ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, January 14, 2012

အိန္ဒိယနိုင်ငံတွင် ပေါ်ထွန်းခဲ့သော မဟာယာနဗုဒ္ဓဘာသာအကြောင်း (၁၀)

> (King Pusyamitra Sunga)

**မဟာယာနဗုဒ္ဓဘာသာ တိုးတက်ထွန်းကားလာခြင်း**
ဗုဒ္ဓဘာသာ၏ အစောဆုံး နှစ် (၃၀၀) ကာလအတွင်းမှာ ဗုဒ္ဓဘာသာ သည် လူ့လောကနှင့် များစွာ မဆက်စပ်သော ရဟန်းဗဟိုပြု ဘာသာတရားတစ်ခု အသွင်ဖြင့်ရှိခဲ့ မောရိယ အင်ပါယာကို ထူထောင်သော အာသောကမင်းကြီး လက်ထက်မှ စ တင် ဗုဒ္ဓဘာသာ သည် ပြန့်ပွား ရန် အားယူခဲ့နိုင်သည်ကို တွေ့ရသည်။ အိန္ဒိယပြည်တွင် ဗုဒ္ဓသာသနာတော်ကို ချီးမြှင့် ထောက်ပံသော သာသနာ့ဒါယကာ မောရိယမင်းဆက် ပြုတ်၍ ဗြဟ္မဏ ဘာသာဝင် ဘုရင်များနန်းတက်ခဲ့သည် ။

အာသောကမင်းကြီး နောက် သုန်ဂမင်းဆက်များနန်းတက်လာသော ဗုဒ္ဓဘာသာ သည် မင်းချီးမြောက်မှုမခံရတော့ချေ။ ပုရှမိတြသုန်ဂမင်း (Pusyamitra Sunga) သည် ဗုဒ္ဓဘာသာ ကို များစွာဖိနှိပ်ခဲ့ လေသည်။ ဗြဟ္မဏ ဘုရင် တို့၏ နှိပ်စက်မှူကြောင့် ဟီနယာန သဗ္ဗတ္တိဝါဒဂိုဏ်း မှာ အိန္ဒိယအနောက် ပိုင်းသို့ပြောင်း ခဲ့ရ၍ ထေရ၀ါဒဂိုဏ်းမှာ အိန္ဒိယတောင်ပိုင်း ဆံချီသို့ ရွေ့ ခဲ့ရသည် ။ ဗြဟ္မဏ ဘုရင်တို့သည် သက္ကဋဘာသာကို ဦးစားပေးသောကြောင့် ဟီနယာန သဗ္ဗတ္တိ ၀ါဒဂိုဏ်း သည် ဘုရားဟောပါဠိတော်များကို သက္ကတ ဘာသာ ဖြင့်ပြောင်းလဲ မှတ်တမ်းတင်ခဲ့ကြသည်။

ဗုဒ္ဓဘာသာ သည် ဖိနှိပ်ခံရသော်လည်း ပြည်သူတို့၏ ကြည်ညိုသဒ္ဒါတရားကြောင့် မမှေးမှိန်ပဲ ဆက်လက် တိုးတက်ခဲ့ပါသည်။ သုန်ဂမင်းဆက်ခေတ်ကာလတွင် ဗုဒ္ဓဘာသာ ကို ပြည်သူတို့၏ လှူဒါန်းပူဇော်မှု အထောက်အထား များစွာ တွေ့ ရှိရလေသည်။ဘာရွတ်ထူပါ ဆန်ချီထူပါ ကာလေ လှိုဏ်ဂူ စသော ကြီးမားသော သာသနိကအဆောက် အအုံများ သည် သုန်ဂမင်းဆက်ခေတ်ကာလတွင် ပေါ်ထွန်းခဲ့သည်ကို ထောက်ချင့်လျှက် ဗုဒ္ဓဘာသာ သည် ဖိနှိပ်ခံရသော်လည်း ပြည်သူတို့၏ ကြည်ညိုသဒ္ဒါတရားကြောင့် မမှေးမှိန်ပဲ ဆက်လက် တိုးတက်ခဲ့ကြောင်းထင်းရှားသည်။ ဤသို့ဖြင့် ဗုဒ္ဓဘာသာ သည် တစ်ဖြည်းဖြည်း ရဟန်းဗဟိုပြု ဘာသာတရားတစ်ခု အသွင် မှ လူထုအများကိုးကွယ်သော ဘာသာတရားတစ်ခုအဖြစ်သို့ရောက်ခဲ့သည်။ ဓါတ်တော် မွေတော် စေတီ ပုထိုး ဆင်းတု ကိုးကွယ်သော လူထုအများကြိုက်ဘာသာတရားဖြစ်လာခဲ့လေသည်။

