** ၁၃ ဖေဖော်ဝါရီကို လွမ်းဆွတ်ခြင်း**
တစ်ကိုး တစ်ငါး ..ဖေ..ဆယ့်သုံး သို့ """ အမှတ်တရ
ဖခင်ဗိုလ်ချုပ်အောင်ဆန်းသို့ ....အမှတ်တရ။
ဖေဖေါ်ဝါရီ ( ၁၃ ) ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ပါ ”
ဖေဖေါ်ဝါရီ(၁၃)လူတိုင်းရင်ထဲက …အမှတ်တရ….
ဗိုလ်ချုပ်မွေးနေ့ မမေ့ကဗျာ(ဖေဖော်ဝါရီ ၁၃ ဟာ ဗိုလ်ချုပ်မွေးနေ့ပါ)
ms - “ အို . . ဖခင် ” ( ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အမှတ်တရ )
ငါတို.ရဲ.ဖခင်ကြီး
၁၃ ဖေဖော်ဝါရီကို လွမ်းဆွတ်ခြင်း
“ဖေဖော်ဝါရီ(၁၃)ဟာ ဗိုလ်ချုပ်မွေးနေ့ပါ”
**၁၃ ဖေဖော်ဝါရီကို လွမ်းဆွတ်ခြင်း**
ပျော်ရွှင်မှုအပြည့် မပေးနိုင်ခဲ့တဲ့
ဘဝနဲ့ လွပ်လပ်တဲ့ မိသားစု အိမ်ထောင်ရေးထဲ
စွန့်လွတ်မှုတွေ ကာရံတံတိုင်းဖွဲ့ရင်း
ခါးသီးတဲ့ မိုးစက်တွေကို
ရင်ဆိုင်တိုက်ခိုက်လို့ အဆင်မပြေတဲ့
လောကဓံစက်ဝိုင်းထဲ နားလည်မှုတွေ
ကိုယ်စီကိုယ်စီ ပေးခဲ့တဲ့ သူ့ဇနီးအတွက်
တဖတ်က မေတ္တာဖြင့် ပေးဆပ်
တဖတ်က စစ်အတွက် တိုက်ခိုက်
ဇာတိမာန်ထက်လှတဲ့ သူ့အတွက်
တစ်မိုးအောက်မှာ ထစ်ချုန်းမိုးတွေ ရွာသွန်းလို့
လောကဓံဒဏ်ရာဒဏ်ချက်တွေနဲ့ လဲပြိုခဲ့လည်း
မစွန့်သော ရဲစွမ်းသတ္တိတို့နဲ့ ခွန်အားတွေတို့က
အများအတွက် ကိုယ်ကျိုးစွန့်လို့
၁၃ ဖေဖော်ဝါရီမှာ အမိနိုင်ငံအတွက်
မွေးနေ့ရှင် သူ့ကို ... မွေးဖွားခဲ့တယ်...။
သက်နုသစ်ပင်တွေမှာ သဘာဝဒဏ်ရာတွေနဲ့
လေတိုက်တိုင်း လှုပ်ခတ်ခဲ့ရ
ကြွေကျတိုင်း နွမ်းလျာခဲ့ရ
တိုင်းတပါးက လှုပ်ခတ်လည်း
ယိမ်းနွဲ့ခဲ့ရ ကြွေကျခဲ့ရသလို
နှလုံးသား မြေမျက်နှာပြင်မှာ
မျက်ရည်မိုးတွေ ပုလဲခခဲ့ရတဲ့
၁၃ ဖေဖော်ဝါရီကိုရောက်တိုင်း
လွမ်းဆွတ်ခဲ့ရသလို ညီညွတ်ရေး
ပေါင်းစည်းရေး မတူတာကို
တူညီအောင် လမ်းပြလို့ တို့ပြည် တို့နိုင်ငံထဲ
မွေးနေ့ရှင် သူ့.. ခြေရာတွေ တို့ နှလုံးသားမြေပြင်မှာ
