ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, January 5, 2012

အိန္ဒိယနိုင်ငံတွင် ပေါ်ထွန်းခဲ့သော မဟာယာနဗုဒ္ဓဘာသာအကြောင်း (၅)

>

**ရဋ္ဌပါလပရိပုစ္ဆာသုတ္တန် မှ ရှေးဦးမဟာယာနဗုဒ္ဓဘာသာ၏သွင်ပြင်**

အေဒီ (၆) ရာစုတွင် မဟာယာနဗုဒ္ဓဘာသာသည် ပေါ်လွင်
ထင်ရှားသောသီးခြားဂိုဏ်းကြီးအဖြစ်ရပ်တည်နိုင်လာသည့် တိုင်အောင် ၎င်း
တည်ရှိနေသော ဒေသများမှာ ရှေးဦးဗုဒ္ဓဘာသာဂိုဏ်းများ အားမကောင်းသည့်
အရပ်ဒေသများ သာဖြစ်နေခဲ့သည် ကို တွေ့ရသည်။ ရှေးဦးမဟာယာနဗုဒ္ဓဘာသာသည်
မူလဗုဒ္ဓဘာသာ၏ ပဋိပတ္တိလုပ်ငန်း အစဉ်အလာကို
ပြန်လည်ဖေါ်ထုတ်ရန်ကြိုးပမ်းသောလုပ်ရပ်ဖြစ်နိုင်သည်။
ရှေးဦးမဟာယာနဗုဒ္ဓဘာသာ ရဟန်းတော်များသည်
ပဋိပတ္တိလုပ်ငန်းနှင့်ဘုရားဖြစ်ရေးလမ်းစဉ်ကို
ပြန်လည်ထွန်းညှိသူများဖြစ်နိုင်ပေသည်။

ယင်းအချက်နှင့်ပတ်သက် ရှေးဟောင်းမဟာယာနသုတ္တန်များ ဖြစ်သော
ရဋ္ဌပါလပရိပုစ္ဆာသုတ္တန် ၂ ခု = စူဠ ရဋ္ဌပါလပရိပုစ္ဆာသုတ္တန် နှင့် မဟာ
ရဋ္ဌပါလပရိပုစ္ဆာသုတ္တန် တွင့်လေ့လာတွေ့ရှိနိုင်လေသည်။
စူဠ ရဋ္ဌပါလပရိပုစ္ဆာသုတ္တန် မှာ အစဉ်အလာ ရှေးဦးဗုဒ္ဓ၀ါဒဆန်သော
သင်ကြားမှုများသာတွေ့ရသည်။ ရဟန်းတော်များ ၀ိနည်းကျင့်ဝတ်ကိုလိုက်နာကြရန်
ပဋိပတ္တိလုပ်ငန်း အားထုတ်ကြရန် သွန်သင်ဆုံးမချက်များကို တွေ့ရသည်။
မဟာ ရဋ္ဌပါလပရိပုစ္ဆာသုတ္တန် မှာ စူဠ ရဋ္ဌပါလပရိပုစ္ဆာသုတ္တန် ကို
အခြေခံချဲ့ထွင်ထားဟန်ရှိပြီး
ဗောဓိသတ္တ ရဟန်းများကို ရဟန်းကောင်းများအဖြစ်ဖေါ်ပြ အမွမ်းတင်ထားသည်
ကိုတွေ့ရ၏။ယင်းသုတ္တန်တွင်ဗောဓိသတ္တရဟန်းများ အတွက် တောရ
ဆောက်တည်ကျင့်သုံးရန် ညွန်ကြားချက်များ-အပြစ်အာပတ်များ ကို
ဖေါ်ပြထားပါသည်။ ထို့အပြင် ခေတ်ပြိုင် ဗုဒ္ဓဘာသာလောက၏
ယိုယွင်းပျက်စီးနေပုံများကို မီးမောင်းထိုးပြထားခဲ့ပြီး ရဟန်းဆိုး
ရဟန်းညစ်တို့ ကြီးထွားနေဟန် ရဟန်းဆိုး ရဟန်းညစ်တို့၏ မှားယွင်းသော
အကျင့်စရိုက်များ ကို ဖေါ်ပြထားပါသည်။ဈာန်မဂ်ဖိုလ်ကို
ဆောက်တည်ကျင့်သုံးနေသော ဗောဓိသတ္တရဟန်းများ ကို ကျောင်းတိုက်မှနှင်ထုတ်ပုံ
ရိုက်နှက်ပုံ ရဟန်းဆိုး ရဟန်းညစ်တို့ အပယ်ငရဲသို့သာလားကြရမည့်အကြောင်း
ကိုလည်း တွေ့ရ၏။

