ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, January 18, 2012

အိန္ဒိယနိုင်ငံတွင် ပေါ်ထွန်းခဲ့သော မဟာယာနဗုဒ္ဓဘာသာအကြောင်း (၁၂)

>
**အိန္ဒိယမဟာယာနဗုဒ္ဓဘာသာသမိုင်း အနှစ်ချုပ်သုံးသပ်ချက်**
ဘီစီ (၂) ရာစုခန့်တွင် အစပျိုးခဲ့လျှက် အေဒီ (၂) ရာစုတွင် အထင်အရှားပေါ်ထွန်းလာခဲ့သော အိန္ဒိယမဟာယာန ဗုဒ္ဓဘာသာ သည် နှစ်ပေါင်း (၁၀၀၀) ခန့် တိုးတက်ထွန်းကားခဲပြီးနောက်တွင် အမျိုးမျိုးအဖုံဖုံသော အတွင်းရန်အပြင်ရန် တို့ကြောင့်ချုပ်ငြိမ်းခဲ့ ရလေသည်။ အိန္ဒိယ မဟာယာနဗုဒ္ဓဘာသာ ၏ နှစ်ပေါင်း (၁၀၀၀) သမိုင်း ကို အနှစ်ချုပ်သုံးသပ်ကြည့်ပါလျှင် အောက်ပါ အချက်များကို တွေ့ရပေမည်။
(၁) မဟာယာနဗုဒ္ဓဘာသာ သည် ရှင်တော်ဗုဒ္ဓ ထွန်းငြိတော်မူခဲ့သော သစ္စာအလင်းရောင် ကို ထောင်စုနှစ်တစ်ခုတိုင် အိန္ဒိယပြည်မြေပေါ်၌ ဆက်လက်ထွန်းလင်းတောက်ပစေနိုင်ခဲ့သည်။ ထေရ၀ါဒဗုဒ္ဓဘာသာ သည် သာသနာပြုမင်းများ မရှိသည့်နောက် ဘီစီ (၂) ရာစုဝန်းကျင်တွင် အိန္ဒိယပြည်မြေပေါ်၌ ဆက်လက်မတောက်ပနိုင်တော့ပဲ များစွာ အားလျှော့ခဲ့သည်။ ရှင်မဟိန္ဒ အမှူးပြုသော သာသနာပြုရဟန်းတော်များစွာ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ထေရ၀ါဒဗုဒ္ဓဘာသာ သည် သီဟိုဠ်ကျွန်းနှင့် အခြားအရှေ့တောင်အာရှနိုင်ငံများတွင် ဓမ္မလင်းရောင်ခြည် ကို ဆောင်နိုင်ခဲ့ပေသည်။ အိန္ဒိယပြည်မြေပေါ်၌ ဆက်လက်ကျန်ရစ်သော မဟာယာနဗုဒ္ဓဘာသာ သည် ရံဖန်ရံခါ သာသနာပြုမင်းများ နှင့် ကြုံတွေ့ခဲ့ရသလို ဗုဒ္ဓဘာသာ ကို နှိပ်စက်ဖျက်ဆီးသော မင်းဆိုးမင်းညစ်များ၏ ဓါးထက်မှု ကိုလည်းခံခဲ့ရသည်။ သီဟိုဠ်ကျွန်းနှင့် အခြားအရှေ့တောင်အာရှနိုင်ငံများတွင် သာသနာပြုမင်းများ နှင့် အဆက်မပြတ် ကြုံတွေ့ကာ ချီးမြောက်ထောက်ပံ့မှုကြောင့် ထေရ၀ါဒဗုဒ္ဓဘာသာ သည် များစွာစည်ပင်တိုးတက်ခဲ့ချိန်တွင် မဟာယာနဗုဒ္ဓဘာသာ သည် ဗြဟ္မဏပညာရှိပဏ္ဍိတများ၏ ထိုးနှက်ဝေဖန်မှုကို အလူးအလဲခံစားခဲ့ရပုံပေါ်သည်။