ခြေရာတွေ ထင်ကျန်နေတုန်း လွမ်းဆွတ်နေတုန်း.ငိုနေတုန်းပေါ့....။
ဘဝတွေက ဆင်းရဲ ချမ်းသာတွေ
အထပ်ထပ် ကွဲပြားနေပါစေ
နှလုံးသားထဲ ဒီရင်ခွင်နန်းထဲမှာ
ကဗျည်းတင် ကျောက်စာတင်ခဲ့သလို
အတိတ်ပင်လယ်ပြင် နန်းသမုဒ်ပြင်ထက်က
ကျောင်းသားအရွယ် ကလေးဘဝ
အတန်းကျောင်း စာသင်္ခန်းထဲမှာ
ကြောင် ပုဇွန်စားပမာ ဆိုခဲ့ရတဲ့
ကဗျာတွေထဲ သူ့သမိုင်း သူ့အကြောင်းတွေ စိုးမိုးနေဆဲ
လွမ်းဆွတ်နေဆဲ ငိုနေဆဲပေါ့...။
"""""" တစ်ကိုး တစ်ငါး ..ဖေ..ဆယ့်သုံး သို့ """ အမှတ်တရ
( ဖေဖော်ဝါရီ ဆယ့်သုံးဟာ ဗိုလ်ချုပ်မွေးနေ့ပါ .....)))))
ကြမ်းတမ်းတဲ့မုန်တိုင်း .......
အမှောင်ညရိုင်းရိုင်း တွေထဲက ပြည်မြန်မာ .......
ကျွန်ဘဝအဆုံးသတ်စေဖို့ ...
တစ်ကိုး တစ်ငါး ..ဖေ ...ဆယ့်သုံးမှာ
ထွန်းတောက်ကြယ်အသွင်နဲ့
လာခြင်းကောင်းစွာ မွေးဖွားခဲ့တယ်
နာမည်အသွင်ဆန်းတဲ့ တို့တတွေရဲ့
ဗိုလ်အောင်ဆန်းးး
အာဂ ယောက်ျား ဦးဖာသား
မြင့်မြတ်စိတ်ထား ဒေါ်စုသားမို့
နှလုံးရဲရင့် ပွဲလည်တင့်သည်
ဇာနည်မျိုးရိုး သခင်မျိုးမို့
ကျွန်စိတ်ကိုပယ်...
မျိုးစေ့အားမာန်ထက်ထက်သန်နဲ့
မဟာနွယ် ဒီမြေလွှာနန်း
နေရောင်..လ .ရောင်အလင်းပေးသည်
သူဟာလေအားလုံးရဲ့ထက်ဝဠါဆီက
တို့တတွေရဲ့ ရှင်နေမင်း.....................
ချစ်တဲ့မြန်မာ ပြည်မြန်အတွက်
ဘဝ အသက်ပုံလို့အပ်ခဲ့...
တန်ဖိုးအဂ္ဃလူ့ဘဝ...
ချစ်ခြင်းမေတ္တာတန်ဖိုးမဖြတ်သာ...
" သို့ပါသော်လည်း"
သက်ငြိမ် ငြိမ်းချမ်း ပြည်လွတ်လမ်းနဲ့
အမျိုးသီလ နှစ်ဌါနအတွက်
ဘဝ အချစ် ပယ်လို့စွန့်သည်
အာဂယောက်ျား ဇာနည်ဖွား........
လေနှင်မုန်တိုင်းထင်ရာစိုင်းလည်း
အကိုင်းအခက် လန်းလျှက်ရှိသို့
ဇာနည်သွေးစစ် ရဲရဲတောက်ကာ
မကြောက်မရွံ့နောက်မတွန့်ပဲ
နယ်ချဲ့မိစ္ဆာကျူးကျော်သူအား
နှလုံးလက်ရုံး ဗျူဟာသုံးကာ
ရှောင်လေဝေးဝေး သူထွက်ပြေးအောင်
စွမ်းဆောင်ခဲ့သည် အာဇာနည်..........