မဟာ ရဋ္ဌပါလပရိပုစ္ဆာသုတ္တန် မှာ ရှေးဟောင်း ဇာတက (ဇာတ်တော်) များကို ကိုးကား
ဗောဓိသတ္တရဟန်းများ ကျင့်သုံးရန် ဘုရားလောင်းကျင့်ဝတ်များကို ဖေါ်ညွန်းထား
ခဲ့သည့်အပြင်ဗုဒ္ဓအဖြစ်သည် ရဟန္တာအဖြစ်ထက် အလွန်အကျူး သာလွန်ထူးမြတ်ကြောင်း
ကို ဖေါ်ပြထားလေသည်။သကျမုနိ အလောင်းလျာဗောဓိသတ္တ သည် မှားယွင်းသော
အကျင့်စရိုက်များ ရှိသည့် ရဟန်းဆိုး ရဟန်းညစ်တို့ နှင့်
မည်မျှခြားနားကြောင်းကို အသားပေးဖေါ်ပြထားလေသည်။

နောက်သုတ္တန်တစ်ခုဖြစ်သော သူရိယဂဗ္ဘသုတ္တန် တွင် မှားယွင်းသော
အကျင့်စရိုက်များကျင့်ကြံနေသော ၀ိနည်းမလေးစားသော ရဟန်းဆိုးတို့ ကို
နှင်ထုတ်ရန်အတွက် ဥပသကာများကို တိုက်တွန်းထားခဲ့လေသည်။ အကယ်၍ ဥပသကာများက
ရဟန်းဆိုးတို့ ဖက်ကရပ်တည်ခဲ့လျှင် ဗောဓိသတ္တရဟန်းများ အနေဖြင့်
ငြိမ်းချမ်းစွာ ထွက်သွားရန်နှင့် တောရဆောက်တည်ကြရန် ဖေါ်ပြထားသည်ကို
တွေ့ရပါသည်။

ဂရီဂိုရီ ရှိုပင် (Gregory Schopen) ၏ သုံးသပ်ချက်အမြင်အတိုင်းဆိုရပါလျှင်
ရဋ္ဌပါလပရိပုစ္ဆာသုတ္တန် နှင့် ခေတ်ပြိုင် သံဃာအဖွဲ့အစည်း သည်
ကမ္မဋ္ဌာန်းတရားအလုပ်အားထုတ်ခြင်းမရှိလှပဲ အလယ်ခေတ် ရောမကျောင်းတော်ကဲ့သို့
ပိုင်ဆိုင်မှုများဖြင့်ကြွယ်ဝလျှက် ကျောင်းတိုက်များတွင် ကျေးကျွန်များပါ
အလုပ်အကျွေးပြုလျှက် ရှိ ခေတ်ပြိုင် သံဃာအဖွဲ့အစည်းသည် ကမ္မဋ္ဌာန်းတရား
အလုပ်အားထုတ်ကြသော ရဟန်းများကို မျက်နှာသာပေးပုံမရပဲ လူပြိန်းကြိုက်
ဘာသာတရားတစ်ခုအသွင် ဖြစ်နေကြောင်း သုံးသပ်ထားသည်။ ခေတ်ပြိုင်
သံဃာအဖွဲ့အစည်း သည် ကမ္မဋ္ဌာန်းတရားအလုပ်အားထုတ်ခြင်း ကိစ္စများထက်
ပရိယတ္တိစာပေသင်ကြားခြင်း ဥပသကာတို့၏ ဘာသာရေးဆိုင်ရာလိုအပ်များ ကို
ဝန်ဆောင်မှုပေးခြင်း စသောကိစ္စရပ်များတွင်သာ အချိန်ပေးလျှက်ရှိပြီး
ကမ္မဋ္ဌာန်းတရား အလုပ်အားထုတ်ကြသော ရဟန်းများကို သာသနာတော်
ထွန်းကားပြန့်ပွားရေးအတွက် တာဝန်မကျေပွန်သော ရဟန်းများ
အဖြစ်သတ်မှတ်ခဲ့သော ကာလလည်းဖြစ်ပေသည်။

