**အသက်အငယ်ဆုံးအမျိုးသမီးမြို့တော်ဝန် ဂျပန်နိုင်ငံ၌ ရွေးချယ်**
(တိုကျို၊ ဇန်န၀ါရီ ၂၄)
ဂျပန်နိုင်ငံ ရှီဂါစီရင်စု၏မြို့တော် အိုဆူမြို့၏မြို့တော်ဝန်အဖြစ် အသက် ၃၆ နှစ်အရွယ်ရှိ နာရိုမီကိုရှီက ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ နာရိုမီကိုရှီသည် ဟားဗတ်တက္ကသိုလ်မှ ဥပဒေဘွဲ့ရပညာတက်တစ်ဦးဖြစ်ပြီး ဂျပန်နိုင်ငံအတွက် ပထမဆုံးအမျိုးသမီးမြို့တော်ဝန်တစ်ဦးလည်း ဖြစ်လာသည်။ နာရိုမီကိုရှီသည် ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒါ၏ ဒီမိုကရက်တစ်ပါတီက ထောက်ခံအားပေးမှုဖြင့် ယှဉ်ပြိုင်ဘက် အသက် ၇၀ အရွယ်ရှိမာကိုတိုမီကာတာအား အနိုင်ရယူခဲ့ခြင်းဖြစ်သည်။ မိမိသည် ကလေးငယ်များပြုစုပျိုးထောင်ရေးနှင့် အခြားလူမှုရေးလုပ်ငန်းများကို ပြည်သူတို့အကျိုးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရွေးချယ်ခံရပြီးနောက် နာရိုမီကိုရှီက ပြောကြားလိုက်သည်။ ဂျပန်နိုင်ငံ၌ နိုင်ငံရေးနှင့်စီးပွားရေး ကဏ္ဍတို့တွင် ဦးဆောင်သည့်နေရာများ၌ အမျိုးသမီးဦးရေ အနည်းငယ်မျှသာ ပါဝင်လျက်ရှိသည်။ (အင်တာနက်)
**တောင်ကိုရီးယား စာသင်ကျောင်းများတွင် အင်တာနက် Wi-Fi ကို အခဲမဲ့သုံးစွဲခွင့်ရမည်**
(ဆိုးလ်၊ ဇန်န၀ါရီ ၂၄)
တောင်ကိုးရီးယားနိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများတွင် အင်တာနက် Wi-Fi အခမဲ့အသုံးပြု၍ရရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တောင်ကိုးရီးယားအရာရှိများက ဇန်န၀ါရီ ၂၄ ရက်၌ သတင်းထုတ်ပြန်သည်။ လက်ရှိအချိန်တွင် တောင်ကိုးရီးယား စာသင်ကျောင်းများ၌ အင်တာနက်အသုံချမှုမှာ အခငွေကြေးဖြင့် ပေးဆောင်နေဆဲဖြစ်ရာတစ်လလျှ အင်တာနက် သုံးစွဲခ အမေရိကန်ဒေါ်လာ ၅၀ ခန့်ကုန်ကျလျက်ရှိသည်။

တစ်ဖန် လက်ကိုင်ဖုန်းများတွင်လည်း အင်တာနက် Wi-Fi သုံစွဲပါက တစ်လလျှင် အမေရိကန်ဒေါ်လာ ၅၀ ခန့်ကုန်ကျလျက်ရှိသည်။ အကယ်၌ အင်တာနက်ကို အခမဲ့ သုံးစွဲခွင့်ရရှိပါက ကျောင်းသားကျောင်းသူမျးအနေဖြင့် အဆိုပါကုန်ကျငွေများကို အခြားအသုံးစရိတ်များတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ (အင်တာနက်)
**ထိုင်းနိုင်ငံ၌ အိမ်မီးလောင်မှုဖြစ်ပွားနေစဉ် ဇနီးသည်ကိုကယ်ထုတ်ရာမှ ခင်ပွန်းသေဆုံး**
(ဗန်ကောက်၊ ဇန်န၀ါရီ ၂၄)
ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ချာတူချက်ခရိုင်တွင် ဇန်န၀ါရီ ၂၄ ရက်က အိမ်တစ်လုံးမိးလောင်မှုဖြစ်ပွားရာ ခင်ပွန်းဖြစ်သူက ဇနီးသည်ကို ကယ်ဆယ်ရင်း မီးလောင်ခံရပြီးနောက် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ အသက် ၅၃ နှစ်အရွယ် နာရောင်းတန်တီဂျာတာနာနွန့်အမည်ရှိ အမျိုးသားသည် နေအိမ်မီးလောင်မှုဖြစ်ပွားသည်နှင့် ဒုတိယထပ်မှခုန်ချကာ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားပြီးနောက် အိမ်အတွင်း ဇနီးသည်ပိတ်မိနေခဲ့သည်ကိုသိရှိကာ မီးတောက်မီးလျှံများကြားမှ နေအိမ်အတွင်း ပြန်ဝင်ပြီးဇနီးသည်အား ကယ်ထုတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် အိမ်အမိုးတန်းများပြုကျမှုနှင့် မီးလောင်မှုများခံရပြီး နရောင်းတန်တီဂျာနာမှ သေဆုံးခဲ့သည်။ ဇနီးဖြစ်သူ အသက် ၅၂ နှစ်အရွယ်ရှိ ဂျောင်ကိုလ်နေးမှာ ဦးခေါင်းနှင့် ရင၉်ဘက်တို့တွင်အနည်းငယ် မီးလောင်ခံရပြီး ခြေထောက်တစ်ချောင်းအရိုးကျိုးခဲ့သော်လည်း အသက်ရှင်ခဲ့သည်။ သူမအား ဘက်ဟာဗာဒီကိုဆေးရုံသို့ တင်ပို့ကာ ဆေးကုသမှုခံယူစေလျက်ရှိသည်။ (အင်တာနက်)
**အမေရိကန်နိုင်ငံ၌ မုန်တိုင်းတိုက်ခတ်၊ နေအိမ်များပျက်စီး**
(၀ါရှင်တန်၊ ဇန်န၀ါရီ ၂၄)
အမေရိကန်နိုင်ငံ အလာဘားမားပြည်နယ်တွင် ဇန်န၀ါရီ ၂၃ ရက်က မုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်များပျက်စီးကာ နှစ်ဦးသေဆုံးပြီး လူ ၁၀၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း အလာဘားမားပြည်နယ်အရာရှိများက ဇန်န၀ါရီ ၂၄ ရက်တွင် ထုတ်ဖော်ပြောကြားသည်။ မုန်တိုင်း တိုက်ခတ်မှုကြောင့် အလာဘားမားပြည်နယ် အော့က်ဂရော့ဗ်မြို့နှင့် ကလေမြို့တို့တွင် ထိခိုက်ပျက်စီးမှုအများဆုံး ဖြစ်ပေါ်ခဲ့သည်။ မော်တော်ယာဉ်များ ပျက်စီးပြီး သစ်ပင်များပြိုလဲကာ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ခဲ့သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:
Post a Comment