ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, January 25, 2012

ဝိုင်းကြီးပတ်ပတ် ဒူဝေေ၀ ဆံပင်နှင့် ခေါင်းမြီးခြုံ ဖက်ရှင်

>

သီလရင် ၀တ်ရတာကတော့ တကယ်ကို စိတ်ချမ်းမြေ့ဖို့ ကောင်းပါတယ်။ ဒီအ၀တ်ကလေး ၀တ်လိုက်ရုံနှင့် ကိုယ့်စိတ်ထဲမှာ ရှိတဲ့ အညစ်အကြေးတွေ တစ်ဝက်လောက် စင်ကြယ်သွားသလို ဒီအ၀တ်ကြောင့် သီလတွေ အလိုလို ထိန်းမိရက်သား ဖြစ်သွားသလိုလို ဘာလိုလိုနဲ့။ ဒါကြောင့်လည်း အိမ်က လူကြီးမိဘတွေ နဲ့ ကိုရေချမ်းဆီက သဘောမတူတူအောင် မနည်း ရအောင် ခွင့်တောင်းပြီး ဒီအ၀တ်ကို ထပ်မံ ၀တ်ခဲ့ရတာပဲ။ ဒီတခါ ၀တ်ဖို့အတွက်များဆို ၂၀၀၈ ခုနှစ်ကတဲက စပြီး လေးနှစ် တိုင်တိုင် မရမက ခွင့်တောင်းခဲ့ရတာပ။ အဲသလောက် ၀တ်ချင်ခဲ့ရတဲ့ သီလရင် ဘ၀၊ လူထွက်တော့မှ ခက်တော့တာပဲ။ ဂတုံး အကြောင်းပြုပြီး ဟိုလူက စချင်၊ ဒီလူက စချင်၊ ပြောင်ချင် လှောင်ချင်။ သီလရင် မ၀တ်ခင်ကတဲကကို ဂတုံးကိုဖတ်ကနဲ လာရိုက်ချင်တဲ့သူက တမျိုး၊ ဂတုံးမလို့ ကြိုတင်ရေရွတ် ခေါ်ချင်တဲ့သူက တမျိုးနဲ့ စာစီ ကဗျာသီ ပြောင်ချင် သူက တမျိုး။

အဲဒီထက် ပိုပြီး ခက်သေးတာက စင်ကာပူမှာ အလုပ်လုပ်နေရင်း ဂတုံး ဖြစ်ရတဲ့ ဘ၀ပဲ။ ၂၀၀၀ခုနှစ်က Hitachi ဂျပန် ကုမ္ပဏီမှာ အလုပ် လုပ်နေရင်း ပထမဆုံး သီလရင် စ၀တ်ဖြစ်တယ်။ ကိုယ့်ရုံးခန်းထဲက လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေနဲ့ မန်နေဂျာကို မြန်မာပြည် ပြန်ပြီး သီလရင် ၀တ်မယ်ဆိုတာ ကြိုတင် အကြောင်းကြား သတင်းပေးပြီးသားရယ်။ မဟုတ်ရင် မတော်တဆ ဂတုံးကို တွေ့မိလိုက်လို့ ရှော့ ရနေမှာ စိုးလို့လေ။ အဲဒီတုန်းက သီလရင် လူထွက်ကာစတော့ ဆံပင်တုလေးစွပ် ရုံးတက်တာပေါ့လေ။ တစ်ရက် ၊ နှစ်ရက်၊ သုံးလေးရက်လောက် နေတော့ အဲဒီဆံပင်တုဒဏ်ကို မခံနိုင်တော့ဘူး။ ခေါင်းကို တအားကြီး ချုပ်ပြီး စည်းထားသလိုဖြစ်တော့ ခေါင်းတအား ကိုက်လာတယ်။ ဒါနဲ့ ရုံးမှာ ဘယ်လို လုပ်ရလဲဆို အိမ်သာထဲသွား ဆံပင်တုကို ချွတ်ပြီး ၃မိနစ်လောက် ခဏနေ၊ ခေါင်းကို အကိုက်ပြေအောင် လက်နဲ့နှိပ်၊ နည်းနည်း သက်သာပြီဆိုမှ ဆံပက်တုကိုပြန်တတ်ပြီး အိမ်သာထဲက ထွက်၊ နောက် နာရီဝက်လောက်ကြာ တစ်ခါ အိမ်သာထဲ ပြန်ဝင်၊ ခုနကလို ပြန်လုပ်၊ အာ... တစ်နေ့ တစ်နေ့ ရုံးရောက်တာနဲ့ အိမ်သာ ၀င်လိုက် ထွက်လိုက်၊ ဆံပင်တုကြီး ချွတ်လိုက် စွပ်လိုက်၊ တစ်ယောက်ထဲ ဒုက္ခများနေတာ ဆိုတာများ။ နောက်ဆုံး သူငယ်ချင်းတွေက ဆံပင်တုကြီး ချွတ်ထားပါ၊ ကိုယ်က ကောင်းတာလုပ်ထားတာပဲ ဂတုံး ဘာဖြစ်လဲလို့ အားပေးကြတာနဲ့ပဲ (တကယ်တော့ မြှောက်ပေးကြတာ) မရွှေစုတို့ ဆံပင်တုကြီး ချွတ်ပစ်ပြီး ဦးထုတ်ကလေးပဲ ဆောင်း အော်ရင်ဂျီနယ် ဂတုံးလေး အတိုင်းပဲ ဆံပင်ပြန်မရှည်မချင်း နေလိုက်ရတော့တယ်။

