ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, January 1, 2012

ကျင့်ဝတ်၊ သိက္ခာနှင့် တန်ဖိုး

>
**ကျင့်ဝတ်**
ကျင့်ကြံရမယ့်ဝတ္တရားလို့ဆိုရင် မှားမယ်မထင်ပါဘူး။ လူတစ်ယောက် ဖြစ်လာမှတော့ လူ့ကျင့်ဝတ်နဲ့အညီ နေထိုင်ကျင့်ကြံရတာဟာသဘာဝပါ။
ရိုးရိုးလေးတင်ပြပါရစေ။
မနက်အိပ်ရာမှထထချင်း လူတိုင်းလိုလိုဟာ မျက်နှာသစ်ကြ၊ သွားတိုက်ကြပါတယ်၊ ဘယ်ဥပဒေကမှ အိပ်ရာမှထထချင်း သွားမတိုက်လျှင် မျက်နှာမသစ်လျှင် ထောင်ဒဏ်၊ ဘယ်နှနှစ်၊ ဒဏ်ငွေဘယ်လောက် ရိုက်မယ်လို့ အရေးယူမယ်လို့ ပြဋ္ဌာန်းမထားပါဘူး။ ဒါပေမဲ့ လူတိုင်းလိုက်နာကြပါ တယ်။ အဲဒီလို ဥပဒေမထုတ်ပြန်ဘဲ အသိတရားအရ လိုက်နာကျင့်ကြံမှုတွေဟာ ရေရှည်တည်တံ့ပါတယ်။ လိုက်လုပ်ဖို့ ၀န်မလေးတတ်ကြပါဘူး။ ၀န်ထုပ်ဝန်ပိုးလို့ မမြင်ကြပါဘူး။ မခံစားကြပါဘူး။
စာရေးသူတို့နိုင်ငံမှာ စည်းကမ်းသတ်မှတ်ချက် တော်တော်များများကို ကားပေါ်မှာ၊ လမ်းဘေး မြေစိုက်ပိုစတာတွေမှာ၊ အဆောက်အဦးတွေမှာ တွေ့နေရပါတယ်။
ကားပေါ်မှ အမှိုက်မပစ်ရ။
ကားပေါ်မှ ကွမ်းတံထွေး မထွေးရ။
ဤနေရာတွင် အပေါ့အလေး မစွန့်ရ။
ထိုင်ခုံအပြည့်သာ လူတင်ပါသည်။ စသည် စသည် တွေ့ဖူးကြမှာပါ။ အဲဒီဖော်ပြချက်တွေကို ဘယ်သူတွေက ဘယ်လောက် လိုက်နာကြပါသလဲ။ ကားပေါ်မှာ အိမ်ကဲ့သို့လိုက်ပါနေထိုင်နေရတဲ့ ကားမောင်းသူ (ဒရိုင်ဘာ)၊ ကားနောက်လိုက် (စပယ်ယာ)တွေက အဲဒီစာရွက်တွေကို ကားရဲ့လူမြင်ကွင်းမှာ အသေအချာ ကပ်ပါတယ်။ ကပ်နေရင်းပါးစပ်ထဲက ကွမ်းတံထွေးကို ကားပြတင်းပေါက်မှ သူတို့ကိုယ်တိုင် တဗျစ်ဗျစ် ထွေးချနေပါတယ်။ ကားမီးပွိုင့်၊ ကားမှတ်တိုင်တစ်ဝိုက်မှာ မည်းနက်နေတဲ့ ကတ္တရာရောင်က ကွမ်းတံထွေးတွေကြောင့် အနီရောင်ပြောင်းနေပါတယ်။
ဒါဘာကိုပြနေသလဲ။ လိုက်နာသင့်တဲ့ကိစ္စသည်ပင်လျှင် အမိန့်လို ဥပဒေတွေ ထုတ်ပြန်လာရင် လူတွေရဲ့အတွင်းစိတ်က ဆန့်ကျင်ဘက်တုံ့ပြန်လာတတ်တာကို ပြနေတာပါပဲ။
တစ်ခါက ဧရာဝတီမြစ် ရေကြီးလာတာကို ဘိုးတော်မင်းတရားက ရေကိုတားဖို့ ကြိမ်စကြာနဲ့ ရိုက်လာတာ ရေကကျမသွားဘဲ ပိုကြီးလာပါတယ်။ ဒါကို ဦးပေါ်ဦးက ဘိုးတော်ရွှေကြိမ်လုံးနဲ့ ရိုက်လိုက်လို့ ဘုန်းတော်ကြောင့် ရေရောင်(ရေကြီး)လာတာပါဘုရား လို့ လျောက်ခဲ့တာကို ဖတ်ဖူးခဲ့ပါတယ်။
ခုလည်း ထိုအလားတူဖြစ်ရပ်မျိုးပါပဲ။ မြို့တွင်းကို လာမယ့်သူတွေက ကွမ်းယာကို ပလတ်စတစ်အိတ် သေးသေးလေးတွေနဲ့ ထုပ်ပြီးယူလာကြပါတယ်။ ရောင်းသူတွေကလည်း ပလတ်စတစ်အိတ်သေးသေးလေးတွေနဲ့ အသင့်စားနိုင်အောင် ထုပ်ပိုးရောင်းချကြပါတယ်။ ဒီလိုနဲ့ ကွမ်းယာကို တိုးတိုးတိုးတိုးနဲ့ ပိုလို့တွင်တွင်ကျယ်ကျယ် စားသုံးလာကြပါတယ်။ ကွမ်းကြိုက်တတ်တဲ့သူရဲ့ ခါးပိုက်ထဲမှာ အိတ်ကပ်ထဲမှာ ကွမ်းယာကို ကိုယ်နဲ့မကွာ ဆောင်ထားကြပါတယ်။
________________________________________
တန်ဖိုးထားတတ်တဲ့ လူမှုပတ်ဝန်းကျင်ဖြစ်လာမှ သိက္ခာရှိတဲ့ လူတွေနဲ့ဖွဲ့စည်းထားတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာမှာပါ။ အဲဒီလိုမျိုး လူ့အဖွဲ့အစည်း ပေါ်ထွန်းလာတာနဲ့အမျှ ဥပဒေကိုကျင့်ဝတ်လိုက်နာတတ်တဲ့ တရားဥပဒေစိုးမိုးတဲ့ ဒီမိုကရေစီကျင့်စဉ်နဲ့ လိုက်လျောတဲ့ အဆင့်မြင့်လူ့ဘောင်ကြီး ပေါ်ပေါက်လာမှာ . . .