ဗြဟ္မဏဘာသာ နှင့် အပြိုင် သာသနာပြု ရင်း မဟာယာနဗုဒ္ဓဘာသာ သည် အပေါ်ယံကြောသဘော အရ မိမိ၏ ပြိုင်ဘက်နှင့် တစ်ဖြည်းဖြည်း ဆင်တူလာခဲ့သည်ကို တွေ့ရ၏။ ယင်းအချက်သည်ပင် မဟာယာနဗုဒ္ဓဘာသာ အတွက် အားနည်းချက်ဖြစ်စေခဲ့သည်ကို သမိုင်းအရ တွေ့ရပါသည်။
(၂) မဟာယာနဗုဒ္ဓဘာသာ သည် အိန္ဒိယပြည်၏ ပညာရေး နှင့် ဘာသာရေးဒဿနပညာရပ် များ ကို များစွာ တိုးတက်စေ ခဲ့ သည်။ အထက်တွင် ရေးသားဖေါ်ပြခဲ့ပြီးသော မဟာယာနဗုဒ္ဓဘာသာ တက္ကသိုလ်ကျောင်းတိုက်ကြီးများ အစီအရီ ပေါ်ထွန်းခဲ့ခြင်းက ဤအချက် ကို မီးမောင်းထိုးပြ နေလေသည်။ မဟာယာနဗုဒ္ဓဘာသာ ဆိုင်ရာ သုတ္တန်များ ကို အဖွင့် အဋ္ဌကထာဋီကာများ ရေးသားပြုစုဖွင့်ဆိုတော်မူခဲ့ကြသော မဟာယာနဗုဒ္ဓဘာသာ ဗောဓိသတ္တရဟန်းတော်များစွာ ၏ အလွန်ကြီးမားသော ဥာဏ်ပညာနှင့် ဇွဲလုံ့လ ၀ီိရိယ တို့ကြောင့် မဟာယာနဗုဒ္ဓဘာသာ တိုးတက်ပွင့်လန်းခဲ့ ရသည်ဟုဆိုလျှင် မှားအံ့မထင်ပေ။ နာဂဇ္ဇုန၊အရိယဒေ၀၊ အသင်္ဂ၊ ၀သုဗန္ဓု၊ ဗုဒ္ဓပါလိတ၊ ဘာ၀၀ိဝေက၊ စန္ဒကိတ္တိ၊ ဒိန္နာဂ၊ ဓမ္မကိတ္တိ၊ သန္တိဒေ၀၊သန္တရက္ခိတ စသည့် မဟာယာနဗုဒ္ဓဘာသာ ဗောဓိသတ္တရဟန်းတော်များစွာ တို့၏ အမည်နာမ များသည် အိန္ဒိယပြည်၏ ပညာရေး နှင့် ဘာသာရေးဒဿနပညာရပ် ဆိုင်ရာ သမိုင်းကျောက်သားပြင်ထက် ကမ္ဗည်းတင်နိုင်ခဲ့သော အမည်နာမ များ ဖြစ်ကြပါသည်။ ဗြဟ္မဏဘာသာ သည်ပင် မဟာယာနဗုဒ္ဓဘာသာ နှင့် တိုးတိုက်ထိတွေ့ အားပြိုင်ခဲ့မှု များကြောင့်  များစွာ ပြောင်းလဲခဲ့ရပါသည်။ ရှန်ကာရာစာရိယ ကဲ့ သို့သော ဝေဒန္တပညာရှင် မျိုးသည် မဟာယာနဗုဒ္ဓဘာသာ ၏ အထောက်အပံ့ကျေးဇူးမရှိပဲ ဖြစ်ပေါ်လာနိုင်စရာ အကြောင်းမရှိပေ (ရှန်ကာရာစာရိယ ကို ဗြဟ္မဏဘာသာဝင်ယောင်ဆောင်ထားသော ဗုဒ္ဓ၀ါဒီ ဟု စွပ်စွဲခဲ့ကြသည်ကို ထောက်၍ ဤ အချက် မှန်ကန်ကြောင်း သိနိုင်ပါ၏)

ထေရ၀ါဒဗုဒ္ဓဘာသာသည် မြတ်ဗုဒ္ဓ ပေးခဲ့သော ဓမ္မအမွေကို အထိခိုက်အပွန်းပဲ့မခံပဲ ထိန်းသိမ်းစောင့်ရှောက် နိုင်ခဲ့ သည်ဟုဆိုပါလျှင် မဟာယာနဗုဒ္ဓဘာသာ သည် မြတ်ဗုဒ္ဓ ပေးခဲ့သော ဓမ္မအမွေကိုအရင်းတည်၍ ဆပွားတိုးတက် ပြည့်စုံအောင် ထူထောင်ချဲ့ထွင်နိုင်ခဲ့သည် ဟု ဆိုရမည်ဖြစ်သည်။ ဤအချက်သည် မဟာယာနဗုဒ္ဓဘာသာ၏ ဒဿနအမြင် နှင့် ဓမ္မ ကျင့်စဉ်များ အကြောင်း ဆက်လက်လေ့လာလျှင် ပိုမို၍ ပီပြင်ထင်ရှားလာပေလိမ့်မည်။