**ဥဂ္ဂပရိပုစ္ဆာသုတ္တန် တွင်လာသောလူဥပသကာ ဗောဓိသတ္တ၏ အခန်းကဏ္ဍ**

ဥဂ္ဂပရိပုစ္ဆာသုတ္တန် မည်သော ရှေးဦးမဟာယာနဗုဒ္ဓဘာသာဆိုင်ရာ
သုတ္တန်တစ်ခုတွင်မူ ရဟန်းမဟုတ်သော လူဥပသကာ ဗောဓိသတ္တ၏ အခန်းကဏ္ဍကို
ရှေ့တန်းတင်ကာဖေါ်ပြလာသည်ကိုတွေ့ရ၏။ ဤနေရာတွင် လူဥပသကာ ဗောဓိသတ္တ ဟူသည်မှာ
သာမန် ဗုဒ္ဓဘာသာဝင် ဥပသကာမဟုတ်မူပဲ ကမ္မဋ္ဌာန်းတရားအလုပ်အားထုတ်ခြင်း
ကိစ္စများတွင် ဘ၀ကိုနှစ်မြုပ်လျှက် ကျင့်ကြံအားထုတ်နေသော
လူသူတော်စင်ပုဂ္ဂိုလ်မျိုးကို ဆိုလိုဟန်တူလေသည်။ လူဥပသကာ ဗောဓိသတ္တသည်
လူသားတစ်ဦးအနေဖြင့်လူ့ဘောင်လောကတွင် နေထိုင်လျှက်က မြတ်သောဗြဟ္မစရိယ
အကျင့်ကိုကျင့်သုံးသူ ဖြစ်သောကြောင့် စင်စစ် အားဖြင့် ဇနီးမယားဟူသော
မာတုဂါမသည် သူ့အတွက် ဗောဓိသတ္တ လမ်းစဉ်အတွက် အဟန့်အတားသဖွယ်ဖြစ်ရကြောင်း
မိမိ၏ သားမယား အပေါ် စွဲလန်းနှစ်သက်တွယ်တာမှုအစား ဝေနေယျသတ္တ၀ါအားလုံး အတွက်
တူညီသော မေတ္တာ ကရုဏာ ကိုသာထားရှိသင့်ကြောင်း ကို ထိုသုတ္တန်တွင်
ဖေါ်ပြထားလေသည်။

လူဥပသကာ ဗောဓိသတ္တသည် ရဟန်းတော်များကို ချဉ်းကပ်ကာ ဗောဓိသတ္တ လမ်းစဉ် ကို
လေ့လာဆည်းပူးသင်ယူ လေ့ကျင့်လျှက် မိမိကိုယ်တိုင်လည်း
ရဟန်းတော်ဗောဓိသတ္တတစ်ပါးအဖြစ်သို့ရောက်ရှိအောင် ကြိုးပမ်းအားထုတ်ရန်
လိုအပ်ကြောင်း ဥဂ္ဂပရိပုစ္ဆာသုတ္တန် က ညွန်ပြထားလေသည်။ အဘယ်ကြောင့်ဆိုသော်
သမ္မာသမ္ဗုဒ္ဓဘုရားရှင်အဖြစ်သို့ ရဟန်းတော်ဗောဓိသတ္တတစ်ပါးအဖြစ်မှ သာ
ရောက်ရှိနိုင်သောကြောင့် ဖြစ်ပေသည်။ ဥဂ္ဂပရိပုစ္ဆာသုတ္တန်သည် နှောင်းကာလ
မဟာယာနအယူအဆဖြစ်သော ဧကယာနအယူအဆ (သတ္တ၀ါအားလုံး သမ္မာသမ္ဗုဒ္ဓဘုရားရှင်
အဖြစ်သို့ရောက်ရှိခြင်းလမ်းစဉ်) နှင့် မတူညီခြားနားသော
အမြင်ရှိကြောင်းတွေ့ ရ၏။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်အဖြစ်
သို့ရောက်ရှိခြင်းလမ်းစဉ်သည် သတ္တ၀ါအားလုံးအတွက်မဟုတ်မူပဲ
ရှားပါးထူးချွန်ထက်မြက်သော လူနည်းစု အတွက် သာဖြစ်သည်ဟု တင်ပြထားလေသည်။