ဇာတ်လမ်းက အဲဒီမှာ စတော့တာပဲ။ ဂတုံးလူသားကို ကြည့်ပြီး ဟိုက သည်က တခြား ဌာနက သူတွေ တီးတိုး တီးတိုး သဖန်းပိုးလုပ်ကြတော့တာ။ ဘာဖြစ်တာလဲ နေမကောင်းလို့လား၊ ဆေးရုံတက်ရလို့လား၊ ရောဂါ ဖြစ်တာလား ဘာလား ညာလား၊ တချို့ကလည်း ကိုယ်တိုင် လာမေးတယ်။ တချို့ကျလည်း ကိုယ့်အခန်းက သူတွေကို လက်တို့ စပ်စုကြတယ်။ သီလရင် ၀တ်တယ်ဆိုတာကိုလည်း သူတို့က နားလည်ကြတာမှုတ်ဘူး။ ဘာဖြစ်လို့ ၀တ်ရတာလဲ၊ ဘာအကြောင်းကြောင့် ၀တ်ရတာလဲနဲ့၊ အဲသမှာ စိတ်မရှည်တဲ့ သူငယ်ချင်း တစ်ယောက် ကတော့ စိတ်ပေါက်ပေါက်နဲ့ ဒီလို ပြန်ဖြေလိုက်တယ်။

'' ဟာ... သူတို့ မြန်မာလူမျိုးတွေက မင်္ဂလာဆောင်ခါနီးရင် သီလရင် မ၀တ်မနေရ ၀တ်ကြရတယ်။ သူက မကြာခင် မင်္ဂလာဆောင်တော့မှာ....အဲသာကြောင့် ၀တ်တာ သိပြီလား။ တော်တော့ ထပ်လာမမေးနဲ့...''

သူ့အပြောနဲ့ပဲ လူတွေ ပါးစပ်ပိတ်။ တစ်နေ့တော့ Managing Director ဂျပန်ကြီးနဲ့ လမ်းမှာ မျက်နှာချင်းဆိုင်တွေ့၊ နင်တို့ မြန်မာတွေ မင်္ဂလာဆောင်ခါနီးရင် သီလရင် ၀တ်ရတယ်ဆို ဟုတ်လားတဲ့။ ဟယ်... ဘယ်နှယ် ဒီသတင်း ဟိုးအခေါင် အချုပ်ဆီတောင် ရောက်ပါပေါ့လား။ ဟုတ်တယ်လို့ ပြောရခက်၊ ဟုတ်ဘူးလို့ ပြောရခက်နဲ့။ ပြုံးမဲ့မဲ့နဲ့ နေ နေ ရတယ်။

