မင်္ဂလာပါခင်ဗျား။ ။ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငဒေသအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ရဲ့ မဲဆောက်ဌာနခွဲရုံးက ၀န်ထမ်းတွေဟာ မိမိတို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ရဲ့ ပထ၀ီလမ်းညွှန်မှုကိုရယူကာ ဒီကနေ့မှာလည်း ရိက္ခာတွေဆက်လက်ဖြန့်ဝေခဲ့ပါတယ်။ ထိုင်းနိုင်ငံတ၀ှမ်းရေဘေးဒဏ်ခံရပြီး မဲဆောက်မှာ လာပြီးယာယီနားခိုနေကြသူမြန်မာအလုပ်သမားနဲ့ မိသားစုဝင် (၁၀၀)ဦးခန့်ကို (ဆန်၊ ဆီ၊ ဆား၊ မာမား၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ အချို့မှုန့်၊ အခြေခံအိမ်သုံးဆေးကဒ် အချို့) ပါဝင်ပြီးတော့ “ဘယ်ဒေသမှာ ရေဘေးဒဏ်ခံရသလဲ“ ဆိုတာ မေးမြန်းပြီး ကွင်းဆင်းဖြန့်ဝေပေးခဲ့တာဖြစ်ပါတယ်။ ဒီကနေ့မှာက ၁၉ ဦး၊ မနေ့က ၆ ဦး ဖြန့်ဝေပေးခဲ့ပါတယ်။ ဒီကနေ့ ဖြန့်ဝေခဲ့တဲ့နေရာကတော့ မဲဆောက်မြို့အနောက်မြောက်ပိုင်း ဘန့်ဆောင်ခွဲရပ်ကွက်ကြီးထဲက မူလယူကလစ်တန်း၊ ယူကလစ်တန်းသစ်စတဲ့ နေရာတွေပါပဲ။ မနေ့ကတော့ မယ်ကုလွမ်ကျေးရွာဘက်က မြန်မာအလုပ်သမ ၆ ဦးကို ဖြန့်ဝေပေးခဲ့တာဖြစ်ပါတယ်။
*ဟောဒီဓာတ်ပုံတွေကို ရှုစားလိုက်ပါဦး......။
**မယ်ကုလွမ်ကျေးရွာဘက်က မြန်မာအလုပ်သမ ၆ ဦး**
**မူလယူကလစ်တန်းဘက်ကမြန်မာအလုပ်သမားတွေ**
**မူလယူကလစ်တန်းဘက်ကမြန်မာအလုပ်သမားတွေ**
**ယူကလစ်တန်းသစ်ဘက်ကမြန်မာအလုပ်သမားတွေ**
သတင်း - သောင်ရင်းနဂါး

No comments:
Post a Comment