ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, January 3, 2012

၂၀၁၂ ကမ္ဘာပျက်ခြင်းထက်ဆိုးရွားသော အရာ

>
၂၀၁၂ ကမ္ဘာပျက်လိမ့်မည်ဆိုသော ခန့်မှန်းချက်များက အခုတလော မြန်မာပြည်မှာ လူတွေရဲ့ပါးစပ်ဖျား ရေပန်းစားနေတဲ့ သတင်းထူးလေးပါ…စာရေးသူက အဲဒီထက်ထူးတဲ့ သတင်းလေးပေးချင်တော့လည်း ဒီပို့စ်ရေးဖို့ဖြစ်လာပါတယ်။
ပထမဆုံး သတင်းထူးလေးမပေးခင်မှာ ၂၀၁၂ ကမ္ဘာပျက်မည်ဟူသော သတင်းရဲ့ ဂယက်လေးတွေ ကို သတင်းပေး မယ်နော်…
တနေ့တော့ ရန်ကုန်က မတွေ့တာကြာပြီဖြစ်တဲ့သူငယ်ချင်း တစ်ယောက်ကို Online မှာတွေ့ပါတယ်။ မာကြောင်းသာကြောင်းမေးရင်းနဲ့ ပြောလိုက်တာ …မကြာသေးမီက မှ သူ့ချစ်သူနဲ့လက်ထပ်လိုက်ကြောင်းပြောပါတယ်။ လက်ထပ်ဖြစ်သွားတာလေးကတော့ ဒီလိုပါကွယ်။

me: …ဟုတ်လား နင် သူနဲ့လက်ထပ်လိုက်ပြီလား??
ခင်: အေးဟုတ်တယ်..

me: ..နင်တို့အိမ်က သဘောတူလိုက်ပြီလား??
ခင်: ဘယ်ကလာ သယ်ရင်း ရယ်… နှစ်ဦးသဘောတူလေ…အခု ငါ့အိမ်က ငါ့ကိုအမွေပြတ်စွန့်လွတ်ထားတယ်။

me: သြော်ဖြစ်ရလေ ခင်လေးရယ်….
ခင်: .. ငါလည်း အိမ်ကသဘောတူထားတဲ့ သူနဲ့တောင်စေ့စပ်ထားပြီးပြီ… လက်ထပ်ဖို့က ရှေ့ လထဲမှာရှိတာ…. ငါလည်း အိမ်က ငါ့ဘဝအတွက်ကောင်းအောင်စီမံတာသိတယ်လေ…. ငါ့ရည်းစားက နင်သိတဲ့အတိုင်း အရမ်းဆိုးလွန်းတယ်…. တသက်လုံးအတွက် ဘယ်လိုမှ လက်တွဲဖို့မဖြစ်နိုင်ဘုးဆိုတာသိပြီးသား…အခုတောင် ယူကာစရှိသေး …အသောက်အစား က မလျှော့… သူလည်း မသောက်ရတော့မှာ စိုးလို့နဲ့တူပါတယ်လေ..

me: အင်း (ဟိုရောက်လိုက် ဒီရောက်လိုက် ဘယ်လိုပြောနေပါလိမ့် ဟုတွေးကာ အင်းနေလိုက်ပါသည်။)
ခင်: ဒါပေမယ့် ငါရောသူရောချစ်တယ်လေ…. ပြီးတော့ သူဆိုးတာခံရလည်း အလွန်ဆုံး ၃ နှစ်လောက်ပေါ့…

me: ဟေ…ဘာလို့တုန်း … (မတွေးကောင်းတွေးကောင်း ဟိုတွေးဒီတွေးရင်း သူငယ်ချင်းမလေးအတွက် စိတ်ပူသွားပါတယ်။)
ခင်: နင်ကလည်း မသိဘူးလား …. ၂၀၁၂ ကမ္ဘာပျက်တော့မယ်လေ…. ဒီတော့ တသက်လုံးသူဆိုးတာ မခံနိုင်ပေမယ့် ၃နှစ်လောက်တော့ ခံနိုင်ပါတယ်လေ…..

me: ဟေ…. အဲဒါက တကယ်ဖြစ်မယ်လို့ ဘယ်သူပြောလဲ…
ခင်: အိုး လူတိုင်းသိတယ်… နင်အင်တာနက်မှာ ကြည့်ပါလား …သိပံ ပညာရှင်တွေ ပြောတာလေ….နင်မသိလို့ …အုံ့ပုန်းမ နှင်းနှင်းသိလား…

me: အင်း … သူဘာလုပ်နေလဲ…
ခင်: နင်သိရင် အံ့သြသွားမယ်…သူအုံ့ပုန်းကြိုက်နေတဲ့ ကိုမိုးမင်းကို ရည်းစားစကားပြောပစ်လိုက်တာ ….မသေခင်လေး ၂၀၁၂ မတိုင်ခင် သူချစ်တာလေးတော့ ကြိုသိစေချင်လို့တဲ့….

