ဟစ်တလာအာဏာရလာပြီးနောက်.ဂျူးလူမျိုးများကိုသတ်ဖြတ်စဉ်က.ရွာတစ်ရွာတွင်
အဘွားအိုတစ်ယောက်သည် ဟစ်တလာကိုမုန်းတီးကာ နေ့ တိုင်း ဟစ်တလာသေပါစေဟု
ဆဲဆိုမြည်တမ်းရာ သူမမွေးထားသော ကြက်တူရွေးကလည်း နေ့ တိုင်း
ဟစ်တလာသေပါစေဟု အော်နေတော့သည်။ တစ်ရက်တွင် ဟစ်တလာ၏တပ်များရွာကို
ရောက်လာကာစစ်သားတချို့ ကင်းလှည့်စဉ် ထို အဘွားအို၏ ကြက်တူရွေးက
ဟစ်တလာသေပါစေဟု အော်နေသဖြင့် စစ်သားများဒေါပွကာ အဘွားအိုအား...
အဘွားကြီး..ခင်ဗျား ကြက်တူရွေးနောက်တစ်နေ့ ဒီလိုအော်ရင်
သတ်ပစ်မယ်ဟုကြိမ်းမောင်းကြလေသည်။ အဘွားအိုက...တိရစ္ဆာန်မို့ မသိလို
့အော်တာပါ....နောက်ဒီလိုမဖြစ်စေရပါဘူးဆိုတော့မှ...ပြန်သွားကြသည်။
နောက်နေ့ စစ်သားများလာသောအခါ ကြက်တူရွေးက ဟစ်တလာသေပါစေဟုအော်ပြန်သည်။
စစ်သားများက အဘွားကြီး နောက်နေ့ မှာ ခင်ဗျား ကြက်တူရွေး ထပ်အော်ရင်
ကြက်တူရွေးရော ခင်ဗျားပါသတ်ပစ်မယ်ဟု ခြိမ်းခြောက်သွားလေသည်။
အဘွားအိုလည်းစိတ်ညစ်ကာ ကြံရာမရတဲ့အဆုံး ရွာရှိ ကျောင်းထိုင်ဆရာတော်ထံ
လျှောက်ထားရာ.. ဆရာတော်က...ဒါများဒကာမကြီးရယ် ဘုန်းဘုန်းဆီမှာ
ကြက်တူရွေးတစ်ကောင်ရှိတယ်....ဒီကောင်က
အရမ်းအေးတာ..ဘာမှမပြောဘူး..ဒီကောင်နဲ့ ဒကာမကြီးကြက်တူရွေး
ခဏလဲထားလိုက်ပေါ့ဟုဆိုကာ အကောင်ချင်းလဲလိုက်ကြသည်။ နောက်နေ
့စစ်သားများရောက်လာသောအခါ ဆရာတော်၏ ကြက်တူရွေးက ဘာမှမပြောဘဲ
ငြိမ်နေသဖြင့်... စစ်သားတစ်ယောက်က ဟေ့ကောင်ကြီး
ငြိမ်လှချည်လား..လုပ်ပါအုံးလား....ဘာတဲ့ ဟစ်တလာသေပါစေလေ ကြက်တူရွေးက
ဘာမှမပြောဘဲနေရာ စစ်သားက ဟေ့
ဟစ်တလာသေပါစေ..ဟစ်တလာသေပါစေ...ဟုမခံချင်အောင်ပြောရာ..ထိုအခါမှဆရာတော်ကြက်တူရွေးက
အောင်မြင်သောအသံဖြင့်.... ....တောင်းတဲ့ဆုနဲ့ ပြည့်ပါစေ
ချစ်သား...ဟုတခွန်းတည်းပြောလိုက်တော့သည်။
--
အားလုံးပျော်ရွင်ပါစေ
**မာမာ**

No comments:
Post a Comment