အိန္ဒိယပြည်မြောက်ပိုင်းမှာ ဂရိ ဘုရင် မိလိန္ဒကဲ့သို့သော ပုဂ္ဂိုလ်များသည်ပင် ဗုဒ္ဓဘာသာ ကို လက်ခံခဲ့ကြချိန်ဖြစ်၏။ဂရိ ဘုရင် မိလိန္ဒ သည် သာဂလနေပြည်တော် တည်ထောင်ပြီးသော် ဗုဒ္ဓဘာသာ ကိုများစွာ ထောက့်ပံ့ ချီးမြောက်ခဲ့သည်။ပန်ဂျပ်ပြည်နယ် သာဂလမြို့ တော်တွင် ဂရိနွယ်ဝင် မိလိန္ဒမင်းကြီး၏ အမေးကို ရဟန္တာ အရှင်နာဂသိန် ကဖြေဆိုသော မိလိန္ဒပဥှာ ပါဠိတော်ကျမ်းကြီးပေါ်ထွန်းခဲ့သည် ။ ဗုဒ္ဓဘာသာ ကို အိန္ဒိယပြည်မြောက်ပိုင်းမှာ နေထိုင်သောဂရိလူမျိုးများ ကိုးကွယ်ခဲ့ကြ ပါဠိစာပေ အထောက်အထားများအရ ကထာဝတ္တုကျမ်းပြု အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်ကြီးသည် ယာဝနတိုင်း (ဂရိဒေသ) သို့ သာသနာပြုရန် အရှင်ဓမ္မရိက္ခိတမထေရ်ကို စေလွှတ်ခဲ့သည်။ ထိုမထေရ်သည် ယာဝနတိုင်း (ဂရိဒေသ) သာ မက အပန္တကတိုင်းတွင်လည်း သာသနာကိုထွန်းလင်းစေခဲ့ပါ၏။

အေဒီ (၁) ရာစု-ဂန္ဓာရတိုင်း ပက်သျှဝါမြို့ တွင် သကမင်းစိုးစံသည် ။ ထိုကာလ တွင် ဂန္ဓာရတိုင်းတွင်ဟီနယာန သဗ္ဗတ္တိဝါဒဂိုဏ်းက လွှမ်းမိုးလာ သည်။ သကမင်းဆက်-သာတာဝါဟနမင်းဆက်တို့သည် အိန္ဒိယပြည် မထုရာ ၊ ဥဇေနီ ၊ ဒက်ကန်ဒေသ သို့တိုင်အောင် အာဏာစက်ပြန့်နှံ့ ခဲ့သည် သကမင်းဆက်၌ ကနိသျှကဘုရင်ကို ဒါယကာပြု၍ ဟိနယာန သဗ္ဗတ္တိဝါဒဂိုဏ်းက ရဟန်းတော်(၅၀၀) ဖြင့် သင်္ဂါယနာတင်ခဲ့သည် ။ ဤ သင်္ဂါယနာတင်ပွဲကို အရှင်ဝသုမိတြ က ဦးဆောင် ကာ ကျင်းပခဲ့သည်ဟုဆိုပါသည်။ ကနိသျှကဘုရင် သည် အာသောကမင်းကြီး ထေရ၀ါဒသာသနာ ကို ချီးမြောက် သည့် နည်းတူ သဗ္ဗတ္တိဝါဒဂိုဏ်း ကို ချီးမြောက်ခဲ့သည်။ ထေရ၀ါဒဖက်က အသိအမှတ်မပြုသော်လည်း စတုတ္တသင်္ဂါယနာဟု ခေါ်တွင်ကြသော ပိဋကတ်တော်ကျမ်းစာများ နှင့် အဖွင့် ၀ိဘာသာကျမ်းကြီးများကို သဗ္ဗတ္တိဝါဒဂိုဏ်းဝင် ရဟန်းတော်များ က စီရင်ကြပြီး ကြေးပြားများပေါ်တွင်ရေးထွင်းကာ ပူဇော်ခဲ့ကြသည်။

