ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, January 3, 2012

ပန်းတိုင်းရယ်……… တ,တိုင်း မွှေးစေတော့…..

>
Facebook စာမျက်နှာပေါ်မှာ ဗွီဒီယိုဖိုင်တခု ကြည့်လိုက်ရပါတယ်။ မြန်မာယောက်ျားလေးတစုက မြန်မာမိန်းကလေးနှစ်ယောက်ကို မညှာမတာ ရိုက်နှက်နေတာပါ။ ကြည့်ပြီးတော့ ရင်ထဲမှာ တော်တော်လေးကို မကောင်းဖြစ်မိတယ်။ ဒီလောက်ထိတော့ မလုပ်သင့်ကြပါဘူးလေ ဆိုတဲ့အတွေးက အများနဲ့ထပ်တူထပ်မျှပါ။ အမှန်အတိုင်း ရိုးသားစွာ ၀န်ခံရရင် ဒီထက်ပိုတဲ့မှတ်ချက်အနေနဲ့ ရင်ထဲမှာ မရှိသလို ဒီမိန်းကလေးနှစ်ယောက်ဘက်က ပြတ်ပြတ်သားသား ရပ်တည်နိုင်တဲ့အင်အားလည်း ကျနော့်မှာကင်းမဲ့နေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဗွီဒီယိုဖိုင်ဟာ မလေးရှားမှာဖြစ်ခဲ့တဲ့ အကြောင်းအရာတခုဖြစ်သလို ကျနော်ကိုယ်တိုင် ဆယ်စုနှစ်တခုစာလောက် မလေးရှားနိုင်ငံမှာ ရှိနေခဲ့လို့ပါ။ ရေးမယ်ရေးမယ်နဲ့ စိတ်ကူးသာရှိခဲ့တဲ့ အကြောင်းအရာတွေလည်း ဗွီဒီယိုဖိုင်နဲ့အတူ ဟိုတစဒီတစ ပြန်ပေါ်လာခဲ့ပြီး ရင်ထဲမှာလည်း ခံစားချက်ပေါင်းများစွာနဲ့ ပြည့်သိပ်မွန်းကျပ်နေပါတယ်။ သေချာပါတယ်။ တစုံတခု (သို့) တစုံတခုပေါင်းများစွာကို ချရေးဖြစ်တော့မယ်လို့………..

ကျနော် မလေးရှားနိုင်ငံကို စရောက်တဲ့အချိန်တုန်းက မြန်မာအမျိုးသမီးဆိုရင် ရွှေထက်ရှားပါတယ်။ မှီခိုနဲ့နေထိုင်သူ၊ ကျောင်းတက်နေသူ၊ စွန့်စွန့်စားစားနဲ့ ထိုင်းနိုင်ငံကိုဖြတ်ပြီး မလေးရှားကို အောက်လမ်းကလာသူ အဲဒီလို အမျိုးသမီးအနည်းငယ်လောက်ပဲ ရှိခဲ့ပါတယ်။ ချင်ခြင်းတပ်လို့ မြန်မာမိန်းကလေးကို ကြည့်ချင်ရင်တောင် ဘယ်နေရာမှာ မြန်မာမိန်းကလေးရှိလည်းဆိုတာ စုံစမ်းပြီး ရထားတတန်၊ ကားတတန်နဲ့ သွားကြည့်ရပါတယ်။ အဲသလောက်ထိအောင်ကိုရှားပြီး မလေးရှားနိုင်ငံမှာ မြန်မာမိန်းကလေးဟေ့ဆိုရင် တခြားနိုင်ငံသားတွေအတွက်ပါမက မြန်မာအမျိုးသားတွေအတွက်ပါ အရမ်းကို တန်ဖိုးရှိခဲ့ပါတယ်။