သက္ကရာဇ်တွေဖြိုခွင်း ကိုးခွန်ကြွင်းလဲ
ရင်လှိုင်းခတ်သံ မိုးသို့ညံ၍
လ ရောင်လည်းလွှမ်း ကြယ်ရောင်သန်းကာ
တမ်းတမ်းတတ
ဖေ ဆယ့်သုံးမှာအလွမ်းမျက်ရည်ဝေအုံးမည်...........
အားလုံးကိုလေးစားလျက်ပါ......နေမင်းခိုင်
02/11/2012
အောက်မေ့တမ်းတခြင်းများစွာဖြင့်
ဖခင်ဗိုလ်ချုပ်အောင်ဆန်းသို့ ....အမှတ်တရ။
ဆောင်းနှင်းတွေ
တိတ်တစိတ်
ထွက်ခွါသွားကြဖို့ 
ပြင်ဆင်နေတဲ့ 
ဖေဖေါ်ဝါရီလထဲမှာ...
ဇာတိသွေး...ဇာတိမာန်
အပြည့်နဲ့ ဖွားမြင်သန့် စဉ်လို့ 
လူလောကထဲကို
နွေးထွေးတဲ့ မေတ္တာဓာတ်နဲ့ 
ရောက်ရှိလာပြီး....
အသွေးအသားတွေကို
မီးစလိုသဘေားထား
ဇီဝကိုလောက်မြိုက်စေလို့ 
မြန်မာပြည်ကိုလင်းစေခဲ့ သူ.....
ဖခင်ဗိုလ်အောင်ဆန်းရဲ့ 
မွန်မြတ်ဖြူစဉ်တဲ့ 
စိတ်ဓာတ်သည်......
ခရေတွေလိုနွမ်းချောက်ခဲ့ သော်လည်း
ရနဲ့ မပျယ်သော
ဂုဏ်သတင်းတွေက
ထာဝရသင်းကြိုင်ခဲ့ပါပြီ....
ကံအကြောင်းမလှလို့ 
ရုပ်ခန္ဓာချုပ်ငြိမ်းရသော်လည်း
အမည်နာမ်မတခုကတော့
ထာဝရတိုင်ရှင်သန်လို့ 
ဖေဖေါ်ဝါရီ(၁၃)မှာ
အမြဲမွေးဖွားနေအုန်းမည်...
ဖခင်ဗိုလ်ချုပ်အောင်ဆန်းသို့ ....
အမြဲအမှတ်တရ......
ကိန်းဝပ်နေသည့်နှလုံးသားဖြင့်..........။
“ ဖေဖေါ်ဝါရီ ( ၁၃ ) ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ပါ ”
ဖေဖေါ်ဝါရီ( ၁၃ )ဟာ
ဗိုလ်ချုပ်မွေးနေ့ပါ
အစပျိုးတဲ့ ကဗျာလေး
နုငယ်စဉ်က သင်ခဲ့သေး….။
မမေ့ပါဘူး
ဗိုလ်ချုပ်ရယ်
အမြဲသတိရ နေပါ့မယ်။
ခက်ခက်ခဲခဲ
ကြိုးပမ်းအောင်
ပြည်ထောင်စုကို သူခေါင်းဆောင်
ပြည်ထောင်စုကြီး
ရသည့်တိုင်
လွတ်လပ်ရေးကို သူစွမ်းဆောင်….။
ပြည်သူအပေါင်း
ပျော်ရွှင်ဖို့
အသက်ချွေးတွေ ပေးဆပ်လို့….။
ဗိုလ်ချုပ်ဟောခဲ့
မိန့်ခွန်းများ
