ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, January 5, 2012

လမ်းလျှောက်သူ

>
ဒီနေ့ ကျွန်တော် လမ်းလျှောက် ထွက်လာတော့ မှောင်စပြုနေပြီ။ အပြင်မှာ အေးနေတယ်။ ကားလမ်းမကြီးကို ကူးပြီး ဒီဘက် ရပ်ကွက်ရောက်တော့ လူတွေ ရှင်းသွားတယ်။ ပေတရာလမ်းမက ကျယ်တယ်။ ကျွန်တော် တစ်ယောက်တည်း ဆက်လျှောက်လာတယ်။ အရင် ရေခဲချောင်းလှည်းကလေး အမြဲရှိတတ်တဲ့ နေရာမှာ အငွေ့တထောင်းထောင်း ထနေတဲ့ အိန္ဒိယ အစားအစာတစ်မျိုး ရောင်းနေတယ်။ အရင် ရေခဲချောင်းရောင်းခဲ့တဲ့ လူတော့ ဟုတ်ပုံမရဘူး။ အခုလို ဆောင်းတွင်းရောက်လာလို့ လူတွေ ရေခဲချောင်းမစားကြတော့ အရင်ရေခဲချောင်းရောင်းခဲ့တဲ့လူ ဘာသွားရောင်းမလဲလို့ ကျွန်တော် စဉ်းစားမိတယ်။ မြေပဲပြုတ်ကလေးဘာလေး ရောင်းမယ်ထင်တယ်၊ သူ့အစီအစဉ်နဲ့သူတော့ ရှိမှာပဲ။ ရာသီစာဆိုတာကတော့ အမြဲရှိနေတာကိုး။ ဒါ ကျွန်တော်နဲ့တော့ သိပ်မဆိုင်လှဘူး။ ကျွန်တော် ပန်းခြံရှိတဲ့ဘက်ကို ကွေ့ဝင်လိုက်တယ်၊ ဒီနားမှာတော့ သစ်ရွက်ကြွေတွေနဲ့ အမှိုက် နည်းနည်းရှိနေတယ်။ ဒီနေ့လူအတော်ရှင်းပါလားလို့ တွေးပြီးတာနဲ့ချက်ချင်း၊ ဒီနေ့ ငါအတော်နောက်ကျသွားတာပဲလို့ ဆက်တိုက်တွေးလိုက်မိတယ်။ နောက်တော့ ကျွန်တော် ဇဝေဇ၀ါဖြစ်လာတယ်။ ဒီနေ့ လူရှင်းနေတယ်နဲ့ ဒီနေ့ ငါနောက်ကျတယ်၊ အဆိုနှစ်ရပ် ဘယ်သင်းက ပိုမှန်လဲ စဉ်းစားကြည့်မိတယ်။ မှန်တာတောင်မှ ပိုမှန်တာရယ်၊ လျော့မှန်တာရယ် ဆိုပြီး ရှိနေတဲ့၊ သဒ္ဒါနည်းအရ တော်တော်လေးမှန်ပြီး၊ အဓိပ္ပာယ်အရ သိပ်မမှန်တဲ့ ဘာသာစကား အသုံးအနှုန်းတွေ အကြောင်းကို စဉ်းစားမိတော့ ပြုံးမိသွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူရှင်းနေတယ်ဆိုတဲ့ကိစ္စကိုပဲ ကျွန်တော် ပိုသဘောကျတယ်။