သဗ္ဗတ္တိဝါဒဂိုဏ်း၏ ပိဋကတ်တော်များကို တရုပ်ဘာသာ တိဗက်ဘာသာ တို့သို့ ပြန်ဆိုခဲ့ကြသောကြောင့် မဟာယာန ဗုဒ္ဓဘာသာ၏ ပိဋကတ်စာပေ အခြေခံအုတ်မြစ်သည် သဗ္ဗတ္တိဝါဒဂိုဏ်းလာ စာပေများဖြစ်သည်ဟုဆိုလျှင် မှားအံ့မထင်ပေ။ တစ်နည်းအားဖြင့် မဟာယာနဗုဒ္ဓဘာသာ၏ အဆင့်မြင့် ဒဿနဂိုဏ်းများဖြစ်ကြသော မဇ္ဈိမိက ဂိုဏ်း နှင့် ယောဂစာရ ဂိုဏ်း တို့၏ အမြင်များသည် သဗ္ဗတ္တိဝါဒဂိုဏ်း၏ အခြေခံအယူဝါဒရေးရာများ ကို ဝေဖန်းဆန်းစစ်တိုက်ခိုက်ရင်း ပေါ်ထွန်း လာခဲ့လေသည်။ ထို့ကြောင့် တိဗက် မဟာယာနဗုဒ္ဓဘာသာ၏ သင်ရိုးတွင် သဗ္ဗတ္တိဝါဒဂိုဏ်း၏ အဘိဓမ္မာ ကျမ်းများလာ သော ဝေဘာသိကဒဿနအမြင် သည် အခြေခံသင်ရိုးဖြစ်၍ မဇ္ဈိမိက ဂိုဏ်း နှင့် ယောဂစာရ ဂိုဏ်း တို့၏ အမြင်များကို အဆင့်မြင့် သင်ခန်းစာများ အဖြစ် သင်ယူရလေသည်။ ဤ အချက်သည် ရှေ့တွင် ရေးသားဖေါ်ပြလတ္တံသော မဇ္ဈိမိက ဂိုဏ်း နှင့် ယောဂစာရ ဂိုဏ်း တို့၏ အမြင်များဆိုင်ရာ အခန်းများ ရောက်လျှင် ကောင်းစွာ ထင်ရှားလာပါလိမ့်မည်။

အေဒီ (၂) ရာစု ခန့်တွင် နာဂ္ဂဇ္ဖုန ရဟန်းတော်သည် နဂါးပြည်မှ ပညာပါရမိတာပိဋကတ်များရရှိပင့်ဆောင်ခဲ့ပြီး မဇ္ဈိမိက သုညတ ၀ါဒကျမ်းများကို ရေးသားသည် ။ နာဂ္ဂဇ္ဖုန ရဟန်းတော်သည်ကား အိန္ဒိယပြည်၏ နေမင်းကြီး လေးဆူဟု တင်စားခြင်း ခံရသော မဟာပညာရှိက၀ိအကျော်ပဂေးကြီး လေးပါးအနက်ပါဝင်သော ပုဂ္ဂိုလ်ကြီးဖြစ်ပြီး မဟာယာနဗုဒ္ဓဘာသာလောကတစ်ခုလုံးက ဒုတိယဗုဒ္ဓတစ်ဆူအနေဖြင့် အလေးအမြတ်ပြုခြင်း ခံရသူဖြစ်လေသည်။ ၎င်းမှ မဟာယနဂိုဏ်းပေါ်ထွန်းခဲ့သည်ပြီးလျှင် အိန္ဒိယပြည်တပြည်လုံးတွင် မဟာယာနဗုဒ္ဓဘာသာဝါဒပြန့်နှံသည် ။ သီဟိုဠ်ကျွန်းတွင်မူ မဟာယာနဗုဒ္ဓဘာသာသည် ကံမကောင်းခဲ့လှပဲ ဝေါဟရတိဿ မင်းက ဝေတုလ္လပိဋက (သဒ္ဓမ္မပုဏ္ဍရိကကျမ်း)ကို မီးရှိ့ ဖျက်ဆီး၍ မဟာယနဂိုဏ်းကို တိုင်း ပြည်မှ နှင်ထုတ်ခဲ့ သည် ကိုတွေ့ရလေသည်။

