ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, January 12, 2012

ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ

>
**ရေအောက်၌ အသုံးပြုနိုင်သော လက်ကိုင်ဖုန်းသစ်**
(လက်စ်ဗီးဂက်စ်၊ ဇန်န၀ါရီ ၁၀)
ရေအောက်တွင်အသုံးပြုနိုင်သော လက်ကိုင်စမတ်ဖုန်းအမျိုးအစားသစ်တစ်မျိုးကို အမေရိကန်နိုင်ငံ လက်စ်ဗီးဂတ်စ်မြို့ အီလက်ထရွန်နစ်ကုန်ပစ္စည်းပြပွဲ၌ပြသထားရာ ၄င်းလက်ကိုင်ဖုန်းကို ကယ်လီဖိုးနီးယားပြည်နယ် လီကွီပက်လ်ကုမ္ပဏီက ထုတ်လုပ်လိုက်ခြင်းဖြစ်ကြောင်း ဇန်န၀ါရီ ၁၀ ရက်၌ သတင်းထုတ်ပြန်သည်။ အဆိုပါ လက်ကိုင်စမတ်ဖုန်းသစ်၏ ကိုယ်ထည်အပြင်ဘက်ပိုင်းကို လူ၏ ဆံချည်တစ်မျှင်ထက် အဆတစ်ထောင်ခန့်ပါးလွှာသော သတ္တုအရည်တစ်မျိုးဖြင့် ဖုံးအုပ်ထားသည်။ ၄င်းဖုန်းသည် ရေထဲသို့ကျသွားသည့်အတိုင်း ထိခိုက်ပျက်စီးမှုမရှိ အသုံးပြုနိုင်ပြီး ရေအောက်တွင်လည်း ဖုန်းပြောဆို၍ရစေရန် နည်းပညာသစ်ဖြင့် ထုတ်လုပ်ထားခြင်းဖြစ်သည်။ လွန်ခဲ့သည့် သီတင်းခြောက်ပတ်ခန့်ကပင် နာနိုနည်းပညာဖြင့် စမတ်ဖုန်းသစ်အမျိုး အစားတစ်မျိုးကို ထုတ်လုပ်ဖြန့်ဖြူးသွားမည်ဟု လီကွီပယ်လ်ကုမ္ပဏီက သတင်းထုတ်ပြန်ခဲ့သည်။ ယခုစမတ်ဖုန်းသစ်သည် ရေ၀င်ရောက်မှုမှ အကာအကွယ်ပေးနိုင်သည်သာမက ကော်ဖီ၊ ၀ိုင်နှင့်အခြားအရည်များကြောင့် ပျက်စီးမှုကိုလည်း ကာကွယ်ပေးနိုင်သည်။ (အင်တာနက်)

**ရွက်လှေဖြင့်အမြန်ဆုံး ကမ္ဘာတစ်ပတ်ရွက်လွှင့်သူ ဗြိတိန်နိုင်ငံသား ဘရန်သွမ်ပဆင်ဖြစ်လာ**
(လန်ဒန်၊ ဇန်န၀ါရီ ၁၀)
အသက် ၄၉ နှစ်အရွယ်ရှိ ဘရန်သွမ်ပဆင်သည် ပြင်သစ်နိုင်ငံအနောက်ပိုင်း ဘရက်မြို့ဆိပ်ကမ်းမှ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်က စတင်ရွက်လွှင့်ထွက်ခွာခဲ့ရာ ပြင်သစ်နိုင်ငံ ကမ်းလွန်နှင့် ဂွတ်ဟုတ်အငူ၊ ပစိဖိတ်သမဒ္ဒရာနှင့် မြောက်အတ္တလန္တစ်ရေပြင်တို့ကို ဖြန်သန်းရွက်လွှင့်ခဲ့ခြင်းဖြစ်သည်။ ခရီးစဉ်အဆုံးဖြစ်သည့် ပြင်သစ်နိုင်ငံသား အနောက်ပိုင် ဘရက်မြို့ဆိပ်ကမ်းသို့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၇ ရက်ည ၁၀ နာရီ ၁၄ မိနစ်တွင် ပြန်လည်ဆိုက်ရောက်ခဲ့ခြင်းဖြစ်သည်။ ၄င်းသည်ယခင်က ကမ္ဘာတစ်ပတ်ရေကြောင်းခရီးစဉ်ကို ရွက်လှေဖြင့် အမြန်ဆုံးရွက်လွှင့်ခဲ့သည့် ဂျူလက်စ်ဗာနေတရိုဖီ၏ ၄၈ ရက် ၇ နာရီ ၄၄ မိနစ် ၅၂ စက္ကန့်စံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်။ ဘရန်သွမ်ပဆင်သည် ဗြိတိန်နိုင်ငံသား ဆောက်သမ်သတန်မြို့တွင် နေထိုင်သူဖြစ်ပြီး ပင်လယ်ရေကြောင့်ခရီးစဉ်အဖြစ် ကမ္ဘာတစ်ပတ် မိုင်ပေါင်း ၁၀၀၀၀၀ ကျော်ကို အမြန်ဆုံးရွက်လွှင့်နိုင်သူ ဖြစ်လာခဲ့ပြီဖြစ်သည်။ (အင်တာနက်)

