(လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၁)
အဆိုပါ နျူကလီးယားဓာတ်အားပေးစက်ရုံ၏အမှတ်(၃) ဓာတ်ပေါင်းဖိုနှင့် ချိတ်ဆက်ထားသောပြွန်တစ်ခုတွင် ယိုစိမ့်မှုများဖြစ်ပွားနိုင်သည်ကို တွေ့ရှိခဲ့ပြီးနောက် ၄င်းနျူကလီးယားဓာတ်အားပေးစက်ရုံကို ပိတ်ပစ်ရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ဆောက်သန်းကယ်လီဖိုးနီးယား အီဒီဆင်လုပ်ငန်းမှ တာဝန်ရှိသူများက ပြောကြားသည်။ လောလောဆယ်အခြေအနေတွင် စက်ရုံအလုပ်သမားများနှင့် အနီးဝန်းကျင်ရှိ ပြည်သူများကို တစ်စုံတစ်ရာ အန္တရာယ်ဖြစ်စေမည့် အနေအထားမရှိကြောင်း၊ ထို့အပြင်လေထုအတွင်း နျူကလီးယားဓာတ်ရောင်ခြည်လွင့်ပျံ့မှုလည်း မရှိကြောင်း ၄င်းတို့က ဆက်လက်ပြောကြားသည်။ (အင်တာနက်)
**လာမည့်မိုးရာသီ၌ ရေလွှမ်းမှုမဖြစ်ရေးထိုင်းနိုင်ငံရှိ ရေကာတာများပြုပြင်မည်**
(ဗန်ကောက်၊ ဖေဖော်ဝါရီ ၁)
ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ဆီရီကစ်ရေကာတာအား လာမည့်မိုးရာသီတွင် ပိုမိုခံနိုင်ရည်ရှိရန်နှင့် ရေလွှမ်းမှုမှကာကွယ်ရန်အပြင် ၄င်းရေကာတာ ပျက်စီးမှုမဖြစ်ပေါ်စေရန် ပြုပြင်ရမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာန အမ်ကော့မှ ဖေဖော်ဝါရီ ၁ ရက်က သတင်းထုတ်ပြန်သည်။ ဆီရီကစ်ရေကာတာသည် ထိုင်းနိုင်ငံမြောက်ပိုင်း ဥတရာဒစ်ပြည်နယ်တွင်တည်ရှိပြီး ထိုင်းနိုင်ငံတွင် အကြီးဆုံးရေကာတာကြီးတစ်ခုလည်း ဖြစ်သည်။ ၄င်းရေကာတာ၏ ၅၀ ရာခိုင်နှုန်းမှာ ပြုပြင်ရမည့် အနေအထားရှိသည်။ ဆီရီကစ်ရေကာတာမှ ရေစီးဆင်းမှုအနေအထား ပိုမိုကောင်းမွန်စေရန် ပြင်ဆင်ရမည်ဖြစ်ရာ တစ်နေ့လျှင် ၄င်းရေကာတာမှ ရေစီးဆင်းမှုပမာဏမှာ ကုဗမီတာ သန်း ၅၀ အထိ စီးဆင်းနိုင်ရန် ပြင်ဆင်မည်ဖြစ်သည်။ ထိုင်းနိုင်ငံတွင် အခြားအဓိကကျသည့် ရေကာတာများကိုလည်းလာမည့်နှစ် မိုးရာသီမတိုင်မီ အပြီးပြင်ဆင်သွားရန် အစိုးရက စီစဉ်လျက်ရှိသည်။ (အင်တာနက်)
**မလေးရှားတွင် တစ်နေ့ကားစီးရေ ၁၅၀ ခန့်အခိုးခံနေရ**
(ပီတာလန်ဂျာယာ၊ ဖေဖော်ဝါရီ ၁)
မလေးရှားနိုင်ငံတစ်ဝန်းတွင် တစ်နေ့လျှင် မော်တော်ယာဉ်အစီးပေါင်း ပျှမ်းမျှ ၁၅၀ ခန့်အခိုးခံနေရကြောင်း၊ ယင်းကားများတွင် ပရိုတွန်းနှင့် ပီရိုဒူရာ ကားအမျိုးအစား အများဆုံးဖြစ်ကြောင်း မလေးရှားနိုင်ငံ ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့ ဒါရိုက်တာ ဘက်ရီဇိုင်နင်က ဖေဖော်ဝါရီ ၁ ရက်၌ ပြောကြားသည်။ ၂၀၁၀ ခုနှစ်မှ ယခုအချိန်အထိ ပရိုတွန်းနှင့် ပီရိုဒူရာ အမျိုးအစားများမှာ အစီးရေ ၁၁၂၅၀၃ စီးအခိုးခံခဲ့ရသည်။ ကားခိုးသူများသည် မော်ဒယ်အသစ်ကားများကိုခိုးယူသလို ကားအဟောင်းများကိုလည်း ခိုးယူကြကြောင်း ၄င်းက ပြောကြားသည်။ မလေးရှားနိုင်ငံ၌ ၂၀၁၁ ခုနှစ်အစမှ စက်တင်ဘာလအထိ ကားအစီးရေ ၅၅၀၄၂ စီးအခိုးခံခဲ့ရသည်ဟု ၄င်းက ဆက်လက်ပြောကြားသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်
Rest of your post
**နျူကလီးယားယိုစိမ့်မှုဖြစ်ပွားနိုင်သည့် ကယ်လီဖိုးနီးယားရှိနျူလီးယားစက်ရုံ ပိတ်လိုက်ရ**

No comments:
Post a Comment