(နာလန္ဒ တက္ကသိုလ်)

အေဒီ (၄) ရာစု လောက်တွင် မဟာယာနဗုဒ္ဓဘာသာ၏ ယောဂစာရဂိုဏ်းကို စတင်တည်ထောင်သော ကျမ်းပြုဆရာ အသင်္ဂနှင့် ၀သုဗန္ဓု တို့ညီနောင်နှစ်ပါးပေါ်ထွန်းခဲ့သည် ။ အိန္ဒိယပြည်တွင် ဂုတ္တမင်းများက နာလန္ဒ တက္ကသိုလ် စသော မဟာယာန တက္ကသိုလ် ကျောင်းကြီးများ တည်ထောင်ပေးသည် ။ ဂုတ္တမင်းများမှာ ဟိန္ဒူဘာသာဝင်များဖြစ်ကြ ၍ ထိုခေတ်အိန္ဒိယပြည် ဗုဒ္ဓဘာသာမှာလည်းဟိန္ဒူဝါဒနှင့်ထွေးရောယှက်တင် ဖြစ်နေသည် ။ ဗုဒ္ဓဘာသာ၏ သုညတ၀ါဒ ၀ိဥာဏ၀ါဒတို့ က ဟိန္ဒူဘာသာ ကို လွမ်းမိုး သလို ဟိန္ဒူဘာသာ ထဲမှ ပူရာဏ်ကျမ်း အယူအဆများလည်း ဗုဒ္ဓဘာသာအတွင်းသို့ စိမ့်ဝင်ထိုးဖေါက် ၀င်ရောက်ခဲ့သည့်ကာလဖြစ်သည်။