ဟော... တော်နေကြာတော့ မရွှေစုတို့ဌာနကို မြန်မာကောင်မလေးတစ်ယောက် ရောက်လာတာ ရှိပါရော။ သူက အိမ်ထောင်ကျပြီးသား ဆိုတာသိသွားကြတဲ့ အိုလေ...ဟို...ရုံးက ကိုစပ်စု မစပ်စုတို့က... နင်ရော မင်္ဂလာမဆောင်ခင် သီလရင် ၀တ်ခဲ့သလား ဆိုတာ အစမရှိ အဆုံးမရှိ သွားမေးကြတော့... ဟိုကလည်း ဘုမသိ ဘမသိနဲ့ ဘာလို့ ၀တ်ရမှာလဲ၊ ၀တ်ပါဘူးလို့ ပြန်ပြောရော၊ နောက်ကျမှ ဇာတ်ရည်လည်သွားတဲ့ ကောင်မလေးက အစ်မရယ် အစ်မလုပ်တာနဲ့ ကျမလည်း ကိုယ့်လူမျိုး Culture နဲ့ Tradition ကို မထိန်းတဲ့သူပဲလို့ ပြောခံရတော့တာပဲ တဲ့။

အဲ... အဲသလို အဖြစ်မျိုးတွေ မကြုံချင်တော့ ဒီတစ်ခါ မယ်သီလရင် မ၀တ်ခင် ၊ ဆံပင်တု ကောင်းကောင်းတွေ ဘန်ကောက်မှာ ပေါသဆိုလို့ ပြောကြတော့ အစ်ကိုကြီးကိုအရုဏ်ဦး ကို ဂျီတိုက်ပြီး မှာလိုက်တော့တာပါပဲ။ ကိုအရုဏ်ခမျာလည်း အလုပ်များတဲ့ကြားထဲက ဘယ်ရှိမှန်း မသိတဲ့ ဆံပင်တုဆိုင်တွေ ရှာဖွေပြီး ၂ခုဝယ် အမြန်ချောနဲ့ စင်ကာပူထိ ပို့ပေး ပါရမီဖြည့်ပေးရှာတယ်။ မရွှေစုတို့လည်း ရောက်လာတဲ့ ဆံပင်တုကြီးကိုင် ၊ ၀ုဒ်လန်းက တင်မိုးလွင် ညီမ ဆံပင်ညှပ်ဆိုင်သွားပြီး ကိုယ်မျက်နှာနဲ့ အဆင်ပြေအောင် ညှိ ညှပ်တာတွေ ကြိုလုပ်ထားလိုက်တယ်။ ဆံပင်တုလေးက ဒီတခါ ခေါင်းမနာတော့ဘူးကွ... သားရည်ကြိုး အလျှော့အတင်းလုပ်လို့ရတယ်။ ဆံပင်ပုံစံကလည်း လှတယ်။ ဆံပင် အရောင်ကလည်း မရွှေစု နဂို ဆံပင် အရောင် အညိုရောင်။ ကွက်တိ။ ဒီတခါတော့ အဆင်ပြေပြီ။ တွက်ရေးကတော့ စက်သူဌေး။

သီလရင်ထွက်တာက ည၇နာရီမှ ထွက်တယ်။ နောက်တစ်နေ့ နံနက် ချက်ချင်း ရုံးတက်ရတော့ အဆင်သင့် လုပ်ထားတဲ့ ဆံပင်တုလေး စွပ်ပြီး ကျော့ကျော့ မော့မော့နဲ့ ရုံးလာတာပေါ့လေ။ ဟော.. ရုံးရောက်တော့ သူငယ်ချင်းတွေက အယ်... ဂတုံးလည်း မဟုတ်ပါလားနဲ့ သီလရင် မ၀တ်ဖြစ်တော့ဘူးလားနဲ့ ၀ိုင်းမေးကြတာ။ ဘော့စ်ကလည်း Why you still got the hair နဲ့ လာလုပ်နေသေး။ ပြီးမှ ဆံပင်တုကြီး စွပ်ထားလား၊ အစစ် အတိုင်းပဲ စသဖြင့် အာပြဲကြီးတွေ နဲ့ အော်နေကြလို့ ရှုး ရူး နဲ့ သတိပေးရသေး။