Me: ဟေ…. ဟုတ်လား… သူကအရမ်းကိုရှက်တတ်တာတောင်….
ခင်: ဒီထက်တောင်များသေးတယ်.. ခုတော့ အချိန်မရတော့ဘူး …. ငါ့ ယောကျာ်း အလုပ်ကပြန်လာပြီ ….. နောက်မှတွေ့မယ်နော် ..သယ်ရင်းကြီး…

me : အေးအေး…. အစစအရာအရာ အဆင်ပြေ….. (အွန်… စကားလေးတောင် မဆုံးသေးဘူး … sign out သွားပြီ..)
ပြီးခဲ့တဲ့လက Sydeny ရောက်နေတဲ့ သူငယ်ချင်းတစ်ယောက်က ညကြီးအချိန်မတော် ၁၂.၃၀ မှာဖုန်းလှမ်းဆက်ပါတယ်။ အိပ်ချင်မူးတူးနဲ့ ဖုန်းကိုင်လိုက်တော့
မြတ်: ဟဲလို … သူငယ်ချင်း … (ရွှတ်…အဟင့်.. ဟင့်..)

me: ဟဲလို….
မြတ်: ငါ မြတ်… (ရွှတ်..)
me:ဟေးး… မြတ်… ပြော….ငါအိပ်နေပြီဟ… ဒါနဲ့ …နေပါဦး… နင်ငိုနေတာလား????မြတ်: အင်းဟုတ်တယ်… ဆောရီးနော် ..အရမ်းနောက်ကျနေပြီ..ငါခေါ်တာ…

me: ရပါတယ်… ငါမနက်ဖြန် day off.. ပြန်အိပ်လို့ရတယ်.. ပြော ဘာဖြစ်တာလဲ..
မြတ်: ငါ့ညီမလေး ဆုံးသွားလို့…

me: ဘာ ဘာဖြစ်တယ်…
မြတ်: မွန်မွန်ဆုံးသွားပြီတဲ့…

me: ဘုရား..ဘုရား … မွန်မွန်ဘာဖြစ်လို့ဆုံးတာလဲ (အိပ်ချင်စိတ်တွေကျက်ပျောက် ငှက်ပျောက်ဖြစ်သွားတော့သည်။

မွန်မွန်ဆိုတာ ၁၉နှစ်ကျော်ကျော်လောက်သာရှိသေးသော ကလေးမလေ။ ပါးဖောင်းဖောင်းလေးမှာ ပြုံးလိုက်တိုင်း ပါးချိုင့် ရှည်ရှည်လေးတွေနှင့် ချစ်ဖို့ကောင်းသော ကောင်မလေး ….. မကြာခင်လည်း သူ့အစ်မရှိရာ သို့ ပညာဆက်လက်သင်ယူဖို့ စီစဉ်ထားသူလေးပါ… ဒီလောက်ငယ်ရွယ်တက်ကြွကာ ဖူးပွင့်နေသော ပန်းလေးတစ်ပွင့် အကြွေစောလိုက်တာ ဟုနှမျောမိသည်။ သူငယ်ချင်းက ဘာမှမပြော ငိုပဲ ငိုနေတော့သည်။ စာရေးသူကိုယ်တိုင်လည်း တော်တော် စိတ်မကောင်းဖြစ်ကာ မငိုဖြစ်အောင်ထိန်းထားရသည်။ တတ်သလောက် မှတ်သလောက် ချော့မော့ဖြောင့်ဖြရင်း သူရင်ဖွင့် သွားတာ က တကယ့်ကိုသနားစရာပါ…။
အကျဉ်းချုပ်ပြီးပြောရရင်တော့…
မွန်မွန်က ၂၀၁၀ ကုန်ရင် နိုင်ငံခြားသွားမှာပါ။ ဒီတော့ နိုင်ငံခြားမသွားခင် အင်္ဂလိပ်စာသင်တန်းတက်ရင်း …. ကောင်လေးတစ်ယောက်နဲ့တွေ့ပြီး ချစ်သူဖြစ်သွားပါတယ်။ ကောင်မလေးနဲ့ကောင်လေး က မကြာခင်ခွဲရမယ်ဆိုတာသိတော့ … အမြဲတတွဲတွဲ ….အချစ်ကြီးချစ်ကြပါတယ်။ကောင်လေးက အခုတခါသွားပြီးရင် ဘယ်တော့တွေ့နိုင်မှာလဲ … မင်းနဲ့ကိုယ်တော့ မနီးနိုင်တော့ဘူး.. ၂၀၁၂ ကျရင်လည်း ကမ္ဘာပျက် …. ကိုယ်ကမ္ဘာလည်း ပျက် ဆိုပြီး ကလေးအတွေးနဲ့ ပြောပါများရင်း
ကောင်မလေးလည်း အချစ်ကျူးကာ နယ်ကျွံသွားပါတယ်…… နောက်တော့ ကောင်မလေးမှာ ကိုယ်ဝန်ရှိလာပါတယ်။ ကောင်လေးက တာဝန်ယူမယ်ပြောပေမယ့် ကောင်မလေး ကိုယ်တိုင်က နိုင်ငံခြားကို သူထွက်ချင်ကြောင်း…. သူမ မိဘတွေသာ အခုလို သူမဒီလိုဖြစ်နေမှန်းသိရင် သေလိမ့်မယ်ပြော ပြီး ..ဘယ်သူမှ မသိစေပဲ သူတို့ဘာသာ တိတ်တိတ်လေး ..ကလေးဖျက်ချပါတော့တယ်။ အဲဒါလုပ်ပြီးတော့ ကောင်မလေး အသည်းအသန်ဖျားပြီး ဆေးရုံရောက်တော့မှ မိဘတွေက အကုန်သိရတာပါ…