**မဟာယာန တက္ကသိုလ် ကျောင်းကြီးများ**
မဟာယာနဗုဒ္ဓဘာသာ နှင့် ပတ်သက်၍ ရေးသားမည်ဆိုပါလျှင် မဟာယာန တက္ကသိုလ် ကျောင်းကြီးများ၏ အကြောင်းကို ချန်လှပ်ထားဖို့ မဖြစ်နိုင်ချေ။ တရုပ်ရဟန်းတော် ရွှင်ကျန် အိန္ဒိယပြည်တွင် ရောက်ရှိခဲ့စဉ်က အထင်ကရ တည်ရှိခဲ့သော မဟာယာန တက္ကသိုလ် ကျောင်းကြီးနှစ်ခု မှာ အိန္ဒိယပြည် အရှေ့ပိုင်းတွင် နာလန္ဒာတက္ကသိုလ် နှင့် အိန္ဒိယပြည် အနောက်ပိုင်းတွင် ၀ါလာဗီတက္ကသိုလ် တို့ ဖြစ်သည်ဟုဆိုပါသည်။ တရုပ်ရဟန်းတော် ရွှင်ကျန်သည် နာလန္ဒာတက္ကသိုလ် တွင် ပါမောက္ခချုပ်ဆရာတော် သီလဘဒြ ထံတွင် မဟာယာနဗုဒ္ဓဘာသာ ယောဂစာရ အဘိဓမ္မာ နှင့် ပတ်သက်၍ လေ့လာသင်ကြားခဲ့လေသည်။
နာလန္ဒာတက္ကသိုလ်သည် စာသင်ခန်းမကြီးများ စာကြည့်တိုက်ကြီးများ နှင့်အတူ အဆင့်မြင့် စီမံအုပ်ချုပ်ရေး နှင့် နာလန္ဒာတက္ကသိုလ်စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းများပါ ပြည့်စုံစွာ ရှိကြောင်း မှတ်တမ်းတင်ခဲ့လေသည်။ နာလန္ဒာတက္ကသိုလ် သည် ဆရာ ၁၅၀၀ ခန့် နှင့် ကျောင်းသာ ၁၀၀၀၀ ကျော်ရှိကြောင်း ဗုဒ္ဓဘာသာ (မဟာယာန နှင့် ဟီနယာနဂိုဏ်များ) ဗြဟ္မဏဘာသာ ဆိုင်ရာ စာပေကျမ်းဂန်များ အပြင် အခြား လောကီ သိပ္ပံ အတတ်ပညာများ (ဟေတုဝိဇ္ဇာ သဒ္ဒါဝိဇ္ဇာ အာထဗ္ဗဏဝေဒ စသည်) ကိုလည်း သင်ကြားကြောင်း ပါမောက္ခချုပ်ဆရာတော် သီလဘဒြ သည် ဥာဏ်အထက်မြက်ဆုံးနှင့် ပညာအကြီးဆုံးဖြစ်ကြောင်း တို့ ကို တရုပ်ရဟန်းတော် ရွှင်ကျန် က မှတ်တမ်းတင် ထားခဲ့လေသည်။
အခြား တရုပ်ရဟန်းတော်တစ်ပါးဖြစ်သော ယိချင် ၏ Record of the Buddhist Religion (Chapter XXXIV) ကျမ်းစာတွင်မူ မဟာယာန တက္ကသိုလ် ကျောင်းကြီးများ၏ ပညာရေးစံနစ်တွင် သက္ကဋသဒ္ဒါသင်ကြားရေး အခြေခံကျပုံအကြောင်း ကို အသေးစိတ်ချယ်မှုန်းထားသည်ကိုတွေ့ ရ၏။ သက္ကဋသဒ္ဒါသင်ကြားရေးတွင် ပါဏိနီ၏ သုတ္တကျမ်းများဖြစ်သော ဓါတုပါထ အဋ္ဌဓါတု ဥဏာဒိသုတ္တ ကာသိကာဝီထိ အပြင် ဝေဒန္တဒဿနပညာရှင်ကြီး ဘာတြီဟာရီ၏ သျှတ္တရကျမ်းများ ၀ါကျပဒီပ ဘေဒ၀ီထိ တို့ ကို လဲ လေကလာရသည်။ ဟေတုဝိဇ္ဇာ သဒ္ဒါဝိဇ္ဇာ ဆိုင်ရာကျမ်းများ သဗ္ဗတ္တိဝါဒ အဘိဓမ္မာပညာရှင် ၀သုဗန္ဓု၏ အဘိဓမ္မာကောသကျမ်း ညာယျ ဒွါရ တက္က သျှတ္တရ စသော ရှေးဟောင်းအိန္ဒိယ ယုတ္တိဗေဒ ကျမ်းများ ဇာတကမာလာ နှင့် ၀ိနယဘာသာရပ် များကို ပါ ကျယ်ပြန့်စွာလေ့လာသင်ကြားကြ ရလေသည်။