(၃) မဟာယာနဗုဒ္ဓဘာသာ လှုပ်ရှားမှု ကြောင့် ဗုဒ္ဓဘာသာ သည် သာမန် ကမ္မဋ္ဌာန်းအခြေပြုဘာသာတရား (Yogic/Ascetic Religion) အဖြစ်မှ လူအများနှင့်သက်ဆိုင်သော လောကီလွန်ဘာသာတရားကြီးတစ်ခု (Transcendental/Theistic Religion) အဖြစ်သို့ ရောက်ရှိခဲ့လေသည်။ အိန္ဒိယပြည် အနောက်မြောက်ပိုင်းဒေသတွင် ဂရီဘုရင်ခံများ အုပ်စိုးခဲ့ချိန်က စ၍ ဂန္ဓာရတိုင်း တွင် ဗုဒ္ဓ ရုပ်ပွားဆင်းတုများ စတင် ထုလုပ်ကိုးကွယ်ခဲ့ကြလေသည်။ ရှင်တော်ဗုဒ္ဓ၏ ဘ၀ဖြစ်တော်စဉ် နှင့်တကွ ဇာတကစာပေ အ၀ဒါနစာပေ တို့ သည် ပန်းပု ပန်းချီ ပြဇာတ်စာပေ အနုပညာရှင် တို့ ကို ဆွဲဆောင်ခဲ့၏။
မဟာယာနဗုဒ္ဓဘာသာဝင် အနုပညာရှင်တို့၏ ဖန်တီးမှု လက်ရာကြောင့် မဟာယာနဗုဒ္ဓဘာသာ ဆိုင်ရာအယူအဆများ သည် သာမန်ပြည်သူများ အတွင်းသို့ နက်ရှိုင်းစွာ စိမ့်ဝင်ပျံ့နှံ့ခဲ့ပါသည်။ စေတီတည်ထားကိုးကွယ်မှု ဗုဒ္ဓရုပ်ပွားဆင်းတု တော်များ ဗောဓိသတ္တရုပ်ပွားတော်များ ထုလုပ်မှုကြောင့် ပဋိမာသိပ္ပံပညာ (Buddhist Iconongraphy) လည်း များစွာ တိုးတက်ခဲ့လေသည်။ စေတီတည်ထားကိုးကွယ်မှု ဗုဒ္ဓပွားဆင်းတုတော်များ ဗောဓိသတ္တရုပ်ပွားတော်များ ထုလုပ်ကိုးကွယ်မှုသည် ဗြဟ္မဏဘာသာဝင်များ အကြားတွင်ပင် ထိုးဖေါက်ကာ ဟိန္ဒူနတ်ကွန်းများ နတ်ဒေ၀တာ ရုပ်ပွားဆင်းတုများ ကို ထုလုပ်ကိုးကွယ်ကြလေသည်။
ဤသို့ သော ရုပ်ပွားတင်းတုများ ကိုးကွယ်ခြင်းနှင့် သာသနိကအဆောက်အအုံများ ဆောက်လုပ်နိုင်ခဲ့ခြင်းကြောင့် ဗုဒ္ဓဘာသာ၏ ခက်ခဲနက်နဲသော ဓမ္မသဘောများတွင် ဥာဏ်ဖြင့် မသက်ဝင် မထိုးထွင်းနိုင်သော ဥပသကာ ဗုဒ္ဓဘာသာဝင်တို့ အတွက် ဘာသာရေးလုပ်ငန်းများတွင် တက်တက်ကြွကြွ ပါဝင်ခွင့် ရခဲ့သည်။ သာသနာ့ ဒါယကာခံယူကြသော မင်းများ အနေနှင့် မဟာယာနဗုဒ္ဓဘာသာ ပျံ့နှံ့ရောက်ရှိ ရာတွင် ကြီးကျယ်ခမ်းနားသော သာသနိကအဆောက်အအုံများ ဆောက်လုပ်နိုင်ခဲ့ ကြလေသည်။ ဘာမီယန်ဒေသ မှ ဗုဒ္ဓဆင်းတုတော်ကြီး ဂျာဗားကျွန်းမှ ဗောရောဗုဓေါ ပုထိုးတော်ကြီး အိန္ဒိယနိုင်ငံမှ အာဂျန်တာ နှင့် ဧလိုရာ လိုဏ်ဂူကြီးများမှ နံရံဆေးရေးလက်ရာများ ကို ကြည့်လျှင် ထိုအချက်သည် အလွန်ထင်ရှားနေပါသည်။