ကိုယ့်ဆံပင်လေးလှတယ်ဟ ဆိုပြီး မာနတွေ တက်လို့ ပြုံးပြုံး ပြုံးပြုံးနဲ့ ကိုယ့်စားပွဲကိုယ် အလုပ်လုပ်ဖို့ ထိုင်နေတုန်း မကြာပါဘူး၊ ခေါင်းငုံ့လိုက်ရုံရှိသေး ...ဂျွတ်...ကနဲ အသံ တစ်ခု ထွက်လာပြီး ခေါင်းပေါ်က ဆံပင်က ချောင်သွားသလို ခံစားလိုက်ရတာ။ ဟိုက်... ဆံပင် ဘာများ ဖြစ်သွားတုန်း ဆိုပြီး မျက်လုံးပြူး မျက်ဆန်ပြူး အိမ်သာပြေးကြည့်တော့ (အင်း... ဒီတခါလည်း အိမ်သာ ပြေးရပြန်တာပဲ) ဆံပင်နောက်က အစွပ်မှာ အတိုးအလျှော့လုပ်ပေးတဲ့ သားရည်ပင်က ကလစ်တွေ အားလုံး ကျိုးကုန်တာကိုး။ ကလစ်တွေ ကျိုးသွားတော့ ဆံပင်ကြီးက ချောင်ပြီး ခေါင်းပေါ်မှာ လည်နေတာရယ်။ နဂိုဆံပင် ဘေးခွဲက အလည်ခွဲဖြစ်လိုက် သုံးပုံ တစ်ပုံခွဲဖြစ်လိုက် နောက်ခွဲဖြစ်လိုက် ရှေ့ဆံပင်တွေက တိုသွားလိုက် ရှည်လာလိုက် ခေါင်းပေါ်မှာ ဆံပင်တုကြီးက ရယ်ကလည် လိုက်ပြီး ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀ ကနေတာများ။

'' တကာကြီးရေ...တကာကြီးရေ... ဆရာလေး လူထွက် ဆံပင်တုကြီး စွပ်မရတော့ဘူးတော့။''

တကာကြီးဆီ အပြေးအလွှားဖုန်းဆက် ဖြစ်ပုံ ပျက်ပုံ ပြောပြတော့ ကဲ... ညနေ အောချက်က ဆံပင်တု ဆိုင် ရှာဖွေ သွားကြည့်ကြတာပေါ့လို့ ပြောတယ်။ အောချက်ဆံပင်တု ဆိုင် မေးမြန်းစုံစမ်းကြည့်တော့ ဆံပင်တု တစ်ခု စလုံး ဒေါ်လာ၆၀၀ လောက် ရှိသတဲ့။ ဆရာလေးလူထွက် အမှတ်လွတ်ထွက် မသွားအောင် ရင်ဘတ် ဖိထားရတယ်။ တော်ပြီ ဒီလောက် ဈေးကြီးတာတော့ မ၀ယ်ချင်တော့ဘူးဆိုပြီး အောချက် မသွားတော့ဘူး။ နောက်တစ်နေ့ မနက် ဘယ်လို ရုံးသွားရလဲဆို ဆံပင်တု ချောင်ချောင်ကြီး ခေါင်းမှာစွပ်၊ အဲဒီအပေါ်ကမှ ပုဝါလေးသိုင်း။ ရုံးက အကြောင်း မသိတဲ့ သူတွေက ဆရာလေး လူထွက် ကို ပြုံးကြည့်ကြတယ်။ ဖက်ရှင်တွေ လုပ်လှချည်ကလားတဲ့။ အက်စကီးမိုးလားတဲ့။ အာရေဗီယန်လား၊ ပါကစ္စတန်နီးစ်လား၊ အိန္ဒိယ ကုလားမလားတဲ့။

