**ဒီနေ့ပို့မယ့်နေရာ**
လူတစ်ယောက်က ခြင်္သေ့တစ်ကောင်နှင့် အတူ မြို့ထဲတွင် လမ်းလျှောက်လာသည်ကို ရဲသားတစ်ဦးမှ မြင်သောအခါ -
"ဟေး.. ခင်ဗျား အဲ့ဒီ ခြင်္သေ့ကို တိရစ္ဆာန်ရုံ သွားပို့သင့်တယ်"
"ဟုတ်ကဲ့"

နောက်ရက်တွင်လည်း ထိုလူအား မြို့လယ်ခေါင်တွင် ခြင်္သေနှင့် အတူ တွေ့ပြန်ရာ ရဲသားက -
"ဟေ့လူ ခင်ဗျားကို ကျုပ် မနေ့က ပြောတယ်လေ... အဲ့ဒီ ခြင်္သေ့ကို တိရစ္ဆာန်ရုံ သွားပို့ဖို့"
"ဟုတ်ကဲ့ ပို့ခဲ့ပါတယ်... ဒီနေ့တော့ ရုပ်ရှင်ရုံ လိုက်ပို့မယ် စိတ်ကူးမိလို့"
+++++++++
**စိတ်မပူနဲ့**
စိတ်ကျန်းမာရေးဆေးရုံကို ရောက်လာပြီး ဖြေဖျော်မယ့် တေးသံရှင်တဦးက ပရိသတ်ထဲက လူနာတယောက်ကို -
"ခင်ဗျား ကျွန်တော် ဘယ်သူလဲဆိုတာ သိသလား"
"ဗျာ"
"ကျွန်တော် ဘယ်သူလဲဆိုတာ သိသလားလို့ မေးတာ"

လူနာက သေသေချာချာ ကြည့်လိုက်ပြီး -
"စိတ်မပူပါနဲ့ဗျုာ... ဆရာဝန်ကြီး လာတော့ သူပြောပြပါလိမ့်မယ်။ ကျွန်တော်တို့လည်း ဒီရောက်စက ကိုယ့်ကိုယ်ကို ဘယ်သူမှန်း မသိကြပါဘူး"
+++++++++
**နှစ်ယောက်စာ**
စိတ်ကျန်းမာရေး ဆေးရုံတွင် ဖြစ်သည်။ လူနာအခန်းထဲသို့ သူနာပြုဆရာမ ၀င်လာပြီး လူနာရှေ့တွင်
နံနက်စာ ဆန်ပြုတ် ပန်းကန်ကိုချသည်။ ပန်းကန်ထဲတွင် ယင်ကောင် တစ်ကောင် ယက်ကန်ယက်ကန် ဖြစ်နေသည်။
ဤသည်ကို ကြည့်ပြီး လူနာက ဆရာမကို ၀မ်းနည်းသံနှင့် ပြောသည်။
"အဲဒါ... ကျွန်တော်တို့ နှစ်ယောက် အတွက်လားဟင်"
**Blogger Rose**

No comments:
Post a Comment