အလိုတော်ပြည့်ဆရာတော်ဘုရားကြီး၏ သြ၀ါဒကိုခံယူ၍ အပြည်ပြည်ဆိုင်ရာ ဓမ္မစက္က ဖောင်ဒေးရှင်း IDF မှ
ဆရာဓမ္မစက္ကဦးမောင်မောင်စီစဉ်ဖွင့်လှစ်သောနာဂစ်လေဘေးသင့်ဒေသကွမ်းခြံကုန်းမြို့နယ်၊ တောကျောင်း
ကျေးရွာ၊ ရွှေသင်္ကန်းငူကျောင်းတိုက် (၂၀၁၁၊ ဖေဖော်ဝါရီလ) ၀ိပဿနာ (၁၀)ရက် တရားစခန်းပွဲတွင်ဇီးကွက်ငယ်တစ်ကောင်သည် ထူးထူးခြားခြား တရားနာယောဂီများနှင့်အတူ လာရောက်နေထိုင်ခဲ့သည်။ ထိုဇီးကွက်ငယ်သည် ဆရာ ဦးမောင်မောင် ဟောကြားသည့်
ည (၇)နာရီတရားပွဲအချိန်တွင် စတင်ပျံသန်းဝင်ရောက်လာခြင်းဖြစ်ပြီး ထုတ်တန်းတွင်နားခိုကာ ယောဂီများအတူနေထိုင်ကာ တရားနာနေသည်ကို အံ့သြဖွယ်တွေ့ရှိရသည်။
ထိုဇီးကွက်ငယ်သည် နေ့အချိန်တွင် တရားရိပ်သာခန်းမအနီးရှိ နှစ်ထပ်ကျောင်းဆောင်ငယ်အပေါ်ထပ်ရှိ ဘုရားကျောင်းဆောင်ထက်တွင်ထောင်ထားသော ဘုရားရုပ်ပုံပါ ကဒ်ပြားပေါ်တွင် ဟန်ချက်ညီညီနားနေသည်ကိုလည်း ထူးထူးခြားခြားတွေ့မြင်ရသည်။ ထိုသို့နားနေရာတွင် ဘုရားရှိသည့်ဖက်တွင် မနားပဲ ကြာပွင့်ကြာပင်များရှိသော ကဒ်ပြားစာမျက်နှာဖက်တွင်သာ နားနေသည်ကိုတွေ့ရသည်။
ထိုဇီးကွက်ငယ်သည် လူအများက အနီးကပ်ကြည့်ရှုသော်လည်း ပျံသန်းခြင်းမပြုပဲ တရားဓမ္မအရိပ်သည် အေးမြပြီးအန္တရာယ်ကင်းဝေးသည်ကိုသိရှိသည့်အလား
ယဉ်ကျေးစွာနေထိုင်သည်ကို ကြည်နူးဖွယ်တွေ့ရှိရသည်။ ဇီးကွက်ဟူသည်မှာ အလင်းရောင်ကိုကြောက်တတ်ပြီး အမှောင်တွင်သာနေထိုင်ကျက်စားကာ လူများနှင့်လည်း
ဝေးဝေးမှရှောင်ရှားနေထိုင်တတ်သောသဘာဝရှိပါလျှက် ယခုကဲ့သို့ သဘာဝမဟုတ်ပဲ အလင်းတွင်လူအများနှင့် အတူနေထိုင်ခြင်းသည် ထူးခြားပြီး ဇီးကွက်အရှင်ကို
သဘာဝအတိုင်း အနီးကပ်တွေ့မြင်ခွင့်ရရှိခြင်းလည်းဖြစ်သည်။
ဓမ္မစက္က ဖောင်ဒေးရှင်းမှ နာဂစ်လေဘေးသင့်ဒေသများအပါအ၀င် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ အထက်မြန်မာပြည်ဒေသအနှံ့နှင့် ဂီရိလေဘေးသင့်ဒေသများတွင်
