ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, December 28, 2011

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း

>
**ဖာဂူဆန်နားသွားရင် မန်ယူနည်းပြလုပ်လိုကြောင်း မော်ရင်ဟိုပြောကြား**
(လန်ဒန်၊ ဒီဇင်ဘာ ၂၇)
ပူပြင်းလှတဲ့ ဘာနေဗျူးကုလားထိုင်မှာထိုင်ရမှု အဆုံးသတ်သွားတဲ့အချိန်မှာ ပရီးမီးယားလိဂ်သို့ပြန်လာဖို့ဆန္ဒရှိကြောင်း ရီးရဲမက်ဒရစ်နည်းပြ ဟိုဆေးမော်ရင်ဟိုက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟိုဟာ အင်္ဂလန်က သူ့ရဲ့ဘောလုံးပရိသတ်တွေနဲ့ ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ရာမှာ ပြောကြားလိုက်ခြင်းဖြစ်ပါတယ်။ ပြီးတော့သူ့အနေနဲ့ မန်ယူနည်းပြလုပ်လိုကြောင်းလည်း မန်ယူတာဝန်ရှိသူတွေနဲ့ ဆက်သွယ်ပြောကြားခဲ့ပါတယ်။ ပေါ်တူဂီနိုင်ငံသား မော်ရင်ဟိုဟာ ၂၀၁၁ ခုနှစ်နွေရာသီက ရီးရဲမက်ဒရစ်အသင်းနဲ့ လေးနှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ယခုနှစ်မှာတော့ ရီးရဲမက်ဒရစ်အသင်းကို စပိန်လာလီဂါရဲ့ အမှတ်ပေးဇယားထိပ် ရောက်အောင် ပို့ပေးနိုင်ခဲ့ပါပြီ။

ပြိုင်ဘက်ဘာစီလိုနာအသင်းကိုပင် သုံးမှတ်အသာရထားပါတယ်။ ဒါပေမယ့်လည်း သူ့အနေနဲ့နောက်တစ်ဆင့်ပြောင်းရမယ့်နေရာဟာ ပရီးမီးယားလိဂ်သာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားပါတယ်။ ရီးရဲမက်ဒရစ်မှာ ကျနော်အလွန့်အလွန်ပျော်ပါတယ်။ ကျနော့်အတွက်တော့ အတွေ့အကြုံတွေအများကြီးရတဲ့ အသင်းပါပဲ။ ဒီအသင်းဟာ ဘောလုံးသမိုင်းမှာ အကြီးဆုံးကလပ်လို့ ယူဆထားပါတယ်လို့ မော်ရင်ဟိုက ပြောပါတယ်။ (အင်တာနက်)

**ရိုင်ယံဂစ်အား နောက်ထပ်တစ်နှစ်ကစားပေးရန် ဖာဂူဆန်ကမ်းလှမ်း**
(လန်ဒန်၊ ဒီဇင်ဘာ ၂၇)
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဝါရင့်ကစားသမားကြီး ရိုင်ယံဂစ်အား စာချုပ်သစ် ချုပ်ဆိုနိုင်ဖွယ်ရှိတဲ့ အကြောင်း နည်းပြဖာဂူဆန်က ပြောကြားလိုက်ပါတယ်။ အနီရောင်နတ်ဆိုးတွေကို တင်စားခေါ်ဝေါ်တဲ့ မန်ယူအနဲ့အတူ ၂၃ နှစ်မြောက် အောင်မြင်မှုအတွက် ဆက်လက်ဆောင်ကြဉ်းပေးနိုင်လိမ့်မယ်လို့လည်း ဖာဂူဆန်က ဆိုပါတယ်။ အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ ရိုင်ယံဂစ်ဟာ သူ့ရဲ့ဘောလုံးသမားသက်တမ်း တစ်လျှောက် မန်ယူကိုဦးဆောင်ကစားခဲ့တဲ့ နာမည်ကြီးကစားသမားလည်း ဖြစ်ပါတယ်။ သူဟာ ၁၉၉၀ ခုနှစ်က မန်ယူအသင်းသို့ရောက်လာပြီးကတည်းက ပွဲပေါင်း ၉၀၀ နီးပါးပါဝင်ကစားခဲ့သူပါ။ ရိုင်ယံဂစ်ရဲ့ကစားဖော်တွေဖြစ်တဲ့ ဂယ်နီနဗီးလ်နဲ့ ပေါလ်စခိုးလ်တို့ ပြီးခဲ့တဲ့နှစ်က အနားယူသွားကြပြီဖြစ်ပေမယ့် ဖာဂူဆန်အနေနဲ့ ကွင်းလယ်ကစားသမား နေရာအတွက် ရိုင်ယံဂစ်ကို နောက်ထပ်တစ်နှစ် စာချုပ်တိုးချုပ်ဆိုဖို့ ကြိုးစားနေပါတယ်။

“ကျနော်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရိုင်ယံဂစ်ဟာ နောက်တစ်နှစ်လောက်တော့ ကောင်းကောင်းကစားနိုင်သေးတယ်ထင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်အတွင်းမှာ သူ့ရဲ့ခြေစွမ်းက ပုံမှန် ခြေစွမ်းပါပဲ။ ကျသွားတာမတွေ့ရဘူး။ ပြီးတော့ ကွင်းလယ်ဖန်တီးမှုကိုလည်း ကောင်းကောင်းထိန်းထားနိုင်တဲ့သူပါ”ဟု နည်းပြဖာဂူဆန်က ပြောပါတယ်။ (အင်တာနက်)

စုစည်းဘာသာပြန် - မြင့်မောင်စိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)