ဒီအခါ ကွမ်းမစားတတ်သူကလည်း သူများစားတာအလွယ်မြင်တော့ အလွယ်ယူစားရာက ကွမ်းစွဲသွားကြပါတယ်။ ဒီလိုနဲ့အခုအခါ ကွမ်းစားသူဦးရေက ကြောက်စရာကောင်းလောက်အောင် မြင့်မားလာပါတယ်။
ပေါ့စေလိုလို့ကြောင်ရုပ်ထိုး ဆေးကြောင့်လေးသွားရပါပြီ။
ဥပဒေတွေထုတ်ပြန်ပြီး လိုက်နာစေတာထက် လူထုပါဝင်မှုလူထုအသွင် လူကျင့်ဝတ်အသွင်အဖြစ် ပြုပြင်ဆောင်ရွက်တာက ရေရှည်တည်တံ့ အကျိုးရှိနိုင်ပါတယ်။
နိုင်ငံအချို့ အရက်ဆိုင်တွေထဲမှာ လူငယ်တွေကို လုံးဝမတွေ့ရပါဘူး။ လမ်းပေါ်မှာနေရာတိုင်းမှာ လူငယ်တွေ စီးကရက်သောက်တာ မတွေ့ရပါဘူး။ ဒါနဲ့ဆေးလိပ်ရောင်းတဲ့ဆိုင်ကို စာရေးသူ စပ်စုလိုက်ပါတယ်။
''ခင်ဗျားတို့ဆိုင်ကို ကလေးတွေ ဆေးလိပ်လာမ၀ယ်ဘူးလား''
''မ၀ယ်ပါဘူး'' ''၀ယ်ရင်ရော ရောင်းမှာလား''
''မရောင်းပါဘူး''