မဟာယာန တက္ကသိုလ် ကျောင်းကြီးများ၏ ပညာရေးစံနစ်တွင် အာဂုံ လေ့ကျက်ခြင်း နည်းကို သုံး သည်သာမက ဆင်ခြေလျှောက်လဲခြင်းပညာရပ်လေ့ကျင့် ကြရလေသည်။ ပညာရပ်များလေ့လာသင်ကြားပြီးဆုံးသွားပါကဘွဲ့အပ်နှင်ခြင်းလဲ ရှိသည်။ စာသင်ခန်းများတွင် ရေနာရီသုံး အချိန်မှတ်သား မောင်းတီး ၍ အချိန်ကို ကြေညာပေး တစ်နေ့တာ သင်ကြားချိန် (၈) နာရီခန့်ရှိသည်ဟုဆို၏။ နာလန္ဒာတက္ကသိုလ်မှာ ဆင်ခြေလျှောက်လဲခြင်းပညာရပ်တွင် အလွန်ကျော်ကြားပြီး စာသင်သားများ အနေနှင့် ဆင်ခြေလျှောက်လဲခြင်း ကို လေ့ကျင့်ကြဖြင်းအားဖြင့် နေ့တာတို သည်ဟူ၍ တောင်ထင်ကြရကြောင်း လွတ်လပ်စွာ ဆင်ခြေတက် အဆိုအခြေများဖြင့် ငြင်းခုံကာ ပညာဆည်းပူး လေ့လာကြရကြောင်း ရေးသားထားလေသည်။
နာလန္ဒာတက္ကသိုလ်၏ ပညာသင်ကြားပုံသည် ရှေးခေတ် ဘုန်းတော်ကြီးကျောင်းတိုက်များမှ အမေးအဖြေ (ကထာ) သင်ကြားနည်း ကို အတုယူဟန်ရှိလေသည်။ နယ်အသီးသီးမှ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ကျောင်းသားများ တက်ရောက် လေ့လာသင်ကြားကြခဲ့သောကြောင့် ဗုဒ္ဓဘာသာ ကို ဗြဟ္မဏဘာသာ နှင့်ထွေးရောယှက်တင် ပေါင်းစည်း စေရန် နာလန္ဒာတက္ကသိုလ် ပညာရေး က အခြေအနေပေးစေခဲ့ကြောင်း သမိုင်းပညာရှင်တို့က ကောက်ချက်ဆွဲကြ၏။
နာလန္ဒာတက္ကသိုလ် စာကြည့်တိုက်ကြီးများ အလွန်ကြီးကျယ်ကြောင်း တိဗက် ဆရာတော် လာမာ တာရာနာထ၏ မှတ်တမ်းများတွင် ဖေါ်ပြထားသည်ကို တွေ့ရပြီး ယင်းတို့ အနက် စာကြည့်တိုက်ကြီး (၃) ခု ထင်ရှားလေသည်။ ၎င်းတို့၏ အမည်များမှာ ရတနဒါဓီ (ရတနာပင်လယ်)၊ ရတနသာဂရ (ရတနာ သမုဒ္ဒရာ)၊ နှင့် ရတနာရဉ္ဖက (ရတနာ မျက်ချယ်) ဟူ ၍ အသီးသီးဖြစ်ကြ၏။ ထိုစာကြည့်တိုက်ကြီးများကို တပ်ခ်များ က မီးရှို့ ဖျက်ဆီးခဲ့ကြောင်း တိဗက်မှတ်တမ်းများက ဆိုရာတွင် လပေါင်းများစွာ မီးများလောင်နေခဲ့ကြောင်း ဂိုဏ်းပေါင်းစုံ ဗုဒ္ဓဘာသာ ဆိုင်ရာ ကျမ်းဂန်စာပေများ မီးသင့် ပျောက်ကွယ်ခဲ့ရကြောင်း သိရပါသည်။ နာလန္ဒာတက္ကသိုလ်ကြီးသည် (၆) ရာစု ခေတ်တွင် အကျော်ကြားဆုံးဖြစ်ခဲ့ပြီး နောက် နှစ်သုံးရာ အတွင်း အသစ်ပေါ်ပေါက်လာခဲ့သော ၀ိကြမသီလတက္ကသိုလ် မတိုင်ခင်ကာလထိ နာမည်ကျော် တက္ကသိုလ်ကျောင်းတိုက်ကြီး ဖြစ်ခဲ့လေသည်။ နာလန္ဒာတက္ကသိုလ်သည် အေဒီ (၁၁၉၇) ခုနှစ်တွင် ဘီဟာပြည်နယ်ကို မိုဟာမေဒင်တို့ တိုက်ခိုက် သိမ်းပိုက်သည့် အခါတွင် ဂိုဏ်းပေါင်းစုံ ဗုဒ္ဓဘာသာ ရဟန်းတော် များ အသတ်ခံရပြီး လုံးဝပျက်သုဉ်းခဲ့လေသည်။
နာလန္ဒာတက္ကသိုလ် ၏ ဗိသုကာလက်ရာ (၇) ရာစုခေတ်၏ အခမ်းနားဆုံး သော လက်ရာအဖြစ် အသိအမှတ်ပြုကြရ လောက်အောင် ထည်ဝါခမ်းနားခဲ့လေသည်။ ဘုရင် ယသောဝါမာန် (Yasovarman) ရေးထိုးသော ကျောက်စာတွင် နာလန္ဒာတက္ကသိုလ် ၏ မြင့်မားလှသော ဘုံနန်းထွတ်ဆောင်များသည် မိုးကောင်းကင်မှ တိမ်လွှာညွန့်ဆိုင် များကိုပင် ထိတို့နမ်းရှုပ်နေလေဟန်ရှိကြောင်း ချီးကျူးရေးသားထားလေ၏။
နာလန္ဒာတက္ကသိုလ်နှင်ပတ်သက် အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနဌာန၏ တူးဖော်တွေ့ရှိချက်များတွင်ထူးခြားချက် တစ်ခုကိုတွေ့ ရ၏။ ၀င်္ဂတိုင်း ကို အုပ်စိုးခဲ့သော ပါလမင်းဆက်ဝင် တတိယမြောက် ပါလမင်းဖြစ်သော ဒေ၀ပါလမင်း (အေဒီ ၉၀၀ ခန့်) ရေးထိုးခဲ့သည်ဟုယူဆရသော ကြေးပုရပိုက် ထဲ တွင် သုဝဏ္ဏဘူမိ (သုမတြ) ကျွန်းကို စိုးစံသော ဘုရင် သိရိဗလပုတ္တဒေ၀မင်း သည် နာလန္ဒာတက္ကသိုလ် ကြီးတည်တံ့စေရန် ရဟန်းတော်များ ချမ်းသာစွာ ပညာသင်ကြား နိုင်ကျြေစရန် သီရိနာဂရခေါ် ပါဋလိပုတ် ခရိုင် နိုင်ငံအတွင်း ရွာ (၅) ရွာ ကို မိမိပိုင်ဆိုင်သည့် သုဝဏ္ဏဘူမိ မှ ရွာ (၅) ရွာ ဖြင့် အစားထိုး ပေးလှူကြောင်း ရေးထိုးထားသည်ကို ထောက်ချင့် ၍ နာလန္ဒာတက္ကသိုလ် သည် အိန္ဒိယနိုင်ငံတွင် သာမကပဲ သုဝဏ္ဏဘူမိ (သုမတြ) ကျွန်း ကဲ့ သို့ သော ဝေးလံသော တိုင်းနိုင်ငံများထိအောင် ကျော်ဇောသတင်းပျံ့ နှံ့ ခဲ့သော တက္ကသိုလ်ကြီး ဖြစ်ကြောင်းထင်ရှားလေသည်။

