**ပါပူဝါနယူးဂီနီနိုင်ငံ၌ မြေပြိုမှုဖြစ်ပွား ၆၀ သေဆုံး**
(ပိုမို့ရက်ဘိုင်၊ ဇန်န၀ါရီ ၂၅)
ဖြစ်ပွားမှုမှာ တောင်ပိုင်း ကုန်းမြင့်ဒေသရှိ တာရီမြို့တွင် ဇန်န၀ါရီ ၂၄ ရက် နံနက် ၇ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၄င်းနေရာမှာပါပူဝါနယူးဂီနီမြို့တော်၏ အနောက်မြောက်ပိုင်းတွင်တွင်တည်ရှိပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီတစ်ခုက စီမံကိန်းတစ်ရပ်အကောင်အထည်ဖော်နေသော ဒေသတစ်ခုလည်း ဖြစ်သည်။ ကယ်ဆယ်ရေးအဖွဲ့များက မြေပြိုမှုဖြစ်ပွားသည့် နေရာသို့သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ (အင်တာနက်)
**မလေးရှားနိုင်ငံ ဘော်နီရိုကျွန်း၌ မြေကျင်းအတွင်းကျနေသော တစ်လသားအရွယ် ဆင်ထီးကလေးအား ကယ်ဆယ်နိုင်ခဲ့**
(ကွာလာလမ်ပူ၊ ဇန်န၀ါရီ ၂၅)
အဆိုပါဆင်လေးမှာ အထီးဖြစ်ပြီး ဘော်နီကျွန်းဆာဘက်ပြည်နယ်ရှိ အုန်းပင်စိုက်ခင်းတစ်ခင်းအနီး အလွန်နက်သောမြေကျင်းအတွင်း ကျရောက်နေခြင်းဖြစ်သည်။

ယခုအဖြစ်အပျက်မျိုး ကယ်ဆယ်ခဲ့မှုမှာ ၂၀၀၉ ခုနှစ်ကတည်းက စတင်ပြီး ငါးကြိမ်မြောက်ဖြစ်သည်။ ယင်းသို့ ကယ်ဆယ်မှုများအနက် သုံးကြိမ်မှာ မြေကျင်းအတွင်း၌ ဆင်လေးများ သေဆုံးနေခဲ့သည်။ ဘော်နီရိုကျွန်းသစ်တောဧရိယာအတွင်း ဆင်ရိုင်းကောင်ရေ ၂၀၀၀ ခန့် ရှိကြောင်း၊ ယင်းတို့မှာ အာရှမျိုးကွဲဆင်မျိုးများဖြစ်ကြောင်း၊ အရွယ်အစားမှာ အခြားဆင်များထက် ခန္ဓာကိုယ်အရွယ်အစားသေးငယ်ကြောင်း ၄င်းတို့က ပြောကြားသည်။ ယခုကယ်ဆယ်လိုက်သည့် ဆင်ထီးလေးမှာ ခန္ဓာကိုယ်အလေးချိန် ပေါင် ၁၁၀ ခန့်ရှိသည်။ (အင်တာနက်)
**နေမုန်တိုင်းများ ကမ္ဘာသို့ကျရောက်နိုင်**
(၀ါရှင်တန်၊ ဇန်န၀ါရီ ၂၅)
အဆိုပါ အလင်းတန်းများသည်ကမ္ဘာမြေသို့ တစ်စက္ကန့်လျှင် ကီလိုမီတာ ၂၂၀၀ နှုန်းခန့်ဖြင့် ကျရောက်လာမည်ဖြစ်ရာကမ္ဘာမြေအထက်ဝန်းကျင်တွင် သံလိုက်ဓာတ်များ ဖြစ်ပေါ်စေနိုင်ကြောင်း ၄င်းတို့က ပြောကြားသည်။ ထိုသို့ဖြစ်ပေါ်မှုကြောင့် ကမ္ဘာမြေရှိလျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုကွန်ရက်များ ထိခိုက်နိုင်ပြီး ဆက်သွယ်ရေးစနစ်များနှင့် ဂြိုဟ်တုကွန်ရက်စနစ် ချိတ်ဆက်ထားမှုများကိုလည်း အနှောက်အယှက်ဖြစ်စေနိုင်ကြောင်း ၄င်းတို့က ဆက်လက်ပြောကြားသည်။ ထို့အတူလေကြောင်း ပျံသန်းမှုများ အနည်းငယ်ထိခိုက်ပြီး နိုင်ငံတကာအာကာသယာဉ်စခန်းတွင်လည်း ပုံမှန်လုပ်ငန်းစဉ်များ အနှောင့်အယှက်ဖြစ်ပွားနိုင်သဖြင့် နိုင်ငံတကာအာကာသယာဉ်စခန်းတွင်လည်း ပုံမှန်လုပ်ငန်းစဉ်များ အနှောင့်အယှက်ဖြစ်ပွားနိုင်သဖြင့် နိုင်ငံတကာအာကာယာဉ်စခန်းပေါ်တွင်ရှိနေသော အာကာသယာဉ်မှူးခြောက်ဦးတို့အား လုပ်ငန်းခေတ္တရပ်ဆိုင်းထားရန် နာဆာမှသတင်းပေးပို့ထားသည်။ (အင်တာနက်)
**အီရန်နျူကလီးယားပြဿနာဖြေရှင်းရေးအိုင်အေအီးအေကိုယ်စားလှယ်အဖွဲ့စေလွှတ်မည်**
(ဗီယင်နာ၊ ဇန်န၀ါရီ ၂၅)
အီရန်ခရီးစဉ်၏ရည်ရွယ်ချက်မှာ အီရန်နိုင်ငံ၏နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ ထင်ရှားသည့်ကိစ္စအားလုံးဖြေရှင်းရန်ဖြစ်ကြောင်း အိုင်အေအီးအေက ကြေညာသည်။ အိုင်အေအီးအေ ကိုယ်စားလှယ်အဖွဲ့သည် အပြုသဘောဖြင့် အီရန်ကိုသွားမည်ဟု အလားတူပင်အီရန်ဘက်ကလည်း သဘောထားမည်ဟု မိမိတို့ယုံကြည်ကြောင်း အိုင်အေအီးအေညွှန်ကြားရေးမှူးချုပ် ယူကီကာအမာနိုက ဇန်န၀ါရီ ၂၄ ရက်၌ ပြောကြားလိုက်သည်။ အီရန်သွားမည့်အိုင်အေအီးအေကိုယ်စားလှယ်အဖွဲ့ကို အိုငအေအီးအေ ဒုတိယညွှန်ကြားရေးမှူးချုပ် ဟာမန်နက်ကပ်က ဦးဆောင်သွားရောက်မည်ဖြစ်သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:
Post a Comment