**သြစတြေးလျနိုင်ငံ၌ ရေလွှမ်းမှုများဖြစ်ပွား**
(ဘရစ်ဘိန်း၊ ဒီဇင်ဘာ ၈)
သြစတြေးလျနိုင်ငံ ကွင်းစလန်ပြည်နယ်တောင်ပိုင်း ရိုမာမြို့တွင် ဒီဇင်ဘာ ၈ ရက်က မိုးသည်ထန်ပြီး ရေလွှမ်းမှုများဖြစ်ပေါ်လျက်ရှိရာ မြို့လယ်ရှိဈေးဆိုင်များနှင့် မြို့အနီးဝန်းကျင်အရပ်များတွင်လည်း ရေလွှမ်းမှုများဖြစ်ပေါ်ခဲ့ကြောင်း ဒေသထုတ်မီဒီယာများက ဖော်ပြသည်။ အချို့နေရာများတွင် ခြောက်မီတာအမြင့်ထိ ရေလွှမ်းနေပြီး အချို့နေရာများ၌ ခုနစ်မီတာအကျော်အထိ ရေများဖုံးလွှမ်းလျက်ရှိသည်။ ကွင်းစလန်းပြည်နယ်တောင်ပိုင်းဒေသ ဒါလင်တောင်းစ်ခရိုင်တွင်လည်း ဘာလိုနေနှင့် မာရာနိုရာမြစ်များ၌ ရေလျှံမှုဖြစ်ပွားလျက်ရှိရာ အနီးဝန်းကျင်ဒေသခံများအား ရေလွှမ်းမှုဖြစ်ပေါ်နိုင်ကြောင်း သတိပေးချက်များ ထုတ်ပြန်ပေးထားသည်။ (အင်တာနက်)

(Gujarat Chief Minister Narendra Modi, who interceded for a speedy trial)
**အိန္ဒိယစိန်မှောင်ခိုကူးသူ ၂၂ ဦးစီရင်ချက်ချမှတ်**
(ရှန်ကျန်း၊ ဒီဇင်ဘာ ၈)
အိန္ဒိယနိုင်ငံသား ၂၂ ဦးပါဝင်နေသည့် စိန်မှောင်ခိုကုန်ကူးမှုအတွက် တရားရုံး၏ အဆုံးအဖြတ်ကိုဒီဇင်ဘာ ၈ ရက်က ချမှတ်လိုက်သည်။ တရုတ်တောင်ပိုင်းမြို့ဖြစ်သည့် ရှန်ကျန်းမြို့တရားရုံးက ယခုစိန်မှောင်ခို ကုန်ကူးအပေါ် စီရင်ချက်ချမှတ်ခြင်းဖြစ်သည်။ ယင်းအမှုတွင်ပါဝင်ပတ်သက်သူ ၁၃ ဦးအား အိန္ဒိယနိုင်ငံသို့ ပြည်နှင်ဒဏ်အမိန့်ချမှတ်ခဲ့ကြောင်း၊ ကျန်ရှိသူကိုးဦးအား ထောင်ဒဏ်စီရင်ခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။ ထိုစိန်မှောင်ခိုအဖွဲ့သည်ဟောင်ကောင်မှ တရုတ်သို့ စိန်များမှောင်ခိုကုန်ကူးမှုကို လုပ်ဆောင်နေသူများဖြစ်ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြသည်။ နိုင်ငံရင်းအိန္ဒိယသို့ပြည်နှင်မည့် စိန်မှောင်ခို ကုန်ကူးသူ ၁၃ ဦးအား လာမည့်အပတ်အတွင်း လွှဲပြောင်းပို့မည်ဖြစ်ပြီး ကျန်ကိုးဦးမှာ ထောင်ဒဏ်သုံးနှစ်မှ ခြောက်နှစ်အတွင်း အသီးသီးအပြစ်ဒဏ်ကျခံရမည်ဖြစ်သည်။ ယခုတရားရုံး၏ဆုံးဖြတ်ချက်ကို အိန္ဒိယဘက်မှ တာဝန်ရှိသူများကလည်း ကျေနပ်လက်ခံကြောင်း၊ လက်ခံပြောင်းယူရမည့်တရားခံ ၁၃ ဦးနှင့်ပတ်သက်သည့် ကိစ္စအ၀၀ကို တာဝန်ယူမည်ဖြစ်ကြောင်း သတင်းတွင် ဆက်လက်ပါရှိသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:
Post a Comment