တံခါးမရှိတဲ့ ပန်းခြံထဲကို ကျွန်တော် ဘေးတိုက်အနေအထားနဲ့ ကဏန်းသွား ၀င်ခဲ့တယ်။ ကဏန်းသွားဝင်ရတာက အပြန့်လိုက်လျှောက်ဖို့ သိပ်မလွယ်လို့ပဲ။ အဲဒီ တံခါးပေါက်တွေနဲ့ပတ်သက်ပြီး ကျွန်တော် တွေးကြည့်ဖူးတယ်။ တံခါးတပ်မထားဘဲ ဘာလို့ ၀င်ရခက်အောင် လုပ်ထားလဲ မပြောတတ်ဘူး။ ပန်းခြံထဲက လူသွားစင်္ကြံမှာ စက်ဘီး၊ ဆိုင်ကယ်စီးမှာစိုးလို့ အဲဒါတွေ တွန်းဝင်မရအောင် လုပ်ထားတာဖြစ်မယ်လို့ပဲ ယူဆလိုက်ရတယ်၊ သိပ် စိတ်ကျေနပ်ဖွယ်အဖြေတော့ မဟုတ်ဘူး။ ပန်းခြံထဲ စက်ဘီး၊ ဆိုင်ကယ်မစီးရ စာတန်းရေးထားလည်း ဖြစ်တာပဲ။ အခုဟာက ခါးရှည်တဲ့ ခွေးတစ်ကောင်ဆိုရင် ခါးကို အတော်ကွေးညွတ်ပြီး ၀င်ရမယ့် အပေါက်မျိုးပဲ။ ၀င်လို့တောင် ရချင်မှရမှာ။ ခွေးမ၀င်ရဆိုတဲ့ စည်းကမ်းချက်မျိုး မရှိဘဲနဲ့ ခွေးတွေဝင်ရခက်တဲ့ အင်မတန်ရိုးရှင်းတဲ့ ယန္တရားပဲ။ ဒါကြောင့်ပဲ ခွေးတိုးပေါက်လို အရာမျိုးတွေ ပေါ်လာတာနေမှာ၊ ထားပါတော့။ ကျွန်တော်ကတော့ ခွေးမဟုတ်တော့ အထဲကို ကဏန်းတစ်ကောင်လို ရောက်လာတယ်။ စင်္ကြံလမ်းပေါ်ရောက်ရောက်ချင်း Timer စ မှတ်လိုက်တယ်။ ပန်းခြံကို (၈) ပတ် ပတ်ရင် မိနစ် ၅၀ လောက် လမ်းလျှောက်ပြီး ဖြစ်လိမ့်မယ်၊ ဒါမှမဟုတ် မိနစ် ၅၀ လောက် လမ်းလျှောက်လိုက်ရင် ပန်းခြံကို (၈) ပတ် ပတ်ပြီး ဖြစ်လိမ့်မယ်။ ဒုတိယအဆိုကို ကျွန်တော် ပိုသဘောကျတယ်။

စင်္ကြံဘေးက ခုံတန်းလေးတွေပေါ်မှာ ကုလားအဘိုးကြီး ဆယ်ယောက်လောက် စကားဝိုင်းဖွဲ့ပြောနေကြတယ်။ သူတို့ ပြောတာတွေ ကျွန်တော်နားမလည်ဘူး၊ သူတို့မှာ ပြောစရာတစ်ခုခုတော့ ရှိပုံရတယ်။ ဒီနားမှာတော့ မီးလင်းနေတယ်။ ကျွန်တော် ဆက်လျှောက်လာတော့ လမ်းက မှောင်လာတယ်။
မီးရောင်တွေတော့ ရှိတယ်၊ ဒါပေမဲ့ သစ်ပင်တွေ အုပ်နေလို့ မီးရောင်က ကြိုကြားကြိုကြားပဲ လင်းနိုင်တယ်။ မျက်နှာချင်းဆိုင်က ကုလားမ၀၀ကြီးနှစ်ယောက် လျှောက်လာတယ်။ ကျွန်တော်က ညာဘက်ကို ကပ်ပြီး လျှောက်လိုက်တယ်၊ ဟုတ်တယ်၊ အတွင်းဘက်က ကပ်ပြီးလျှောက်ရင် တစ်ပတ်မှာရှိသင့်တဲ့ခြေလှမ်းပမာဏ လျော့နည်းသွားနိုင်တယ်။ ခဏကြာတော့ နောက်ဘက်က တဘုတ်ဘုတ် ခြေသံတွေ ကြားရတယ်။ ကျွန်တော် ညာဘက်နား ပြန်ကပ်လိုက်တယ်။ အားကစားဝတ်စုံနဲ့ လူတစ်ယောက် ကျွန်တော့်ကို ကျော်တက်သွားတယ်။ ကိစ္စမရှိဘူး၊ လမ်းလျှောက်နေတဲ့လူကို ပြေးတဲ့လူက ကျော်တက်တာတော့ ဖြစ်ရိုးဖြစ်စဉ်ပဲ၊ ဆက်လျှောက်မယ်။