(၄) မဟာယာနဗုဒ္ဓဘာသာ ထွန်းကားလာခဲ့ခြင်းသည် အိန္ဒိယနိုင်ငံ၏ နိုင်ငံရေး နှင့် လူမှုရေး အယူအဆများ အပေါ်များစွာ လွမ်းမိုးခဲ့ သည်ကို တွေ့ရပါသည်။ မူလဗုဒ္ဓ၀ါဒ သည် အိန္ဒိယ မြောက်ပိုင်းမှ ဂဏ ဒီမိုကရက်တစ် နိုင်ငံ ငယ်လေးများ၏ မိုဒယ် အတိုင်း နမူနာယူပြီး သံဃအဖွဲ့အစည်းကို ထူထောင်ခဲ့ သည့် အပြင် ရှင်တော် ဗုဒ္ဓ က အဖွဲ့အစည်းတို့ မဆုတ်ယုတ်ကြောင်း အပရိဟာနိယတရား (၇) ပါး ကို ဖေါ်ထုတ်ခဲ့ သည်။ မိမိ ၏ သံဃအဖွဲ့အစည်း သည်လည်း မဆုတ်ယုတ်ကြောင်း အပရိဟာနိယတရား (၇) ပါး ကို ကျင့်သုံးကြလျှင် သာသနာ အဓွန့်ရှည်စွာ တည်နိုင်ကြောင်း ဟောကြားခဲ့သည်။ မူလဗုဒ္ဓ၀ါဒ သည် သီလ ဖြူစင်မှု ကို အခြေခံသော ဒါနအားဖြင့် ပိုင်ဆိုင်မှု ကို မျှဝေခံစားသော အဆင့်မြင့်လူ့ဘောင်အဖွဲ့အစည်းတစ်ခု ၏ စံနမူနာ ကို ပြသခဲ့ သည်။ နိုင်ငံရေး နှင့် လူမှုရေး ကဏ္ဍများ တွင်
ရာဇဓမ္မ (၁၀) ပါး နှင့် အတူ နိုင်ငံ အာဏာစီးဆင်းပုံ ကို အများတင်မြောက်သည့် သမ္မတ မင်း စနစ် အစပြုပုံ ကို ညွန်ပြခဲ့ ခြင်း အားဖြင့် ဗြဟ္မဏ၀ါဒ ၏ ဇာတ် (၀ဏ္ဏ) ခွဲဖြားရေးဝါဒ ကို ထိုးနှက်ခဲ့ သည်ကို တွေ့ရပါသည်။ မင်္ဂလသုတ် သင်္ဂါလောဝါဒသုတ် စသည်တို့တွင် လူမှုရေး လမ်းညွန်ချက်များ ကို ညွန်ပြခဲ့ ရာ နောက်ပိုင်ခေတ် နီတိ သျှတ္တရ ကျမ်းများ ကို လွှမ်းမိုးခဲ့လေသည်။
အမ္ဗတ္တသုတ်တွင် ဗြဟ္မဏ အနွယ်တို့၏ ယုတ်ညံ့သော မျိုးဆက် အကြောင်း ကို ဟောခဲ့သည့် အပြင် ဒေါဏပုဏ္ဏား ကို ဟောကြားရာတွင် ဗြဟ္မဏ (၅) မျိုး အကြောင်း နှင့် ခေတ်ပြိုင်ဗြဟ္မဏ များသည် အနိမ့်ဆုံး အဆင့် ကို ပင်မမှီကြောင်း ထောက်ပြခဲ့သည်။ ထူးခြားသော အချက်မှာ မွေးရာဇာတိအားဖြင့် လူသား၏ အလုပ်အကိုင်ကိုမသတ်မှတ်ပဲ မိမိ၏ စွမ်းဆောင်နိုင်ရည်ပေါ် အခြေခံ၍ အလုပ်အကိုင် အဆင့်အတန်းကွဲပြားမှု ကို သတ်မှတ်သော အယူအဆ ကို ဖေါ်ထုတ်ခဲ့ သည်။ ရှေးအကျဆုံးသော မယ်ရစ်တိုကရေစီ (meritocracy) ခေါ် တော်သူအုပ်စိုးရေးဝါဒ ကို စတင်ခဲ့သည်ဟုပင် ဆိုနိုင်လေသည်။