နှလုံးသားမှာ အစဉ်သိမ်းထား။
တကယ်ချစ်လို့
တကယ်လုပ်
အဟုတ်ငါတို့ ဖြစ်ရမည်။
ရက်လနှစ်တွေ
ပြောင်းလဲစေ
ဗိုလ်ချုပ်မွေးနေ့ မမေ့ဘူးလေ….။
မြန်ပြည်မိုးမြေ
တစ်ယောက်ဖွား
ငါတို့ရာဇဝင်က ပြည်ချစ်သား….။
ဗိုလ်ချုပ်မွေးနေ့
ဆုံတွေ့မယ်
ရွှေမြို့တော်ထဲ လာခဲ့ကွယ်….။
တစ်ယောက်တစ်လက်
ရေးကာပြု
ဗိုလ်ချုပ်မွေးနေ့ ဂုဏ်စုပြု….။
တမလွန်က
ပြည်……ဖခင်
ပြည်သူသိတတ် သူပျော်ရွှင်…။
ကောင်းစေချင်သည့်
မွေးနေ့ရှင်အား
ထာဝရငါတို့ အလေးထား…..။
တက္ကသိုလ်မြတ်မင်း
ဖေဖေါ်ဝါရီ(၁၃)
ထိုနေ့ရက်တွင်
ကမ္ဘာကပင်အသိအမှတ်ပြုတဲ့
ပြည်ချစ်ဖခင်ကို
ရှေ့နေဦးဖာ၊ဒေါ်စုကမွေးဖွားပေးခဲ့
တိုင်းပြည်အတွက်ကိုယ်ကျိုးမဖက်
အသက်ကွယ်ပေးလို့
လွတ်လပ်ရေးရဖို့အတွက်
တော်လှန်ရေးတရားတွေ
ဟောကြားပေးခဲ့
အာဇာနည်ပီသတဲ့
တို့ပြည်ချစ်ဖခင်
တော်လှန်ရေးတရားဟောရင်း
ပြည်သူအတွက်ကြိုးပမ်းရင်းနဲ့
ကျွန်ပ်တို့တိုင်းသူပြည်သားတွေအတွက်
စတေးအသက်
ပေးဆက်ခဲ့သူ ချစ်တဲ့ပြည်ချစ်ဖခင်
ဖေဖေါ်ဝါရီ (၁၃)ဆိုလျှင်
သူ၏အသက်(၉၇)ခုနှစ်ပြည့်ခဲ့လေပြီ
ကျွန်ပ်တို့မမေ့ပြည်ချစ်ဖခင်
မွေးနေ့ရက်ကို
အမြဲဂုဏ်ပြုလေးစားလျှက်ပါ
ပြည်ချစ်ဖခင်သေသော်ညားလည်းကျွန်ပ်တို့ရင်တွင်ဘယ်တော့မှမသေပါ
ထာဝစဉ်ကိန်းအောင်းနေမှာ
သည်နေ့ရက်ပါ
ဖေဖေါ်ဝါရီ(၁၃)ဟာဗိုလ်ချုပ်မွေးနေ့ပါ
နားတွင်အစဉ်ပဲ့တင်မည်လို့
သည်ကဗျာဖြင့်ဂုဏ်ပြုလိုက်သည်
ပြည်ချစ်ဖခင်။
အားလုံးကိုလေးစားလျှက်
((((((((ရှင်းသန့်မေ))))))
လူတိုင်းရင်ထဲက …အမှတ်တရ….
ဘာနဲ့မှ လဲလို့မရ ….
ဖေဖေါ်ဝါရီ ရောက်တိုင်း ..သတိရ ။
နှစ်တွေ …..ဘယ်လောက်ကြာကြာ
ခောတ်တွေ …ဘယ်လောက်ပြောင်းပြောင်း….
.
ဘယ်တော့မှ မပြောင်းလဲပဲ…သတိရနေတာ …
ဗိုလ်ချုပ်မွေးနေ့ပါ ။
လုပ်ယူစရာမလိုပါ ….