ကဲ... ဒါနဲ့ ပြီးပြီလား ဆိုတော့ မပြီးသေးဘူး။ နောက်တစ်နေ့ ညနေ အိမ်ပြန်ရောက်တော့ ခေါင်းက ယားလို့ ခဏခဏ ကုပ်တာ၊ အဲဒီ ဆံပင်တုက နိုင်လွန်နဲ့ လုပ်ထားတာ ဆိုတော့ ပူပြီး ခေါင်းမှာ အပူဖုတွေလို မိတ်ဖုတွေလို ထွက်လာပြန်ရော။ ကတုံး ဆံပင်ဆိုတာကလည်း သိတဲ့ အတိုင်း ကိုယ့်ခေါင်းကိုယ် အလကားနေရင်း ပွတ်လို့က သိပ်ကောင်းတာ၊ ဒီအဖုတွေ ထွက်လာတော့ ပိုယား ပိုပွတ်၊ အဖုတွေ ပိုများ။

'' တကာကြီး နောက်တစ်ဆိုင်မှာ ဒေါ်လာ၂၅၀တန် ဆံပင်တု လည်း ရှိတယ်တဲ့။ အဲသာလေး ၀ယ်လိုက်ရ ကောင်းမလား။ ''

တကာကြီး ဆီ အဲသလို အကြံဉာဏ်တောင်းတော့ တကာကြီး တစ်ယောက် ပြာပြာသလဲနဲ့... '' ဟာ... ဆရာလေးက ဂတုံးလေးနဲ့ လိုက်ပါတယ်၊ ခုလိုပုံလေးက ပိုတောင်ကျက်သရေ ရှိသေး။ တကယ်ပြောတာ '' လို့ ၂၅၀ အပိုကုန်မှာ ကြောက်ရှာတဲ့ တကာကြီး၊ ဆရာလေးလူထွက် ဂတုံးနဲ့ တအားလှကြောင်း အခိုင်အမာ ထွက်ဆိုနေလေရဲ့။ ပြောမယ့်သာ ပြောရတာပါ။ ကိုယ်လည်း ဒီလောက်ဈေးကြီးတာတွေ ခဏလေး သုံးဖို့ အတွက် မ၀ယ်ချင်ပါဘူး။ ဆံပင်ဆိုတာကလည်း နှစ်လ သုံးလနေရင် ပြန်ပေါက်လာမှာပဲ မဟုတ်လား။

ဒါနဲ့ပဲ ခုတော့ ဘယ်လို လုပ်ရသလဲဆို မနက် ရုံးလာရင် ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀ ဆံပင်တု ချောင်ချောင်ကြီး ခေါင်းမှာစွပ်၊ အဲဒီအပေါ်ကမှ ကုလားမတွေလို ပုဝါလေးသိုင်းခြုံ၊ ရုံးက ကိုယ့် အခန်း ကိုယ်ထိုင်နေတဲ့အခါ အဲဒီ ဆံပင်တုကြီး ချွတ်၊ ပုဝါလေးပဲ ပြန်ပတ်ထား။ အစည်းအဝေးတို့ ဘာတို့ အပြင်ဘာညာ သွားစရာ ရှိတယ်ဆိုရင်တော့ ပုဝါအောက်ကနေ ဆံပင်တုလေး ပြန်စွပ်လိုက်ပေါ့။ ဒါမှမဟုတ်ရင်တော့ ပုဝါအောက်က အော်ရီဂျင်နယ် ကိုယ့်ဂတုံးလေး ကိုယ်ပွတ်ရင်း အလုပ်လုပ်နေရတာများ ဆံပင်ပေါက်စနတွေက စူးစူး စူးစူးနဲ့မို့ တယ် ဇိမ်ရှိတာပဲကလား။

အဟုတ် တကယ် ပြောတာ။ မယုံရင်တော့ ကိုယ်တိုင် ဂတုံး တုံး ကြည့်ကြပေါ့။ မှုတ်ဘူးလား နော့။

+++++++++
Posted by-Blogger စုချစ်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)