ဆုန်ဂမင်းဆက် ကို ထူထောင်ခဲ့သော ပုရှမိတြဘုရင်ကဲ့သို့သောဗြဟ္မဏဇာတ်အနွယ်ဝင်များပင် မင်းအဖြစ်ကို ရနိုင်လာခဲ့ ကောတိလျ ၏ အတ္ထသျှတ္တရ ရုဒြဒါမန်ဘုရင် ရေးထိုးသော ဂျူနာဂါရှ်ကျောက်စာ များ အရ အေဒီ ၁၂ ရာစုထိ အချို့သော ပြည်နယ်များတွင် အများတင်မြောက်သည့် သမ္မတ မင်း စနစ် ကျင့်သုံးဆဲဖြစ်ကြောင်း အထောက်အထားများ တွေ့ရ ပါသည်။
မဟာယာနဗုဒ္ဓဘာသာ ၏ ဗောဓိသတ္တပါရမီဖြည့်သောလမ်းစဉ် သည် ဘုရင်များစွာ ကို ဘုရားလောင်းများအဖြစ် သတ်မှတ်စေခဲ့ပြီး နိုင်ငံသားများ ကို တရားနှင့်အညီ စီရင်အုပ်ချုပ်စေနိုင်ခဲ့သည်။ မင်း အဖြစ် တာဝန်ယူရခြင်း သည် ဗောဓိသတ္တပါရမီဖြည့်သောလမ်းစဉ် ၏ အသွင်ဖြစ်ကြောင်းခံယူခဲ့ကြသည် ကို တွေ့ရသည်။ အသောကမင်းကြီးမှစ၍ ကနိရှက ကရိရှန ဗုဒ္ဓဂုတ္တ တထာဂတဂုတ္တ နရသီဟဂုတ္တဘာလဒိတျ ပုဏ္ဏ၀ါမန်(မဂဓတိုင်း) ရာဇဘာတ (၀င်္ဂတိုင်း) ရာဂျဝဒ္ဓန ဟာရှဝဒ္ဓန (ဌာနေသွာရ) ဒရူဝါသေန သီလဒိတျ (မာလ္လ၀) မေဃ၀ါဟန (ကသ္မိရတိုင်း) သုဘာကရ (သြရိဿ) စသော မရေမတွက်နိုင်သော မင်းအပေါင်းသည် မဟာယာနဗုဒ္ဓဘာသာ ၏ လမ်းပြဦးဆောင်မှု ဖြင့် တိုင်းနိုင်ငံ စည်ပင် သာယာဝပြောအောင် အုပ်ချုပ်နိုင်ခဲ့ကြသည့်အပြင် သာသနာကိုလည်း များစွာ ထောက်ပံ့ချီးမြောက်ခဲ့ကြလေသည်။
အသောကမင်းကြီးလက်ထက်မှစ၍ ဗုဒ္ဓဘာသာဝင် ဘုရင်များသည် လောကရေး နှင့် ဓမ္မရေးကို ခွဲခြားထားသော စံနစ်နှင့် ဘာသာရေး အယူဝါးပေါင်းစုံ ကို တစ်ပြေးညီ သဘောထားကြီးစွာ မျှတစွာ အုပ်ချုပ်မှုကို စံပြဖေါ်ဆောင် သည်ကို တွေ့ ရသဖြင့် ဗုဒ္ဓဘာသာဝင် ဘုရင်များသည် ဘာသာရေးလွတ်လပ်ခွင့် ကို ကောင်းစွာကျင့်သုံးခဲ့ကြပုံရပါသည်။ ဘာသာရေး နှိပ်စက်သတ်ဖြတ်မှုများပြုခဲ့သော ဗြဟ္မဏဘုရင် မင်းဆိုးမင်းညစ်များ ကဲ့သို့သော ဗုဒ္ဓဘာသာဝင် ဘုရင် တစ်ပါးတစ်လေမျှ အိန္ဒိယနိုင်ငံ၏သမိုင်းမှတ်တမ်းတွင် မတွေ့ ရသည်ကိုထောက်ဆ၍ လွတ်လပ်ခြင်း မျှတခြင်း ချစ်ကြည်စွာ အတူတကွနေထိုင်ခြင်း အကြမ်းမဖက်ခြင်း စသော တန်ဖိုးများမှာ မဟာယာနဗုဒ္ဓဘာသာ ၏ မဟာကရုဏာတန်ဖိုး ကို အခြေခံခဲ့ကြောင်း ထင်ရှားနေပါသည်။