အလိုလို ဖြစ်ပေါ်လာ တာ…..
ပြည်သူတွေ ရဲ့ ရင်ထဲမှာ ……..
အမြဲ စွဲမြဲနေတော့မှာ ။
တို့နိုင်ငံရဲ့ ….လွပ်လပ်ရေးအရသာ
ကျေးဇူးကြီးစွာ ပေးဆပ်ခဲ့တာ
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ..စေတနာပါ။
ဗိုလ်ချုပ်ပေးခဲ့တဲ့ …လွပ်လပ်ရေး ….
ထာဝစဉ် ..တန်ဖိုးထားရမှာ ….
ပြည်သူတွေရဲ့ …တာဝန်ပါ ။
လေးစားခြင်းဖြင့် ......
မှုံနံ.သာဖြူ ......
ဗိုလ်ချုပ်မွေးနေ့ မမေ့ကဗျာ
(ဖေဖော်ဝါရီ ၁၃ ဟာ ဗိုလ်ချုပ်မွေးနေ့ပါ)
ဗိုလ်ချုပ်အောင်ဆန်း သက်တန်းကြာရှည်
ပြည်သူမမေ့ ယနေ့ထက်တိုင်။
ရနံ့ကြိုင်မွှေး ရေလိုအေးတဲ့
ချိုတေးလင်္ကာ ပန်းကဗျာလို
သူငါရင်ထဲ ခိုဝင်စွဲ၍
အသဲအသက်နဲ့ထပ်တူ
ချစ်ကြည်ဖြူသည်။
လူထုအားထား ဦးဖာသားကား
ဒေါ်စုဖွားမို့ ယောက်ျားပီသ
သတ္တိပြလျက် နယ်ချဲ့လက်မှ
တို့ဘ၀ကို လုံးဝကယ်ကင်
ငွေစင်ကြယ်လား လွန်ထင်ရှားသည်။
တိုင်းကားပြည်ရေး သူဆွေးနွေးကာ
ကမ္ဘာတစ်လွှား ခေါင်းဆောင်များက
လေးစားကြည်ညို လွန်နှစ်လိုပြီး
ဗိုလ်ချုပ်အောင်ဆန်း ပြည်သူ့ပန်းကို
ဝမ်းပန်းတသာ ကြိုဆိုကြသည်။
ကတိသစ္စာ မြဲမြံစွာဖြင့်
ရာဇပလ္လင် မခင်မတွယ်
နယ်ချဲ့လက်က မြန်မာရလျှင်
စာရေးဆရာ သူလုပ်ပါမည်
ဆိုခဲ့သည်တဲ့ ဇာနည်ဗိုလ်ချုပ်
ကျွန်ုပ်တို့ဖခင် ကျေးဇူးရှင်။
အကြင်နာပေး နိုင်ငံအရေး
ရည်မျှော်တွေးလျက် စတေးအသက်
ပေးဆက်ခဲ့သူ ချစ်တဲ့ဖခင်
မွေးနေ့တွင်မှ သင်နှင့်ကျွန်ုပ်
သူ့ဂုဏ်ပုဒ်ကို ထုတ်ဖော်ချီးကျူး
ထူးထွေကဗျာ ရေးသားရုံမျှ
အားမရနှင့် မြန်မာ့ဂုဏ်ရောင်
ထွန်းတောက်ပြောင်အောင် ကြံဆောင်လေ။
အောင်ဆန်းဇာနည် ကမ္ဘာတည်သရွှေ့
မမေ့သင့်ပါ အသင်နှင့်ငါ
မိမြန်မာကို ကာကွယ်စောင့်ရှောက်
ဂုဏ်ထွန်းတောက်အောင် စွမ်းဆောင်ကြိုးပန်း
ရှေ့ဆက်လှမ်းလို့ ဂုဏ်မြှင့်စို့။
