
အတိတ်က နုပျိုခြင်းတွေ
ရင်ခွင်မှာ သိမ်းဆည်းရင်းနှင့်
အားသစ်နဲ့ရှေ့တက်လှမ်းခဲ့
ရွှေအိုရောင် နံနက်ခင်းဆီကိုလေ....။
အမှောင်ထုက ၀ါးမြိုခဲ့ရင်
အလင်းသစ်ကို ဖွေရှာဦးလေ
လေအသင့်နဲ့ လှေလွင့်ခဲ့ရင်
ကမ်းကပ်လိုက်ဖို့ကို ၀န်မလေးလိုက်နဲ့ဦး...။
ကောက်ကွေ့တဲ့လမ်း ဆက်လျှောက်ရင်
အရောက်နောက်ကျ မယ်လေ
ဝေးလွင့်ခြင်း ၀ဲဂယက်ထဲက
ရုန်းထွက်ရင်း ပြုံးလက်တွဲမယ်လေ...။
ပါးနှစ်ဖက်က မျက်ရည်စက်တွေ
လိမ်းသုတ်မဲ့ လက်နဲ့ဝေးတော့
တွေးတွေးတိုင်း ရှိုက်သံလှိုင်းခတ်
မေရှိမဲ့အရပ် ခြေဦးလှည့်တတ်ပြီ...။
**အောင်ခိုင်မြင့်**
13 January 2012
( နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်မှုအတွက် အပျော်တွေကူးဆက်ပြီး အနာဂတ် အမိမြေမှာ အားလုံးငြိမ်းချမ်းသာယာ ပျော်ရွှင် ပါစေ )

အတိတ်က နုပျိုခြင်းတွေ
ရင်ခွင်မှာ သိမ်းဆည်းရင်းနှင့်
အားသစ်နဲ့ရှေ့တက်လှမ်းခဲ့
ရွှေအိုရောင် နံနက်ခင်းဆီကိုလေ....။
အမှောင်ထုက ၀ါးမြိုခဲ့ရင်
အလင်းသစ်ကို ဖွေရှာဦးလေ
လေအသင့်နဲ့ လှေလွင့်ခဲ့ရင်
ကမ်းကပ်လိုက်ဖို့ကို ၀န်မလေးလိုက်နဲ့ဦး...။
ကောက်ကွေ့တဲ့လမ်း ဆက်လျှောက်ရင်
အရောက်နောက်ကျ မယ်လေ
ဝေးလွင့်ခြင်း ၀ဲဂယက်ထဲက
ရုန်းထွက်ရင်း ပြုံးလက်တွဲမယ်လေ...။
ပါးနှစ်ဖက်က မျက်ရည်စက်တွေ
လိမ်းသုတ်မဲ့ လက်နဲ့ဝေးတော့
တွေးတွေးတိုင်း ရှိုက်သံလှိုင်းခတ်
မေရှိမဲ့အရပ် ခြေဦးလှည့်တတ်ပြီ...။
**အောင်ခိုင်မြင့်**
13 January 2012
( နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်မှုအတွက် အပျော်တွေကူးဆက်ပြီး အနာဂတ် အမိမြေမှာ အားလုံးငြိမ်းချမ်းသာယာ ပျော်ရွှင် ပါစေ )


No comments:
Post a Comment