ဘုန်းတော်ကြီး မိုက်ကယ်သေဆုံးသွားသောအခါ ကောင်းကင်ဘုံသို့ရောက်ရှိသွားသည်။ ကောင်းကင်ဘုံ ဂိတ် ၀သို့ရောက်သော် မိမိရှေ့တွင် လူတစ်ဦးရှိနေသဖြင့် စောင့်ဆိုင်းနေရသည်။ ကောင်းကင်ဘုံဂိတ်ဝကို စောင့်ဆိုင်း သည့် စိန့်ပီတာက ထိုလူကို မေးမြန်းသည်။
`မောင်မင်းနာမည်နဲ့ လူ့ဘ၀တုန်းက ဘာလုပ်ခဲ့သလဲဆိုတာ ပြောပါ´
`ဟုတ်ကဲ့၊ ကျနော့်နာမည်က ပီပီပါ။ လူ့ဘ၀တုန်းက ဘောလုံးသမားအဖြစ်နှစ်ပေါင်း ၂၀ အသက်မွေးခဲ့ ပါတယ်။´
`အေး… ဟုတ်ပြီ၊ ရော့ဒီမှာပိုးသားဝတ်စုံနဲ့ ရွှေနှင်တံယူပြီး သွားတော့´
ဘုန်းတော်ကြီး မိုက်ကယ်အလှည့်သို့ရောက်သော် စိန့်ပီတာက မေးသည်။ `မောင်မင်းအသက်နဲ့ လူ့ဘ၀ တုန်းက ဘာလုပ်ခဲ့တယ်ဆိုတာ ပြောပါ´
`ဟုတ်ကဲ့။ ကျနော် ဘုန်းတော်ကြီးအဖြစ်နဲ့ ဘုရားသခင်ကို နှစ်ပေါင်း ၆၀ ၀တ်ပြုခဲ့ပါတယ်။
`ဒါဆို ရော့ဒီမှာ ဖျင်ကြင်းဝတ်စုံနဲ့ သစ်သားတုတ်ကောက်ယူပြီး သွားလို့ရပြီ၊´
`ဟာ… ဘောလုံးသမားတစ်ယောက်ကိုကျတော့ ပိုးသားဝတ်စုံနဲ့ ရွှေနှင်တံပေးပြီး ကျနော့်လို ဘုန်းတော် ကြီးကိုကျတော့ ဖျင်သားဝတ်စုံနဲ့ သစ်သားတုတ်ကောက်ပဲပေးတယ်၊´
`မောင်မင်းတရားဟောတဲ့အချိန်မှာ လူတွေက အိပ်ငိုက်နေကြပြီး ဒီဘောလုံးသမားကစားနေတဲ့အချိန်မှာတော့ ပြိုင်ဘက်တွေက ဘုရားတနေကြရတယ်လေကွာ။´
** eurosports ဂျာနယ်မှ ကူးယူဖော်ပြသည် **

No comments:
Post a Comment