အားလုံးကိုခင်မင်လေးစားလျက်
ကိုရင်ကျော်
(၁၁-၂-၂၀၁၂)(၀၄း၅၈)နာရီ
ms - “ အို . . ဖခင် ” ( ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အမှတ်တရ )
*************************
ရှင်ရင်ရွှေထီး သေရင်မြေကြီးဆိုပေမဲ့
ရွှေသီးလျှက်နဲ့ရွှေကဗ္ဗည်းမတင်နိင်ခဲ့တဲ့
ဒီမြေအကြောင်း
စာလုံးပေါင်းပြယုံနဲ့လုံလောက်ပါ့မလား . . ။
အို ဖခင်
ကောင်းသူတွေတော်ဖို့
သူတော်ကောင်းလိုနေဖို့
ကျွန်တော့်မှာအပေါင်းအဖော်လဲမမက်ခဲ့ပါဘူး
တတ်သလောက်အနုပညာနဲ့
မှောက်မှားမိ့တဲ့အမှန်တရားလို့သာသက်မှတ်ပါ
တကယ်တော့
အမှန်တရားရဲ့နောက် ဒုတိယမြှောက်ကျဆုံးခဲ့တာဖခင်ဆိုရင်
ဝိသေသနအမှားတွေနဲ့
လွတ်လပ်ခွင့်မရနိင်ခဲ့တဲ့ကျွန်တော်တို့ဘ၀တွေကလဲ
အမှန်တရားနဲ့ကျဆုံးခဲ့သူတွေပါပဲ
နှစ်ပေါင်းများစွာကျင့်သားရနေပြီဖြစ်တဲ့
ရှေးရိုးစွဲရောင်ရဲမှု့တွေက
ဦးညွှတ်သလိုဖြစ်လာလာ
ဘယ်သူသာလို့ဘယ်သူနာမှန်းလဲမသိ့တဲ့အခါမှာတော့
တပါးမြေမှာကြုံရာရှာနေတဲ့လူပမာတွေလဲ
များများလာခဲ့တော့တာပေါ့
ဒါကြောင့်
ရေမီးအစုံနဲ့ကဖို့
ကံကြမ္မာဇာတ်ကောင်တော့လိုနေပြီဖခင်ရယ် . . ။
နောက်ဆုံးတော့လဲ
လူဖြစ်ရက်နဲ့လူလားမမြှောက်ခဲ့ရတဲ့ကျွန်တော်က
မင်းမြှောက်တန်ဆာတွေထုဆစ်ပြီကာမှ
ဖခင်လိုပုံပေးလို့မရတဲ့အဆုံး
ဟော့ဒီ ဖေဖော်ဝါရီ ( ၁၃ ) မှာပဲ
မဲ့ပြုံးပြုံးခဲ့မိ့တာပေါ့ ။ ။
= ဖခင် ကျေနပ်နိင်ပါစေ - ( မင်းဆက်ဆက်ခ )
ငါတို.ရဲ.ဖခင်ကြီး
ဖယောင်းတိုင်တစ်တိုင်လို....ဖိနပ်တစ်ရံလို
နောက်ဆုံးထွေးခံတစ်ခုလို...ပညာသင်
ငါတို.ရဲ.အဖေ (သို.) ကျေးဇူးရှင်
ဖက်ဆစ်ကိုတော်လှန်....ဗြိတိသျှကိုဆန်.ကျင်
တိုင်းပြည်အတွက်....အသက်ကိုပဓာနမထား
ပြည်သူတွေကို....သနားငဲ.ညှာပြီး
ပဲပြုတ်နဲ.နံပြားတောင်....ရမှစားချင်တယ်ဆိုပဲ...............