ပြည်သူလူထုကို ဆင်းရဲတွင်းထဲ နစ်သထက်နစ်အောင် ဆွဲချခဲ့တဲ့ အုပ်စိုးသူ အာဏာရှင်အဆက်ဆက်က တိုင်းပြည်မွဲပြာကျနေတာကို နည်းလမ်းမှန်စွာ မဖြေရှင်းဘဲ ဖိနပ်သေးနေရင် ဖနောင့်ဖြတ်ပစ်ရမယ် ဆိုတဲ့ ရွှေဥာဏ်တော်စူးရောက်မှုနဲ့အတူ နောက်ပိုင်းမှာ မြန်မာမိန်းကလေးတွေဟာ တရားဝင်ပြည်ပထွက် အလုပ်လုပ်ခွင့်ရခဲ့ကြပါတယ်။ မြန်မာမိန်းကလေးပေါင်းများစွာဟာ မိမိဘ၀ရပ်တည်ရေး၊ မိမိရဲ့ မိသားစုဘ၀ရပ်တည်ရေးတွေအတွက် တယောက်လုပ်လို့မှ တယောက်ထမင်းမ၀နိုင်တဲ့ ချစ်လှစွာသော မြန်မာနိုင်ငံတော်ကြီးကိုစွန့်ခွာပြီး ပြည်ပထွက် အလုပ်လုပ်ကြရပါတော့တယ်။ အဲဒီအချိန်ကစလို့ မလေးရှားနိုင်ငံမှာလည်း မြန်မာမိန်းကလေးတွေ ဖောင်းပွလာလိုက်တာ ဘတ်စ်ကားပေါ်မှာတောင် မိန်းမမကောင်းကြောင်းကို မြန်မာစကားနဲ့ ကျယ်ကျယ်မပြောဝံ့တဲ့ အခြေအနေကို ရောက်ခဲ့ပါတယ်။

မလေးရှားနိုင်ငံကို အလုပ်လုပ်ဖို့ ရောက်လာခဲ့ကြတဲ့ မြန်မာမိန်းကလေးတွေထဲမှာ တချို့ဆိုရင် ကံကောင်းထောက်မစွာနဲ့ သူဌေးကောင်း၊ အေးဂျင့်ကောင်းတွေနဲ့ ဆုံခဲ့ရပြီး အလုပ်ကောင်းတွေရကြသလို ထိုက်တန်တဲ့လစာလည်း ရခဲ့ကြပါတယ်။ တချို့ကျတော့လည်း စိတ်ကောင်းမရှိတဲ့သူဌေးတွေ၊ လူလိမ်ပွဲစားတွေနဲ့ ကြုံတွေ့ခဲ့ရပြီး မိမိလုပ်အားနဲ့ထိုက်တန်တဲ့အခကြေးငွေမရတာတွေ၊ ခေါင်းပုံဖြတ်ခံရတာတွေ၊ အလုပ်ရှင်က ညှင်းပန်းနှိပ်စက်တာတွေ၊ စတဲ့ဒုက္ခအပေါင်းကို ခါးစည်းခံခဲ့ရပါတယ်။

သည်းမခံနိုင်ကြတဲ့အဆုံး ဘာပဲဖြစ်ဖြစ် မြန်မာပြည်ပဲပြန်တော့မယ် ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ အောင်ဖျာလိပ်ခဲ့ရတဲ့ မိန်းကလေးတွေ အများကြီးရှိသလို မလေးရှားလာရမယ့်စရိတ်ကို အတိုးပေးအကြွေးနဲ့ချေးငှားပြီး ကြွေးမကျေသေးရင် ပြန်လို့မဖြစ်နိုင်ကြလို့ ကြုံသမျှဒုက္ခအပေါင်းကို ကျိတ်မှိတ်သည်းခံပြီး မနက်ပင်ပင်ပန်းပန်းလုပ် ညဖက်မျက်ရည်နဲ့ အဖော်ပြုနေကြရတဲ့ မြန်မာမိန်းကလေးတွေလည်း မလေးရှားနိုင်ငံမှာ ဒုနဲ့ဒေး ရှိနေကြပါသေးတယ်။ တနေ့မှ လုပ်အားခ ၁၈ ရင်းဂစ်သာရပြီး အချိန်ပိုမရှိ ဘာခံစားခွင့်မှမရှိဘဲ ရတဲ့ချွေးနည်းစာလေးကို ခြစ်ခြစ်ကုတ်ကုတ်စု အကြွေးလေးဖဲ့ပြီးဆပ်နိုင်အောင် ကျန်ခဲ့တဲ့မိသားစု တတ်နိုင်သမျှအဆင်ပြေအောင် ပို့ပေးနေရတဲ့ မြန်မာမိန်းကလေးတွေ ယနေ့အချိန်အထိ မလေးရှားမှာ ရှိနေပါသေးတယ်။