ပန်းခြံအစွန်းဘက် ရောက်တော့ ပိုပြီး မှောင်လာတယ်၊ သစ်ပင်အကြီးကြီးတွေ ရှိတယ်။ အဘွားကြီးတစ်ယောက် လှုပ်တုတ်တုတ် လျှောက်လာတယ်။ ဘေးချင်းယှဉ်ရက်ရောက်တော့ ကျွန်တော့်ကို မသိမသာ စောင်းငဲ့ကြည့်နေတာ ကျွန်တော့်မျက်လုံးထောင့်စွန်းက မြင်နေရတယ်။ အင်း၊ သူလည်း ကျွန်တော်သူ့ကို မသိမသာ စောင်းကြည့်နေတာ မြင်လိုက်ရမှာပဲ။ အမှောင်ကျတဲ့ နေရာတွေမှာတော့ ဘယ်သူ့ကိုမှ သိပ်မယုံရဘူးလေ။

နောက်ထပ်တစ်ကွေ့ ထပ်ကွေ့ပြီးတော့ မနေ့က ပုရွက်ဆိတ် အကြီးကြီးတွေ တွေ့ခဲ့တဲ့နား ရောက်လာတာ ကျွန်တော် သတိထားမိလိုက်တယ်။ လမ်းက မှောင်နေတော့ ပုရွက်ဆိတ်ကြီးတွေ ရှိနေရင်လည်း ကျွန်တော်မြင်ရတော့မှာ မဟုတ်ဘူး။ ဒီတော့လည်း စိတ်ချလက်ချ လျှောက်လာလိုက်တယ်။ မနေ့က ကျွန်တော်နဲ့ လမ်းအတူလျှောက်တဲ့ ကောင်လေးပြောခဲ့တဲ့စကားကို အမှတ်ရလိုက်တယ်။ လမ်းပေါ်မှာ ပြေးနေတဲ့ ပုရွတ်ဆိတ်မဲမဲကြီးတွေကို ရှောင်ဖို့ကြိုးစားရင်း ကျွန်တော် ခြေလှမ်းပျက်နေတော့ နင်းလို့ရတယ်လေလို့ သူက ပြောတယ်။ ကျွန်တော် နည်းနည်းအံ့သြသွားမိတယ်။ ငါ သူတို့ကို နင်းပစ်လိုက်လို့ရတယ်ပေါ့၊ ဘာဖြစ်လို့လဲလို့ ကျွန်တော် ပြန်မေးလိုက်မိတယ်။ ဒီကောင်တွေ မကိုက်တတ်ဘူးလို့ သူက ပြန်ဖြေတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ နင်းမပစ်မိခဲ့ဘူး။ ကိုယ့်ကြောင့် ပုရွက်ဆိတ်တစ်ကောင် ပြားသွားတယ်ဆိုလည်း မကောင်းဘူးလို့ စိတ်က တွေးရင်း ငါ့ဖိနပ်ပေမှာစိုးတယ်လို့ ပါးစပ်က ပြောလိုက်တယ်။ သူ ကျွန်တော့်ကို လှောင်ပြုံးပြုံးနေတာတွေ့တဲ့အချိန်မှာ ကျွန်တော်သူ့ကို လှောင်ပြုံးပြုံးနေတာလည်း သူတွေ့သွားခဲ့မှာပဲ။ နင်းပစ်လိုက်လို့မရဘူးလား၊ ဘာဖြစ်လို့လဲလို့ သူက ပြန်မေးရင်လည်း ဖိနပ်ပေမှာစိုးတယ်ဟာ ကျွန်တော်ပြန်ပေးနိုင်တဲ့ အကောင်းဆုံးအဖြေပဲ ဖြစ်လိမ့်မယ်။