အဲဒီမှာကျင့်ဝတ်ဆိုတာကို တွေ့ရပါတယ်။ သူတို့နိုင်ငံမှာ ၁၈ နှစ်အောက်လူငယ်တွေကို ကလေးလို့ သတ်မှတ်ပါတယ်။ သူတို့ကို အရက်၊ ဆေးလိပ် လုံးဝမရောင်းပါဘူး။ ပိုက်ဆံရပြီးရော။ ဘယ်သူတွေ ဘာဖြစ်ဖြစ်ဆိုတဲ့ စိတ်ဓာတ်မျိုးသူတို့ မကျင့်သုံးကြပါဘူး။ အဲဒီအရွယ်လူငယ်တွေကလည်း အရက်ဆိုင်၊ ဆေးလိပ်ဆိုင်ယောင်လို့တောင် မသွားကြပါဘူး။ ဒီလို အပြန်အလှန် ထိန်းကျောင်းပေးခြင်းဖြင့် ဥပဒေကို အလိုလို လိုက်နာပြီးသား ဖြစ်နေပါတယ်။
ဆိုတော့ ဥပဒေတစ်ရပ်ဟာ ကျင့်ဝတ်တစ်ခုအသွင်ဆောင်နေရင် ရေရှည်တည်တံ့နိုင်ပါတယ်။
သိက္ခာနှင့် တန်ဖိုး
အဲဒီမှာ ကျင့်ဝတ်ကိုမဖောက်ဖျက်ရဲဖို့က သူ့ရဲ့ဂုဏ်သိက္ခာအပေါ် မူတည်ပါတယ်။ ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်တန်ဖိုးထားရင် ကိုယ့်ကျင့်ဝတ်တစ်ခုကို ဖောက်ဖျက်ဖို့ မလွယ်ကူတော့ပါဘူး။ သိက္ခာရှိတဲ့လူက သူ့ကိုယ်သူ တန်ဖိုးထားတဲ့လူပါ။
ဒရိုင်ဘာက ဒရိုင်ဘာတန်ဖိုး ထားရပါမယ်။ ဈေးသည်က ဈေးသည်တန်ဖိုးထားရပါမယ်။ ကျောင်းဆရာက ကျောင်းဆရာ တန်ဖိုးထားရပါမယ်။ ၀န်ထမ်းက ၀န်ထမ်းတန်ဖိုးထားရပါမယ်။ ကျောင်းဆရာမှာမှ တန်ဖိုးရှိတာ မဟုတ်ပါဘူး။ ဈေးသည်မှာလည်း တန်ရာတန်ကြေး တန်ဖိုးရှိပါတယ်။ ဒရိုင်ဘာမှာလည်း တန်ဖိုးရှိပါတယ်။ တံငါသည်မှာလည်း တန်ဖိုးရှိပါတယ်။ စစ်ဗိုလ်ကြီးမှာလည်း တန်ဖိုးရှိပါတယ်။
လူတိုင်းမှာ တန်ဖိုးရှိပါတယ်။
ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်ပါ။ တကယ်တော့ လူသာမက သတ္တ၀ါတွေ၊ သစ်ပင်တွေ၊ ရေ၊ လေ၊ မြေ၊ နေ၊ ကမ္ဘာစသည့် သက်ရှိ သက်မဲ့ အလုံးစုံဟာ သူ့တန်ဖိုးနဲ့သူ ရှိနေကြတာချည်းပါပဲ။ တန်ဖိုးမထားဘဲ မလေးစားခဲ့လို့ ခုဆိုသဘာဝကြီးက သူ့ကိုတန်ဖိုးထားတတ်အောင် ပညာပေးနေပါပြီ။ သူ့ရဲ့တန်ဖိုးကိုထိပါး၊ သူ့သိက္ခာကိုစော်ကားလို့ သူ့ကျင့်ဝတ်တွေလည်း ဖောက်ပြန်ကုန်ပါပြီ။ မိုးကိုရွာသင့်တာထက် ပိုရွာတယ်။ လေကိုတိုက်သင့်တာထက် ပိုတိုက်တယ်။
သည်လိုနဲ့ မိုးလေ၀သတွေလည်း ကမောက်ကမ ဖြစ်ကုန်ပါပြီ။ ချောင်းတွေရေလျံ ကန်တွေရေ တိုးစည်းရိုးတွေကျိုးပေါက် သဘာဝကြီးဖောက်ပြန်လို့ လူတွေဒုက္ခရောက်ကုန်ကြပါပြီ။
သည်လိုပါပဲ။ ဒရိုင်ဘာတစ်ယောက်မှာ သူ့တန်ဖိုးနဲ့သူ ရှိနေပါတယ်။ သာမန်လူတစ်ယောက်တန်ဖိုးထက် ပိုတန်ဖိုးရှိနေပါတယ်။ ဒရိုင်ဘာဆိုတာနိမ့်ကျတဲ့ တန်ဖိုးမဲ့လူမဟုတ်ပါဘူး။ အတတ်ပညာတစ်ခု တတ်မြောက် ထားရပါတယ်။ ခရီးသည်တွေသွားလိုရာကို သူ့ရဲ့ကျွမ်း ကျင်မှုနဲ့ ပို့ဆောင်ပေးနေပါတယ်။ လူ့အသက်ပေါင်းများစွာရဲ့အသက်ကို ကာကွယ်စောင့်ရှောက်ပေးနေရပါတယ်။ အလွန်အဖိုးတန်တဲ့လူအဖြစ် အသိအမှတ်ပြု ရပါမယ်။ သူ့ကိုလည်း လူတွေက အထင်သေးသလို အဖက်မတန်သလို ဆက်ဆံကြည့်ပါလား။ သူ့လက်ထဲက စတီယာရင်(လက်ကိုင်ဂွေ)နဲ့ ချောက်ထဲဆွဲချပြီး လူတွေရဲ့အသက်ကို အန္တရာယ်ပြုနိုင်ပါတယ်။
ဒါကြောင့် လူတိုင်း၊ အရာရာတိုင်းကို တန်ဖိုးထား အသိအမှတ်ပြုပေးရပါမယ်။