မဟာယာနဗုဒ္ဓဘာသာ ၏ အမြင်၌ သံဃာ အဖွဲ့အစည်း ဟူသည် အိမ်ရာမထောင်သော ရဟန်းတော်များ ကိုသာ ဆိုသည်မဟုတ်ပဲ ရတနား(၃)ပါး နှင့်တကွ မြတ်ဗုဒ္ဓ၏ အဆုံးအမ၌ တည်သူအားလုံး ပါဝင် ကြောင်း ကျယ်ပြန့်စွာ အနက်ဖွင့်ဆိုခဲ့သောကြောင့် ဘာသာရေးယုံကြည်မှု ကို အခြေခံ၍ ကောင်းမြတ်သော လူ့ဘောင်လောက တည်ထောင် နိုင်ကြောင်း လက်တွေ့ပြသနိုင်ခဲ့ ပါသည်။
ရှေးဟောင်း အိန္ဒိယနိုင်ငံမှ မဟာယာနဗုဒ္ဓဘာသာ ကွယ်ပျောက်ခဲ့ရခြင်းသည် အိန္ဒိယနိုင်ငံ အတွက် ကြီးမာလှသော ဘာသာစာပေယဉ်ကျေးမှုဆိုင်ရာ ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ ထိုသို့ ပျောက်ကွယ်ခဲ့သော်လည်း အိန္ဒိယနိုင်ငံ ပြင်ပတွင် မဟာယာနဗုဒ္ဓဘာသာ၏ မျိုးစေ့များ က ဆက်လက်ရှင်သန်ခဲ့၏။ အေဒီ(၁) ရာစုတွင် တရုပ်ပြည်သို့၎င်း အေဒီ (၄) ရာစုတွင် ကိုရီးယားပြည်သို့၎င်း အေဒီ (၆) ရာစုတွင် ဂျပန်ပြည်သို့၎င်း အေဒီ (၇) ရာစုတွင် အင်ဒိုနီးရှား (ဆုမားတြား နှင့်ဂျာဗား) သို့၎င်း အေဒီ (၈) ရာစုတွင် တိဗက်သို့၎င်း အသီးသီး ရောက်ရှိ ခဲ့ သော မဟာယာနဗုဒ္ဓဘာသာ သည် ဆိုင်ရာ တိုင်းပြည် အသီးသီးများ နောက်ခံအမျိုးသားယဉ်ကျေးမှု ဓလေ့များနှင့် လျှော်ညီစွာ ပေါင်းစပ်ဖွဲ့စည်း လျှက် မဟာယာနဗုဒ္ဓဘာသာ အသွင်သစ်များ ဖူးပွင့်ဝေဆာ ထွက်ပေါ်လာခဲ့ကြောင်းတွေ့ ရပါသည်။

(ဤတွင် အိန္ဒိယနိုင်ငံတွင် ပေါ်ထွန်းခဲ့သော မဟာယာနဗုဒ္ဓဘာသာအကြောင်း ပြီးဆုံးခြင်း သို့ ရောက်ပါပြီ။ သည်းခံစောင့်စားဖတ်ရှုခဲ့သော မိတ်ဆွေအားလုံး ကို ကျေးဇူး အထူးတင်ရှိပါသည်။ ဆက်လက်၍ မိတ်ဆွေအားလုံး အတွက် ဗဟုသုတအလို့ငှာ မဟာယာနဗုဒ္ဓဘာသာ ၏ ဒဿနအယူဝါဒများ နှင့် ပဋိပတ္တိဓမ္မကျင့်စဉ် များ အကြောင်းကို ၎င်း အိန္ဒိယနိုင်ငံ ပြင်ပမှ မဟာယာနဗုဒ္ဓဘာသာအကြောင်း ကို၎င်း အလျဉ်းသင့်သလို တင်ပြပေးပါဦးမည် ဖြစ်ပါကြောင်း။)

-- စုဆောင်းတင်ပြသူ- လင်းထက်ဆွေ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)