ဥဂ္ဂပရိပုစ္ဆာသုတ္တန်တွင် ရေးသားဖေါ်ပြချက်များအရ ကျောင်းအရာမ်တစ်ခုတွင်
ဗောဓိသတ္တရဟန်းတော်များရှိသလို သာမန် သာဝကလမ်းစဉ်ကို ကျင့်သုံးသော
ရဟန်းတော်များ ဓူတင်ဆောင်ရဟန်းတော်များလည်း အတူတကွ
သီတင်းသုံးနေခဲ့ကြကြောင်းတွေ့ရ၏။ ဥဂ္ဂပရိပုစ္ဆာသုတ္တန် နှင့်
ရဋ္ဌပါလပရိပုစ္ဆာသုတ္တန် တို့ ဖေါ်ပြသော ခေတ်ပြိုင် ဗုဒ္ဓဘာသာ၏ ပုံရိပ်များ
ကွဲပြားနေပုံကို လေ့လာခြင်းအားဖြင့် မဟာယာနစတင်ပေါ်ပေါက်ခဲ့ချိန်မှာ
မဟာယာန နှင့် မဟာယာနမဟုတ်သော ရဟန်းများ အတူတကွ နေထိုင်ခဲ့ကြသော်လည်း
နောက်ပိုင်းကာလများတွင် ရန်လိုစောင်းမြောင်းမှု နှင့် အယူအဆရေးရာ
ပဋိပက္ခများ ပေါ်ပေါက်လာခဲ့ပုံကို ထောက်ဆသိရှိနိုင်လေသည်။
မည်သို့ပင်ဖြစ်စေကာမူ ဥဂ္ဂပရိပုစ္ဆာသုတ္တန်၏ အမြင်မှာ
သမ္မာသမ္ဗုဒ္ဓဘုရားရှင်အဖြစ်သို့ရောက်ရန်အတွက် လူ့ဘောင် လောကမှ စွန့်ခွာပြီး
ရဟန်းအသွင်ဆောင်ယူလျှက် တောရဆောက်တည်ပြီး ကျင့်ကြံရမည်ဖြစ်ကြောင်း
ဖေါ်ပြထားရာသကျမုနိဗုဒ္ဓရှင်တော်၏ လမ်းစဉ်အတိုင်း ထပ်တူဖြစ်ကြောင်းတွေ့ရလေသည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် ရှာဖွေတွေ့ရှိခဲ့သော ရှေးဟောင်း
မဟာသံဃိကဂိုဏ်းမှ သက္ကဋဘာသာဖြင့်ရေးသားထားသော မဟာယာနသုတ္တန်တစ်ခု ဖြစ်သော
သဗ္ဗဓမ္မပရ၀ီထိနိဒ္ဒေသသုတ္တန်တွင် ဗောဓိသတ္တကျင့်စဉ်ကို မကျင့်သော
မဟာယာနအမည်ခံ ရဟန်းများကို ပြစ်တင်ရှုတ်ချထားသည်ကို တွေ့ရသည်။
သဗ္ဗဓမ္မပရ၀ီထိနိဒ္ဒေသသုတ္တန် သည် သမိုင်းစဉ်အရ နောက်ကျသော သုတ္တန်ဖြစ်ပြီး
ထိုသုတ္တန်ပေါ်ပေါက်ချိန်တွင် အရည၀ါသီ တောရဆောက်တည်သော မဟာယာနဗုဒ္ဓဘာသာ သည်
ကောင်းမွန်ထင်လင်းစွာ ရပ်တည်နေနိုင်ဟန်ရှိနေကြောင်းတွေးဆနိုင်လေသည်။

(ဆက်လက်ဖေါ်ပြပါမည်)

**စုဆောင်းတင်ပြသူ- လင်းထက်ဆွေ**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)