အလိုတော်ပြည့်ဆရာတော်ဘုရားကြီး၏ သြ၀ါဒကိုခံယူ၍ တရားသင်တန်းများ၊ ရက်ရှည် ၀ိပဿနာသတိပဋ္ဌာန် (၁၀)ရက် တရားစခန်းပွဲများကို ကျင်းပပေးလျှက်ရှိရာ
စခန်းဖွင့်ရက်အတွင်း ငန်းတော်ကြားမြွေသူတော်များလည်းလာရောက်ခဲ့ဖူးကြောင်း သိရသည်။

ဓမ္မစက္က ဖောင်ဒေးရှင်းမှဆက်လက်ကျင်းပမည့် တရားစခန်းပွဲများမှာ ဧပြီလ၂ရက်နေ့မှ ၁၁ ရက်နေ့ထိ သမင်ကွင်းတရားစခန်းပွဲ၊ ကွမ်းခြံကုန်း။ ဧပြီလ ၁၃ ရက်မှ ၂၀ရက်နေ့ထိ
ရွှေသင်္ကန်းငူ သင်္ကြန်တရားစခန်းပွဲ၊ မေလ ၂ ရက်မှ ၆ ရက်ထိ မကွေးမြို့၊ လူငယ်တရားသင်တန်း၊ မေလလယ်တွင် ဂီရိလေဘေးသင့်ဒေသ ရမ်းဗြဲ၊ ကျောက်ဖြူ တရားသင်တန်းများ
ဇွန်လမှစတင်၍ အပြည်ပြည်ဆိုင်ရာ ၀ိပဿနာသင်တန်းကျောင်း (ဓမ္မစက္ကတောစခန်းရိပ်သာ) တွံတေး/ဒလတောကြီးတန်းဒေသ အထူးတရားစခန်းပွဲများကိုကျင်းပရန် စီစဉ်ထားကြောင်းသိရသည်။
အပြည်ပြည်ဆိုင်ရာ ဓမ္မစက္က ဖောင်ဒေးရှင်း IDF နှင့်ဆက်သွယ်၍ ပြည်တွင်း-ပြည်ပ ဒေသအသီးသီးတွင် ညနေပိုင်းတရားသင်တန်းဖွင့်လှစ်ရန်ဖိတ်ကြားလိုသူများ၊ ၇-ရက် ၀ိပဿနာသတိပဋ္ဌာန်
တရားစခန်းပွဲဖွင့်လှစ်လိုသူများ၊ ကင်ဆာ နှလုံးစသောဝေဒနာရှင်များ-သက်ကြီးရွယ်အိုများအတွက် ဝေဒနာနုပဿနာရှုမှတ်ခြင်း ဓမ္မဖြင့်ဘ၀နေနည်းနာကြားလိုသူများနှင့်
ဖောင်ဒေးရှင်းမှဆောင်ရွက်လျှက်ရှိသော ပရဟိတနှင့် လောကဟိတလုပ်ငန်းများ၊ သာသနာပြုလုပ်ငန်းများ၊ ဓမ္မစက္က ၀ိပဿနာ တောစခန်းရိပ်သာတည်ဆောက်ရေးလုပ်ငန်းများတွင်
ပါဝင်လှူဒါန်းလိုပါက အလိုတော်ပြည့်ကျောင်းတိုက် U Zin Blue ၊ ဓမ္မစက္ကဦးမောင်မောင် (ဖုန်း-၀၉၅၁၂၇၃၃၀) ဗောဓိသုခတရားခန်းမ၊ ၁၀၇၄၊ ဇိနမာရ်အောင်ဘုရားလမ်း၊ ၇-ရပ်ကွက်၊
သာကေတ ၊ရန်ကုန်မြို့ သို့ ဆက်သွယ်စုံစမ်း လှူဒါန်းနိုင်ကြပါသည်။
www.dhammacakka-idf.org /
Rest of your post

No comments:
Post a Comment