**အသိအမှတ်ပြုပါ**

အသိအမှတ်ပြုပုံပြုနည်း သုံးမျိုး ရှိနေပြန်ပါတယ်။ တစ်နည်းက ပတ်ဝန်းကျင်က ၀ိုင်းဝန်းအသိအမှတ်ပြု တန်ဖိုးထားပေးဖို့ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့တန်ဖိုးကို မနှိမ့်ချဖို့၊ ၀ိုင်းမပယ်ဖို့၊ အထင်သေးသလိုမပြုမူဖို့ လိုအပ်ပါတယ်။ လူအချို့က ဒရိုင်ဘာဆိုရင် မတူသလို၊ မတန်သလိုဟန်အမူ အရာအရဖြစ်စေ၊ လေသံဟန်ပန်နဲ့ဖြစ်စေ ဆက်ဆံတတ်ကြပါတယ်။ အဲဒါရဲ့အကျိုးဆက်က ဒရိုင်ဘာကို တန်ဖိုးမထားသလိုဖြစ်သွားပြီး လူ့ယဉ်ကျေးမှု ၀န်းကျင်ထဲက ဖယ်ထုတ်လိုက်သလို ဖြစ်သွားမှာပါ။ အဲဒီလိုပြုမူ လိုက်သူ ကိုယ်တိုင်ကလည်းပဲ တန် ဖိုး မသိတတ်သူ၊ တန်ဖိုးမရှိသလို ဖြစ်သွားမှာပါ။
နောက်တစ်နည်းက ကာယကံ ရှင်ကိုယ်တိုင် မိမိတန်ဖိုးကိုသိမြင်ဖို့ တန်ဖိုးထားဖို့၊ မိမိတန်ဖိုးအမှန်ကို လူတွေသိမြင်လက်ခံလာအောင် နေထိုင်ကျင့်ကြံတတ်ဖို့ လိုအပ်ပြန်ပါတယ်။ မိမိတန်ဖိုးအမှန်ကို သိဖို့ဆိုတာ သိပ်လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။
နောက်ဆုံးတစ်နည်းက အပြန်အလှန် တန်ဖိုးထားဖို့ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ကလည်း သူ့ကို တန်ဖိုးထားမယ်။ကာယကံရှင်ကလည်း သူ့ကိုသူ တန်ဖိုးထားတတ်မယ်ဆိုရင် ရှိနေတဲ့ 'အမှန်တန်ဖိုး'ဟာ ပေါ်ထွန်းလာမှာပါ။ အဲဒီလိုမျိုးတန်ဖိုးထားတတ်တဲ့ လူမှုပတ်ဝန်းကျင်ဖြစ်လာမှ သိက္ခာရှိတဲ့လူတွေနဲ့ ဖွဲ့စည်းထားတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာမှာပါ။ အဲဒီလိုမျိုး လူ့အဖွဲ့အစည်း ပေါ်ထွန်းလာတာနဲ့အမျှ ဥပဒေကိုကျင့်ဝတ်လိုက်နာတတ်တဲ့ တရားဥပဒေစိုးမိုးတဲ့ ဒီမိုကရေစီကျင့်စဉ်နဲ့လိုက်လျောတဲ့ အဆင့်မြင့်လူ့ဘောင်ကြီး ပေါ်ပေါက်လာမှာ မလွဲ ဧကန်ဖြစ်ကြောင်းပါ။

Written by မောင်တင်ဦး(မြောင်းမြ)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)