**၀ိကြမသီလတက္ကသိုလ် သည်ကား နာလန္ဒာတက္ကသိုလ် နောက် ပေါ်ပေါက်လာသော ကျောင်းတိုက်ကြီးဖြစ်လေသည်။ ၀င်္ဂတိုင်း (ဘင်္ဂလား) ကို စိုးစံခဲ့သော ပါလ မင်းဆက်များ ၏ အထောက်အပံ့ဖြင့် ပေါ်ထွန်းခဲ့ သော ဗုဒ္ဓစာပေတက္ကသိုလ်ကြီး ဖြစ်ပေသည်။ ၀ိကြမသီလတက္ကသိုလ် တည်နေရာ ကို ရှာဖွေ ရာတွင် ဂင်္ဂါမြစ် ယာဖက်ကမ်း မြစ်ကြီးမြောက်ဖက်အရပ်သို့ စီးဆင်းရာ မှာ တည်ရှိခဲ့ဟု ခန့်မှန်းသော်လည်း အတိအကျ မတွေ့ရ သေးချေ။ ရှေးဟောင်းမှတ်တမ်းများ အလိုအရ ၀ိကြမသီလတက္ကသိုလ် ကြီးဝယ်မုခ်တံခါး (၆) ပေါက် ရှိပြီးလျှင် မုခ်တံခါးပေါက် အသီးသီး ၌ (ဒွါရ ပဏ္ဍိတ) ဟုခေါ်သော ပညာရှိက၀ိကြီးများ က စောင့်ရှောက်လျှက်ရှိခဲ့ကြောင် နှင့် စာသင်သားများ ပညာသင်ကြားပြီးမြောက်ခဲ့ပါက ပဏ္ဍိတ ဘွဲ့ ကို တက္ကသိုလ် မှ အပ်နှင်း ကြောင်း ဖေါ်ပြထားလေသည်။
ဝိကြမသီလတက္ကသိုလ် ၏ မွှေးပျံ့သောဂုဏ်သတင်းသည် တိဗက် သို့ သာသနာပြုကြွရောက်တော်မူခဲ့သော အရှင်မြတ်ဒီပင်္ကရာ သိရီဥာဏ (Dipankara Srijnana) (အေဒီ ၉၈၀-၁၀၅၃) နှင့် အဓိက ဆက်စပ်လျှက်ရှိခဲ့လေသည်။ အရှင်မြတ်ဒီပင်္ကရာ သိရီဥာဏ သည် သြဒန္တပူရီ တက္ကသိုလ် တွင် ပညာလေ့လာဆည်းပူးခဲ့ပြီးနောက် (အေဒီ ၁၀၃၄-၁၀၃၈) တွင် ၀ိကြမသီလတက္ကသိုလ် ၏ ပါမောက္ခချုပ် ဆရာတော်ကြီးဖြစ်လာခဲ့ပြီး တိဗက်ဘုရင် ၏ ပင့်ဖိတ်ချက်အရ တိဗက်ပြည်သို့ သာသနာပြုကြွရောက်ချီးမြှင့် ခဲ့သော သာသနာ့အာဇာနည် ဆရာတော်ကြီးတစ်ပါးဖြစ်၏။ အရှင်မြတ်ဒီပင်္ကရာ သိရီဥာဏ သည် ကဒမ်ပဂိုဏ်း (Kadampa School) ကို တည်ထောင်ခဲ့ပြီး တိဗက်ပြည်တွင် ဗုဒ္ဓဘာသာရောင်ဝါနေသို့လင်းစေခဲ့ သော ကျေးဇူးရှင် အဖြစ် တိဗက်ပြည်သူတို့ က အထူးလေးမြတ်ကြည်ညိုခြင်း ကို ခံရသူလည်းဖြစ်၏။ အရှင်မြတ်ဒီပင်္ကရာ သိရီဥာဏသည် (၁၃) နှစ်တိုင်အောင် တိဗက်ပြည်တွင် သာသနာပြုပြီး တိဗက်ပြည်မှာပဲ ပျံလွန်တော်မူခဲ့ လေသည်။
ဝိကြမသီလတက္ကသိုလ်နောက် ထပ်မံပေါ်ပေါက်ခဲ့ သော ဇဂဒ္ဒလ နှင့် သြဒန္တပူရီ တက္ကသိုလ် များသည်လည်း ထိုစဉ်က ဗုဒ္ဓသာသနာတော်ကို ထောက်ပံ့ခဲ့ကြသည့် ပါလ မင်းဆက်များ ပင် ထူထောင်ပေးခဲ့သော တက္ကသိုလ်များ ဖြစ်ပေ၏။ အေဒီ ၁၀၈၄ မှ ၁၁၃၀ ထိ စိုးစံခဲ့သော ရာမာပါလမင်း (King Ramapala) သည် ဂင်္ဂါမြစ်ဆုံဒေသ (ကာရာတိုဝါ) တွင် မင်းနေပြည်တော်တည်ထောင်၍ ရာမာဝတီမြို့တော် (Ramavati) ဟု အမည်ပေးခဲ့ ၏။ နေပြည်တော် ၌် ဇဂဒ္ဒလ တက္ကသိုလ် ကိုလည်း တည်ထောင်ပေးခဲ့သည်။ ဇဂဒ္ဒလတက္ကသိုလ်သည် နှစ်ပါင်း (၁၅၀) ခန့်သာ ရှင်သန် နိုင်ခဲ့ပြီး ဘီဟာပြည်နယ်ကို မိုဟာမေဒင်တို့ တိုက်ခိုက်ချိန်တွင် အခြား ဗုဒ္ဓတက္ကသိုလ်ကြီးများ နည်းတူ ပျက်သုဉ်းခဲ့ ရပြန် လေသည်။

(ဆက်လက်ဖေါ်ပြပါမည်)
**စုဆောင်းတင်ပြသူ- လင်းထက်ဆွေ**

(King Pusyamitra Sunga)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)