၂၀၁၂ ကမ္ဘာမပျက်ခင် ဘာလုပ်ချင်လဲ ချစ်လေး ???
၂၀၁၂ မရောက်ခင် မသေခင်လေး လုပ်ချင်တာလေးလုပ်ထားဦးမှ
၂၀၁၂ ရောက်ရင်အကုန်သေကြမှာပဲ ….. ကြိုးစားနေလို့လဲမထူးဘူး ….
………………………………………………………..
………………………………………………………
…………………………………………………….
သို့လော သို့လော မေးခွန်းများ.. အတွေးများဖြင့် ……….ဒီ ၂၀၁၂ ကိစ္စနှင့် ပတ်သက်.. နိုင်ငံခြားအရပ်ရပ်ရောက်နေသော အသိမိတ်ဆွေများကို သူတို့ရောက်နေသော နေရာမှ လူများ ဒီအကြောင်းနှင့်ပတ်သက်… ဘာတွေများ ဖြစ်ပျက်နေလဲမေးကြည့်တော့ ..
သတင်းတွေထဲက သတင်းတစ်ပုဒ်ပါပဲတဲ့။ အဲဒါကို လူတိုင်းလိုလို သတင်းအဖြစ်ကြားထားပြီးသားပါ။ ဒါပေမယ့် အရာရာက ပုံမှန်ပါပဲ။ လက်ရှိအချိန်ကို စားဝတ်နေရေ အတွက် ဘဝအတွက် ကြိုးစားပြီး ဖြတ်သန်းနေကြပါတယ်။
လက်ရှိစက္ကန့်တွေတိုင်းဆိုတာ မသိနိုင်တဲ့အနာဂတ်ထက် ပိုတန်ဖိုးရှိပါတယ်။
အပျင်းကြီးပြီး ၂၀၁၂ ကိစ္စ ရမယ်ရှာမယ်ကာ လက်ကြောမတင်းပဲ ဘဝကို ပြီးပြီးရော နေရင် ….၂၀၁၂ ကုန်လို့ ကမ္ဘာက ဒီအတိုင်းပဲဆို …. ကိုယ့် ဘဝပဲပျက်မှာပါ။လက်ရှိအချိန်တွေက ကိုယ့်အနာဂတ်ကို အကောင်းဆုံး ဆုံးဖြတ်ပေးမှာပါ။
အကုန်သေမယ့်အတူတူ …. ငရဲအတူတူကျကြမှာပဲလို့ ကောင်းမှု မမြတ်နိုးပဲမိုက်မဲဖို့ အဖော်ညှိတဲ့သူက များပါတယ်။
ဘာပဲဖြစ်ဖြစ်အခုနောက်ဆုံးလက်တို့ပေးချင်တဲ့သတင်းလေးလာပါပြီ။ဒါကတော့ ကမ္ဘာမပျက်ခင် ကိုယ့်ဘဝကိုဖျက်နေတဲ့ လူတွေ မဖြစ်အောင် ကြိုးစားကြဖို့ပါ။ဒါမှမဟုတ်ရင် ကမ္ဘာပျက်တာထက်ဆိုးတဲ့ ဆင်းရဲခြင်း အမျိုးမျိုးကို ခံစားရင်း ဘဝပျက်ဖို့ မြင်ယောင်မိကြောင်း စေတနာရှေ့ထားလို့ သတင်းလေးပေးလိုက်ပါတယ် သူငယ်ချင်းတို့ရေ...။

Post By - CLOUD

**From-Naing Min**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)