ကျွန်တော် ဆက်လျှောက်လာခဲ့တယ်။ မျက်နှာချင်းဆိုင်က လာတဲ့လူတွေတော့ သိပ်မတွေ့ရတော့ဘူး။ ၀င်ပေါက်နားက ခုံတန်းလေးတွေမှာ အဘိုးကြီးတွေ စကားပြောရင်း ရယ်မောနေကြတုန်းပဲ။ သေချာပါတယ်၊ သူတို့မှာ ပြောစရာအကြောင်းတစ်ခုခုတော့ ရှိနေတယ်။ ကျွန်တော့်နားရွက်တွေ အေးလာတယ်။ ကိုယ်ခန္ဓာထဲကတော့ သွေးပူလာသလိုပဲ၊ ခြေလှမ်းတွေ ပိုသွက်လာတယ်။ နောက်ကျနေပြီ မြန်မြန်လျှောက်မှဖြစ်မယ်လို့ တွေးပြီးတာနဲ့ ခြေလှမ်းက ပိုတောင် သွက်သွားတယ်။ မြန်မြန်လျှောက်လည်းမိနစ်ငါးဆယ် မြန်မြန်ပြည့်မှာမဟုတ်ဘူးလို့ တွေးမိပြန်တော့ ခြေလှမ်းတွေက ပုံမှန်ပြန်ဖြစ်သွားတယ်။ ရှေ့နားမှာ ကောင်လေး သုံးလေးယောက် လျှောက်လာတာ တွေ့ရတယ်။ အဲဒါနဲ့ တစ်ဆက်တည်း ကျွန်တော်နဲ့လာခဲ့တဲ့နိုင်ငံကလာတဲ့ တိုင်းရင်းသားတစ်ဦး တလောက မျက်နှာကို ဘလိတ်ဓါးနဲ့ အလှီးခံရတယ်ဆိုတဲ့ သတင်းကို သတိရသွားတယ်။ ကုလားတွေက မြန်မာတိုင်းရင်းသားတစ်ယောက်ကို လှီးလိုက်တာ။ အဲဒီတိုင်းရင်းသားက စမတ်ကျကျဝတ်စားတတ်ပြီး မိန်းမချော ချောတယ်တဲ့။ ကုလားတစ်ယောက်က သူ့ကို ဖက်နမ်းတော့ သူက ထိုးလိုက်တယ်။ ကုလားတွေက လူစုပြီး မျက်နှာကိုဘလိတ်ဓါးနဲ့လှီးတာ ပါးမှာ ပလာစတာကပ်ပြီး ဘုရားကျောင်းတက်ရတယ်လို့ ပြောတယ်။ ယောက်ျားချင်း ဖက်နမ်းချင်လောက်အောင်ချောတယ်ဆိုတဲ့ အဖွဲ့ကိုတော့ ကျွန်တော် စိတ်ကူးကြည့်လို့ မရဘူး။ ဖြစ်နိုင်တာ တစ်ခုက ယောက်ျားချင်းဖက်နမ်းတတ်တဲ့ လူတစ်ယောက်နဲ့ ရင်ဆိုင်တိုးမိခဲ့တာ ဖြစ်နိုင်တယ်။ ဒီနိုင်ငံမှာလည်း ယောက်ျားတွေပိုပြီး မိန်းမတွေလိုနေတာ ပြဿနာပဲလို့ ကိုယ်နဲ့မဆိုင်တာကို တွေးလိုက်မိသေးတယ်။ ခုနကောင်လေးတွေက နောက်မှာ အတော်လွန်သွားလို့ မင်းတို့ ဟိုမိုလားလို့ မေးကြည့်ဖို့တော့ မဖြစ်နိုင်တော့ဘူး။

ကျွန်တော် ဆက်လျှောက်လာတယ်၊ လူကတော့ အတော်ကလေး ကျဲသွားပြီ။ မျက်နှာချင်းဆိုင်မှာ ပန်ချာပီကြီးတစ်ယောက် လျှောက်လာတယ်။ ကျွန်တော့်အရပ်က သူ့ရင်ဘတ်လောက်ပဲ ရှိတယ်၊ သူ့ခန္ဓာကိုယ်က လမ်းတစ်လမ်းလုံး ပြည့်နေတယ်။ ကျွန်တော် ညာဘက်ကပ်တော့ သူက ညာဘက်လိုက်ကပ်တယ်။ ထုတ်စည်းတိုးသလို သုံးလေးခါလောက်ဖြစ်ပြီးတော့ လက်မတင်လေး ရှောင်လိုက်နိုင်တယ်။ လမ်းချင်းတူလို့ လူချင်းတွေ့တာတော့ ဟုတ်တယ်၊ ဦးတည်ရာချင်းကွဲလို့ အခုလို မလွဲ, လွဲအောင်ရှောင်နေရတော့လည်း သိပ်မကောင်းလှဘူး။ ဒီလူကြီး ဘာလို့ ငါ့လို ညာပတ် မပတ်လဲမသိဘူးလို့ ကျွန်တော် တွေးနေချိန်မှာ သူလည်း ဒီကောင်လေး ဘာလို့ ငါ့လို ဘယ်ပတ် မပတ်လဲမသိဘူးလို့ တွေးချင်တွေးနေမှာ။ မပြောတတ်ဘူး၊ ကျွန်တော်ဘာလို့ ညာပတ်ချည်း ပတ်နေမိမှန်းတော့ ကျွန်တော့်ဘာသာလည်း မသိဘူး။

