။
(၁၅) တိရစ္ဆာန်အညစ်အကြေးများ သည် အသက်ရှူလမ်းကြောင်းကိုထိခိုက် နိုင်၍ အိမ်နှင့်သီးခြားနေရာတွင်မွေးမြူပါ။

**ဒေါက်တာမြင့် သန်းထွန်း**

**From-မေမွန်ကျော်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)