(၁၃-၂-၂၀၁၂)ဖေဖော်ဝါရီလမှာ ကျရောက်သော
“ဗိုလ်ချုပ်အောင်ဆန်း၏ (၉၇)နှစ်ပြည့်မွေးနေ့” အား
ဂုဏ်ပြုကြိုဆိုပါ၏
“ဖေဖော်ဝါရီ(၁၃)ဟာ ဗိုလ်ချုပ်မွေးနေ့ပါ”
နှစ်ထောင့်တစ်ဆယ့်နှစ် ဖေဖော်ဝါရီ
“ကိုးဆယ့်ခုနစ်နှစ်” ရှိခဲ့ပြီ ဗိုလ်ချုပ်အသက် တို့မှန်းရည်
မွေးနေ့မှသည် နောင်နှစ်ဆီ ဗိုလ်ချုပ်ချစ်သောတို့များသည်
အနာဂတ်သို့တိုင် ဂုဏ်ပြုရည်
မေ့ထားလျှင် သတိလေး သိကြအသင်တို့ မှတ်သားပေး….
ဗိုလ်ချုပ်မွေးမြေ ဇာတိသန္ဓေ မကွေးခရိုင် နတ်မောက်လေ
သဲချောင်းကြီးရဲ့ အနောက်ဖက်ကမ်း တောင်ကုန်းလေးရဲ့ ရွာခြေလမ်း…..
တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး ၊ ဖေဖော်ဝါရီရဲ့(၁၃)ဟာ
“ဗိုလ်ချုပ်မွေးနေ့” ပါ
မွေးဖွားသန့်စင် သူ့ဖခင် ရှေ့နေဦးဖာတွင်
အထွတ်အမြတ်ထားရာ မိခင်ကား မိခင်ဒေါ်စုသား…..
ပြည်ထောင်စုရေး ကြိုးပမ်းဆောင် ဗိုလ်ချုပ် တို့ခေါင်းဆောင်
မျက်ရည်ဖြိုင်လို့ ဘ၀င်ငြှိုး ဇူလိုင်တစ်ဆယ့်ကိုး…..
ကြိုးပမ်းရွက်ဆောင် ပြည်သစ်အောင် မျိုးချစ် တို့ခေါင်းဆောင်
ဗိုလ်ချုပ်သေလည်း မမေ့ဘဲ လိုက်ပါဆောင်ရွက်အမြဲ…..
ဗိုလ်ချုပ်ဇာတိ အားမာန်သည် ၀ံ့ဝံ့ကြွားကြွားရဲဟန်ချီ
ကိန်းအောင်းနေပြီ ဇာတိသွေး မျက်မြင်ကိုယ်တွေ့ အမေစုလေး…..
ဗိုလ်ချုပ်ချစ်သော တို့များသည် အနာဂါတ်တိုင်အောင်ဆီ
စာဖြင့်ရေးသား မ၀ံ့ကြွား ရွက်ဆောင်နိုင်အောင် အစဉ်ကြိုးစား…
ဗိုလ်ချုပ်ရဲ့ဂုဏ်ပုဒ်ဒြပ်သည် ရေးဖွဲ့လို့ပင်မဆုံးသည်
သို့စေ ဂုဏ်ပြုလွမ်းဆွတ်တေး အမှတ်တရအဖြစ် ငါတို့ရေး….
မွေးနေ့မှသည် နောင်နှစ်ဆီ သံသရာတိုင်အောင်ပင်
ကောင်းကင်ဘုံတစ်ခွင် အိပ်မက်အလား ပုံဖော်ထုဆစ်နိုင်စေသား…….
“အားလုံးကိုခင်မင်လေးစားလျှက်”
နေခြည်သစ်နွယ်(ပြည်)
(၁၁-၂-၂၀၁၂) နံနက်(၁၀း၂၅)နာရီ
** credit- ရွှေမြို့တော်**
---
--
သက်ရှိတွေအတွက် အကြီးကျယ်ဆုံး အရာကတော့ သေခြင်းတရား ပါဘဲ။
**လွမ်းနေသူ®**

No comments:
Post a Comment