ဟိုတစ်နေ့ဆီကတော့ အခန်းဖော်ကောင်လေးက ကျွန်တော့်ကိုမေးတယ်။ အစ်ကိုလမ်းသွားလျှောက်တာ ဘယ်ရောက်ခဲ့လဲတဲ့။ ငါ ဘယ်မှ မရောက်ဘူးကွလို့ပြောတော့ သူက ရယ်တယ်။ လမ်းလျှောက်တယ်ဆို တစ်နေရာရာတော့ ရောက်ရမှာပေါ့တဲ့။ အင်း ပန်းခြံတော့ရောက်တယ်၊ ပန်းခြံထဲကလမ်းမှာ ပတ်ချာလည်လျှောက်နေတာ။ အလျားလိုက်ဖြန့်ချလိုက်ရင်တော့ ဘိုဒဲလားအထိရောက်မယ်ထင်တယ်လို့ ကျွန်တော် ပြောလိုက်တယ်။ ဘိုဒဲလားအထိ လမ်းလျှောက်သွားဖို့တော့ အတော်ဝေးသား၊ ဒါပေမဲ့ ပန်းခြံကိုပတ်လျှောက်နေတော့ ဘယ်ကိုမှမရောက်ဘူးပေါ့လို့ သူကပြောတယ်။ ဆက်လျှောက်လာရင်း ကျွန်တော့်ပေါင်တွေ နည်းနည်းတောင့်ချင်လာတာ သတိထားမိလာတယ်။ ဘယ်နှစ်ပတ်မြောက် ဖြစ်သွားပြီလဲ ကျွန်တော် မမှတ်မိတော့ဘူး။ Timer ထုတ်ကြည့်ရင်တော့ သိမှာ။ မိနစ် (၅၀) တော့ မပြည့်လောက်သေးဘူး။ ပန်းခြံကို ပတ်လျှောက်နေရတာ ဘာမှတော့လည်း ထူးထူးခြားခြားမရှိဘူး။ ဒီတစ်ပတ်လည်း အရင်တစ်ပတ်လိုပဲလို့ တွေးမိတော့ နစ်ရှေးရဲ့ `ပြန်ကျော့ကမ္ဘာ´ ကို သတိရသွားတယ်။ သူပြောသလိုပဲ အခု လျှောက်နေသလို အမြဲတမ်း တသွေမတိမ်း ပြန်ကျော့နေရလိမ့်မယ်ဆိုရင်လည်း တကယ်တမ်းကျတော့ ငြီးငွေ့ မသွားလောက်ဘူး။ အခု ကျွန်တော်တောင် ဘယ်နှစ်ပတ်မြောက်ဖြစ်နေပြီလဲ သိမှ မသိတာ။ ဘယ်ခြေနဲ့ညာခြေဟာ စက်ရုပ်တစ်ရုပ်လို သွားနေတာပဲ ရှိတယ်၊ အရင်အပတ်တွေတုန်းက လျှောက်ခဲ့တဲ့ ခြေလှမ်းတစ်ခုချင်းစီအကြောင်းကို မမှတ်မိတော့ဘူး။ ဒီလိုအမြဲတမ်းဖြစ်နေမှာမို့လို့ အခုအပတ်မှာ ခြေလှမ်းမမှားအောင် လျှောက်ရအောင် အခုလျှောက်နေတဲ့ အပတ်က အရင်ဆုံးအပတ်လို့ ဘယ်လိုသိနိုင်သလဲဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ ဒီတော့လည်း လျှောက်ချင်သလိုပဲ လျှောက်လိုက်တော့တယ်။ သေချာတာတစ်ခုက ပန်းခြံကို ပတ်လျှောက်တဲ့ကိစ္စဟာ ဘယ်ကိုမှ ရောက်လိမ့်မှာမဟုတ်ဘူး ဆိုတာပဲ။