ဒါပေမယ့် သူတို့လေးတွေ ဖြူစင်ခဲ့ကြပါတယ်။ သူတို့လေးတွေ ရိုးသားစွာ၊ သိက္ခာရှိစွာ၊ သန့်ရှင်းစွာ၊ ဆင်းရဲပင်ပန်းစွာ အလုပ်လုပ်ပြီး မြန်မာမိန်းကလေးတယောက်ဆိုတဲ့ အမျိုးဂုဏ်ကို ကာကွယ်စောင့်ထိန်းနေကြပါတယ်။ အလွန်နည်းပါးလှတဲ့ အရေအတွက်နဲ့ မိန်းကလေးတွေကတော့ မိမိတိုင်းပြည်ကိုလည်း ပြန်လို့မဖြစ် တိုင်းတပါးမှာကြုံတွေ့ရတဲ့ ဒုက္ခတွေ၊ အခက်အခဲတွေကိုလည်း မကျော်လွန်နိုင်တဲ့အဆုံးမှာ ပိုက်ဆံအလွယ်တကူရနိုင်မယ့် နည်းလမ်းကို ရှာဖွေပြီး ထွက်ပေါက်လို့ထင်ရတဲ့အရာထဲကို မိုက်မိုက်မဲမဲ တိုးဝင်ခဲ့ကြပါတယ်။

ယနေ့အချိန် အင်တာနက်မှာ ဗွီဒီယိုဖိုင် ပြန့်နှံ့နေသလို ကုန်ခဲ့တဲ့နှစ်တွေတုန်းကလည်း “မလေးရှားမှာရှိတဲ့ မြန်မာမိန်းကလေးတွေ ဖုန်းတလုံးပေးရင်ခေါ်ရာလိုက်တယ်။

ပိုက်ဆံ ၂၀၀ ပေးရင် ရတယ်’’ ဆိုတဲ့ သတင်းတပုဒ် တော်တော်လေးကို ပြန့်ခဲ့ပါတယ်။ မလေးရှားမှာနေနေတဲ့ ကျနော့်အတွေ့အကြုံအရ မှန်ကန်တဲ့သတင်းမဟုတ်သလို မှားယွင်းတဲ့သတင်းလည်း မဟုတ်ပါဘူး။ မှန်ကန်တဲ့သတင်း မဟုတ်ဘူးဆိုတာက မလေးရှားမှာရှိတဲ့ မြန်မာမိန်းကလေးတိုင်း မဟုတ်ပါဘူး။ မှားယွင်းတဲ့ သတင်းမဟုတ်ဘူးဆိုတာကတော့ အပေါ်မှာရေးခဲ့တဲ့ အလွန်နည်းပါးလှတဲ့ မြန်မာမိန်းကလေးတွေကို အမှန်တကယ်ပဲ ခေါ်လို့ရပါတယ်။ မလေးရှားနိုင်ငံက နယ်တွေဖက်ကို အလုပ်ကိစ္စနဲ့ ခဏရောက်တဲ့အချိန်တွေမှာ နီပေါနဲ့တွဲနေတဲ့ မြန်မာမိန်းကလေးတွေ၊ ဘင်္ဂလားနဲ့တွဲနေတဲ့ မြန်မာမိန်းကလေးတွေကို ရံဖန်ရံခါ တွေ့ရပါတယ်။ မြန်မာလူမျိုးတယောက်အနေနဲ့ စိတ်ထဲမှာ မချိပေမယ့် သူတို့တွေရဲ့ အခက်အခဲကြောင့်ဆိုပြီးတော့ စာနာနားလည်ခဲ့ရပါတယ်။

သူငယ်ချင်းတယောက်ရဲ့ အတွေ့အကြုံဆိုရင်- ဘင်္ဂလားတယောက်က သူကိုပြောတယ်။ (မရိုသေ့စကား) မင်းတို့ မြန်မာမတွေ ပိုက်ဆံ ၂၀၀ ပေးရင် တညလုံးအိပ်လို့ရတယ် တဲ့။ ဒါနဲ့ သူငယ်ချင်းက ဟုတ်လို့လားကွာ လို့ ပြန်မေးတော့ ဘင်္ဂလားက ငါတောင်အိပ်ပြီးသွားပြီ၊ မင်းကိုငါချိတ်ပေးရမလား လို့ ပြန်ဖြေတယ် တဲ့။ အဲဒီလို အပြောခံခဲ့ရတဲ့ သူငယ်ချင်းဟာ ဒီစာရေးနေတဲ့အချိန်မှာ ကျနော်နဲ့ တအိမ်တည်းရှိနေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကတင် မကောင်းတာလုပ်တဲ့နေရာကို ၀င်ဖမ်းတာ မြန်မာမိန်းကလေးတွေပါ ဖမ်းမိတယ် ဆိုတဲ့သတင်း မလေးရှားသတင်းစာတစောင်မှာ ဖတ်လိုက်ရပါတယ်။

လူတယောက်ရဲ့ အခက်အခဲကြောင့် ဖြစ်လာခဲ့ရတဲ့ဘ၀ရပ်တည်မှုကို နားလည်ပေးနိုင်ကြပေမယ့် ဒီလိုအနည်းငယ်သော မြန်မာမိန်းကလေးတချို့ရဲ့လုပ်ရပ်ဟာ “မလေးရှားမှာရှိတဲ့ မြန်မာမတွေ” ဆိုတဲ့စကားကို ပေါ်ပေါက်လာစေခဲ့ပြီး သိက္ခာရှိစွာနဲ့ မလေးရှားမှာ အလုပ်လာလုပ်နေကြတဲ့ မြန်မာအမျိုးကောင်းသမီးတွေကိုပါ ထိခိုက်စေခဲ့ပါတယ်။ ဒီကနေတဆင့်တက်ပြီး “မင်းတို့မြန်မာမတွေ” ဆိုတဲ့စကားနဲ့ မြန်မာအမျိုးသမီးတွေအကုန်းလုံးကို ထိခိုက်လာပါတယ်။ ထိုမှတဆင့် အမျိုး၊ ဘာသာ၊ သာသနာတွေကိုပါ ထိခိုက်လာနိုင်ပါတယ်။

လူတိုင်းမှာ မွေးရာပါလူ့အခွင့်အရေး၊ မိမိဘ၀ မိမိပြဌာန်းနိုင်တယ်ဆိုတဲ့ ကိုယ်ပိုင်အခွင့်အရေးတွေ ရှိကြတယ်ဆိုပေမယ့် အရာရာတိုင်းကို ဒီခေါင်းစဉ်အောက်ဆွဲသွင်းပြီး ထင်ရာစိုင်းနိုင်တဲ့ အခွင့်အရေးတော့ မရှိသင့်ကြပါဘူး။ မိမိကြောင့် ပတ်ဝန်းကျင်ကိုထိခိုက်နိုင်စေမယ့် အမျိုး၊ ဘာသာ၊ သာသနာ ကို ထိခိုက်နိုင်စေမယ့် လုပ်ရပ်မျိုး၊ အပြုအမူမျိုးကိုတော့ ရှောင်ကြဉ်သင့်ကြပါတယ်။

ဒီစာကိုရေးရတာ ဗွီဒီယိုဖိုင်ထဲက အရိုက်ခံရတဲ့ မိန်းကလေးတွေကို နှမသားချင်း မစာနာလို့ ရေးတာမဟုတ်သလို ရိုက်နှက်နေတဲ့သူတွေကိုလည်း သဘောတူထောက်ခံပြီး ရေးတာမဟုတ်ပါဘူး။ မြန်မာမိန်းကလေးတယောက်ကို ဘယ်နိုင်ငံခြားသားကမဆို တန်ဖိုးထားလေးစားပြီး ချီးကျူးပြောဆိုတဲ့စကားသာ ကြားချင်တဲ့စိတ်နဲ့ ရေးခြင်းဖြစ်ကြောင်း၊ အာဏာရှင်အဆက်ဆက်ရဲ့ တကိုယ်ကောင်းဆန် ကိုယ်ကျိုးရှာမှုတွေကြောင့် အဖက်ဖက်က နိမ့်ကျနေတဲ့ မိမိနိုင်ငံရဲ့ အခြေအနေအရ တိုင်းတပါးမှာ မလွှဲမရှောင်သာ အလုပ်လုပ်နေကြရတဲ့အချိန်မှာ မိမိရဲ့ကိုယ်ကျင့်သိက္ခာနဲ့တကွ အမျိုး၊ ဘာသာ၊ သာသနာကို မိမိကိုယ်တိုင်စောင့်ထိန်းရမှာဖြစ်ကြောင်း၊ မိမိရွေးချယ်ခဲ့တဲ့လုပ်ရပ်ကြောင့် သူတပါးကိုပါ ထိခိုက်နစ်နာစေနိုင်တဲ့ လုပ်ရပ်များကို ရှောင်နိုင်ကြပါစေကြောင်း ရည်ရွယ်ချက်နဲ့ မြန်မာမိန်းကလေးတိုင်းကို နှမသားချင်းလို သဘောထားပြီး ရေးခြင်းသာ ဖြစ်ပါတယ်။

(အင်တာနက်ကွန်နက်ရှင် အခက်အခဲကြောင့် ဗွီဒီယိုဖိုင်ကို တင်ပေးလို့မရပါဘူး။ ကြည့်ချင်သူများရှိရင် ဒီမှာ ၀င်ရောက်ကြည့်နိုင်ကြပါတယ်)

**မောင်ပါလ**
၃.၁.၂၀၁၂

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)