**သူနဲ့ အတူတူမအိပ်ချင်ဘူး**
မြို့ပြအင်ဂျင်နီယာ၊ ဓာတုဗေဒပညာရှင်နှင့် စီးပွားရေးပညာရှင်တို့ ခရီးထွက်လာကြသည်။
တည်းခိုခန်းတစ်ခုတွင် ၀င်ရောက်တည်းခိုကြရာ အခန်းမှာနှစ်ခန်းသာကျန်တော့သဖြင့် တစ်ယောက်ကတော့ တင်းကုပ်တွင်အိပ်ရမည်ဟု
တည်းခိုခန်းပိုင်ရှင်ကပြောသည်။
အင်ဂျင်နီယာက သူအိပ်မည်ဟုဆိုကာ တင်းကုပ်သို့ထွက်သွားသည်။
ခဏအကြာတွင် တံခါးခေါက်သံကြားရပြီး အင်ဂျင်နီယာပြန်ရောက်လာသည်။
“တင်းကုပ်ထဲမှာ နွားရှိတယ်၊ ကျွန်တော်က ဟိန္ဒူဘာသာဝင် ၊
ကျွန်တော်တို့ရဲ့ယုံကြည်မှုအရ ဒီလိုအထွတ်အမြတ်ထားတဲ့
တိရိစ္ဆာန်နားမှာမအိပ်ရပါဘူး”
သို့နှင့် ဓာတုဗေဒပညာရှင်က သူသွားအိပ်မည်ဟုဆိုသည်။ သိပ်မကြာခင် သူလဲပြန်ရောက်လာသည်။
“တင်းကုပ်ထဲမှာ ၀က်တစ်ကောင်ရှိတယ်၊ ကျွန်တော်က ဂျူးလူမျိုး
ဒီလိုညစ်ပတ်တဲ့တိရိစ္ဆာန်နားမှာမအိပ်ချင်ဘူး”
နောက်ဆုံးတွင် စီးပွားရေးပညာရှင်သွားအိပ်သည်။

မိနစ်အနည်းငယ်အကြာ တံခါးခေါက်သံများကြားရသည်။
တံခါးခေါက်သံမှာ ကျယ်လောင်ပြင်းထန်လှသဖြင့် တံခါးဖွင့်ကြည့်ရာ ၀က်နှင့်
နွားကိုတွေ့ရသည်။
** lion lady**

No comments:
Post a Comment