ရှေ့ မီးလင်းနေတဲ့နားရောက်တော့ ခုံတန်းပေါ်မှာ အားကစားဝတ်စုံနဲ့လူ ထိုင်ပြီး အမောဖြေနေတာ တွေ့ရတယ်။ ကျွန်တော် ဖြတ်လျှောက်လာလိုက်တယ်။ ထိုင်နေတဲ့လူကို လမ်းလျှောက်နေတဲ့လူက ဖြတ်လျှောက်တာ သိပ်တော့ မဆန်းဘူး။ ဒီလူငါ့ကို စောစောက ပြေးလွှားကျော်တက်သွားတဲ့လူပဲလို့ တွေးမိတော့ ပြုံးမိတော့မလို့ပဲ၊ သူလည်း ဒီလူ ငါစောစောက ကျော်တက်ခဲ့တဲ့လူလို့ တွေးချင်တွေးနေမှာလို့ တွေးမိတော့ မပြုံးဖြစ်တော့ဘူး။ Timer ကို ထုတ်ကြည့်တော့ မိနစ်ငါးဆယ်နဲ့ စက္ကန့်အနည်းငယ် စွန်းနေပြီ။ ပထမဦးဆုံးတွေ့တဲ့ အပေါက်ကနေ ကျွန်တော် အပြင်ကို မြွေလိမ်မြွေကောက် ပြန်ထွက်လိုက်တယ်။ ကျွန်တော်နားမလည်တဲ့ ဘာသာစကားနဲ့ တစ်ခုခုပြောစရာရှိနေတဲ့ လူကြီးတွေနား ဖြတ်မလျှောက်ချင်တော့လို့ပဲ။ ကျွန်တော်ဝင်လာခဲ့တဲ့ အပေါက်မဟုတ်တော့ဘူး။ အပြင်မှာ လမ်းဘေးခွေး တစ်ကောင်နှစ်ကောင် အိပ်နေတယ်။ ဒီဘက်က ပေတရာလမ်းပေါ်မှာ လူရှင်းတယ်၊ ဒါမှမဟုတ် လူတစ်ယောက်မှ မရှိတော့ဘူး။ ဒါတွေမဟုတ်ဘဲ ကျွန်တော်တစ်ယောက်တည်း ရှိနေတာလည်း ဖြစ်ချင်ဖြစ်မယ်၊ ကျွန်တော်ကတော့ ငါတစ်ယောက်တည်း ရှိနေတယ်ဆိုတဲ့ အဆိုကို ပိုသဘောကျတယ်။ မနေ့က ဒီလောက်နောက်မကျဘူးလို့ တွေးမိတော့၊ ခုရက်ပိုင်း ကျွန်တော် ပန်းခြံမှာ လမ်းလာ,လာလျှောက်ဖြစ်နေတာကိုပါ သတိရသွားတယ်။ ကျွန်တော့်ကို လွန်ခဲ့တဲ့ တစ်ပတ်ကျော်ကစပြီး ပုံမှန်လမ်းလျှောက်ဖြစ်တဲ့ အကျင့်ရသွားအောင် စေ့ဆော်ခဲ့တဲ့ ကိစ္စတစ်ခုရှိချင်ရှိခဲ့မှာ၊ အဲဒါဟာ စိတ်ထိခိုက်စရာကိစ္စတစ်ခု ဖြစ်ချင်မှာလို့ ဆက်တွေးမိလိုက်သေးတယ်။ ဘာလဲတော့ အသေအချာ မမှတ်မိတော့ဘူး၊ မိသားစုဝင်တစ်ဦးဦး ဆုံးရှုံးသွားတာမျိုးလည်း ဖြစ်ချင်ဖြစ်မယ်၊ မပြောတတ်ဘူး။ ပြန်ရောက်ရင်တော့ အခန်းဖော်ကောင်လေးက လမ်းလျှောက်ရင်း ဘယ်ကိုမှ မရောက်တဲ့ကိစ္စကို ရယ်ချင်ရယ်ဦးမှာ။ ကျွန်တော်ကတော့ ဘယ်ကိုမှမရောက်ဘဲ လမ်းလျှောက်ရတဲ့အဖြစ်ကို သူနဲ့အတူရော ရယ်မိမယ်ထင်တယ်။ ဘယ်သူ ပိုမှန်သလဲတော့ မပြောတတ်ဘူး၊ တစ်ယောက်ယောက်ကတော့ တစ်ခုခုကို ပိုကြိုက်လို့ပေါ့။

**တေဇာ (လရောင်လမ်း)**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)