အလုပ်များသော ယမမင်းအတွက် ခေါင်းကိုက်စရာများ ဟိုတလောက ဖြစ်ခဲ့သည်။
ကဒါဖီး ကြောင့်ဖြစ်သည်။
ကဒါဖီးက
သူ့တွင်အပြစ်မရှိကြောင်း၊
ငရဲပြည်သို့ နေရာမှားပြီး ရောက်လာတာဖြစ်ကြောင်း၊
သူရောက်သင့်သောနေရာမှာ ကောင်းကင်ဘုံဖြစ်ကြောင်း၊
မကြာသေးမှီကာလက ကောင်းကင်ဘုံတွင် သူနေထိုင်ရန် နန်းတော်ကြီးတစ်ခုဆောက်ခဲ့ကြောင်း၊
သက်သေအဖြစ် သူ့တွင်ဓါတ်ပုံပါကြောင်း၊
တရုပ်ကုမ္ပဏီတစ်ခုက ကန်ထရိုက်အဖြစ် တာဝန်ယူဆောက်ပေးခဲ့တာဖြစ်ကြောင်း၊
အဲဒီနေရာကို ပြန်ပို့ပေးရန်တောင်းဆိုကြောင်း၊ ယမမင်းကိုလည်း
အလည်လာရန်ဖိတ်ခေါ်ကြောင်း၊

ယမမင်းသာလက်ခံမည်ဆိုလျှင် အပျိုစင်ကိုယ်ရံတော်
တပ်ဖွဲ့တစ်ဖွဲ့လက်ဆောင်ပေးမည်ဖြစ်ကြောင်း၊
စသည်ဖြင့် စသည်ဖြင့် စသည်ဖြင့် စေဒကတက် နေခဲ့သည်။
ယမမင်းက ဘယ်မလဲကောင်းကင်ဘုံကနန်းတော်ဟုမေးရာ ကဒါဖီးက ဓါတ်ပုံတစ်ပုံထုတ်ပြခဲ့သည်။
တော်တော်ခေါင်းနောက်သွားသော ယမမင်းက တရုပ်ပြည်
ကျွမ်းကျင်သူအရာရှိကိုခေါ်မေးကြည့်ရာ တရုပ်တို့ကျူးကျော်သိမ်းပိုက်ထားသော
တိဗက်ကုန်းမြင့်ပေါ်တွင် ဆောက်ထားသည်ဟု ယူဆရသောအဆောက်အဦးတစ်ခုဖြစ်သည်ဟုဖြေသည်။
ကဒါဖီး သူအလိမ်ခံရသည်မှာ မဖြစ်နိုင်ကြောင်း အခိုင်အမာငြင်းနေသဖြင့်
ကဒါဖီးအပေါ်ဆုံးဖြတ်ရမည့် ကိစ္စကို ခေတ္တဆိုင်းငံ့ထားရသည်။
ဒီနေ့ ကဒါဖီးဝမ်းမြောက်ဝမ်းသာဖြစ်နေသည်။
သူရင်းနှီးသော သူငယ်ချင်း ကင်ဂျုံအီ သူ့ဘေးရောက်လာသောကြောင့်ဖြစ်သည်။
ယခု သူတို့နှစ်ဦးပူးပေါင်းပြီး ယမမင်းကို တောင်းဆိုနေပြန်သည်။
ကင်ဂျုံအီတွင်လည်း ဓါတ်ပုံတစ်ပုံပါလာသည်။ ကဒါဖီးအတိုင်းပင်
ဒီတော့ ယမမင်းခေါင်းစားရပြန်သည်။
ဒီတရုပ်ကုမ္ပဏီနှင့် ဒီကြောင်တောင်တောင်နှစ်ယောက် တိုက်ရိုက်အဆက်အသွယ် ရခဲ့ဟန်မတူ၊
ကြားပွဲစားတစ်ယောက်တော့ရှိရမည်။
ဟိုနှစ်ယောက်ကလည်းဝန်ခံသည်။ ဒါဆိုကြားပွဲစားတစ်ယောက်ရှိနေသည်။
ဒီကိစ္စကြားပွဲစားကို ခေါ်ပြီးစစ်ဖို့ကလည်း ထင်သလောက်မလွယ် ဘာဆက်လုပ်ရမလဲ
ယမမင်း အတော်အကြံအိုက်နေသည်။
ကဒါဖီး နှင့် ကင်ဂျုံအီ တို့က ခဏစောင့်ဖို့ပြောသည်။ မကြာခင် ကြားပွဲစား
ဒီကိုရောက်လာမည် ဟုပြောသည်။

ယမမင်းအတော်အံ့သြသွားသည်။ ဘယ်သူမို့လို့ မင်းတို့နှစ်ယောက်က
ဒီလိုအသေအခြာပြောနေရတာလဲ ဟုမေးလိုက်ရာ
သူတို့နှစ်ယောက် ပြိုင်တူဖြေလိုက်တဲ့ အဖြေကြောင် ယမမင်းတစ်ယောက်
နှဖူးကိုလက်ဝါးနှင့်ရိုက်မတော့သည်။
သူတို့ဖြေလိုက်တာက
( ကြားပွဲစားက တခြားသူမဟုတ်ပါ၊ ကျုပ်တို့သူငယ်ချင်းအရင်းကြီးဖြစ်တဲ့
ဗမာပြေက သန်းရွှေပါ) တဲ့။
**hawdeka aethae**

No comments:
Post a Comment