**ဟူစတန်မြို့၌ လေဆင်နှာမောင်းတိုက်ခတ်ပြီးနောက် ရေလွှမ်း**
(ဟူစတန် ဇန်န၀ါရီ ၁၀)
အမေရိကန်နိုင်ငံဟူစတန်မြို့၌လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အိမ်နှင့်ကားများပျက်စီးပြီး လမ်းများပေါ်တွင် ရေများဖုံးလွှမ်းလျက်ရှိသည်။ ထို့ကြောင့် မော်တော်ယာဉ်များ ရေနစ်မြုပ်လျက်ရှိပြီး ကားမောင်းနှင်သွားလာမှု ပြတ်တောက်လျက်ရှိသည်။ ထို့အတူ တက္ကဆက်ပြည်နယ်အနောက်ပိုင်း မြောက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမှုများကြုံတွေ့ရနိုင်ကြောင့် သတိပေးချက်များထုတ်ပြန်ထားသည်။ ဟူစတန်မြို့တွင်ရှိ ရှော့ပင်မောလ်များတွင် လေဆင်နှာမောင်းကြောင့် အဆောက်အအုံအချို့ ပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး စာသင်ကျောင်းအချို့လည်း ပိတ်ထားခဲ့ရကြောင်း ယင်းသတင်း၌ ဖော်ပြသည်။ (အင်တာနက်)

**သောင်တင်ကုန်သင်္ဘောထက်ပိုင်းကျိုးမှုကြောင့် ရေထုညစ်ညမ်းမှုထပ်ဖြစ်နိုင်**
(အော့ကလန်၊ ဇန်န၀ါရီ ၁၀)
နယူးဇီလန်နိုင်ငံ ကမ်းလွန်ဒေသတွင် သောင်တင်နေသည့် နယူးဇီလန် ကုန်သင်္ဘောမှာ ရာသီဥတုဆိုးရွားကာ မုန်တိုင်းထန်လာသည့်အတွက် ထက်ပိုင်းကျိုးသွားရာ ပတ်ဝန်းကျင် ရေထုညစ်ညမ်းမှုနှင့် ပတ်သတ်၍ ပိုမိုစိုးရိမ်စရာဖြစ်လာကြောင့် အင်တာနက်သတင်းတွင် ဖော်ပြပါရှိသည်။ ပင်လယ်ထဲသို့ ရေနံ တန် ၃၈၀ ခန့်ယိုဖိတ်ပြီးဖြစ်သည်။ ယခုအခါ သင်္ဘောပေါ်တွင် ရေနံတန်ချိန် ၄၀၀ ခန့်နီးပါရှိနေသေးသည်ဟု သိရသည်။ ယင်းရေနံယိုဖိတ်မှုမှာ နယူးဇီလန် ရေကြောင်းအတွင်း ရေထုညစ်ညမ်းမှုအဆိုးဆုံးဖြစ်ပြီး ယင်းကြောင့် ပင်လယ်ငှက် ၂၀၀၀၀ ကျော် သေဆုံးခဲ့ရသည်။ (အင်တာနက်)

စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)