**Public Health**
အအေးမိနှာစေး ဖြစ်တော့မယ် ဆိုရင် အောက်ပါနည်းလမ်းများကို ဆောင်ရွက်ကြည့်ပါ။ အဖျားတာရှည်မှု၊ပြင်းထန်မှု တို့ကို သိသာစွာ လျော့ပါးစေနိုင် ပါတယ်။ ပူဒီနာ (Peppermint) ဒါမှမဟုတ် ယူကလစ်ရွက်များ ဒါမှမဟုတ် ထိုအရွက်များ၏ အဆီကို ဇလုံတစ်ခုထဲထည့်ပြီး ပွက်ပွက်ဆူနေ တဲ့ ရေနွေးထဲကို လောင်းထည့်ပေးပါ။ မျက်နှာသုတ်ပဝါ တစ်ထည်နှင့် သင့် ခေါင်းကိုအုပ်ပြီး ထိုရေနွေးငွေ့ကို ရှူပါ။ - ဆေးတောင့်ပျော့အသွင်နှင့် ရရှိနိုင်တဲ့ Echinaccea ကို သောက်ပါ။ ယင်းဘယဆေးက ခန္ဓာကိုယ်ရဲ့ရောဂါ ခုခံအားစနစ် (Immune System)ကို အားကောင်းစေပါတယ်။ ကူးစက် ရောဂါပိုးများကို ခုခံတိုက်ဖျက်ပေး ပါတယ်။ -ကြက်သွန်ဖြူ ကလည်း ရောဂါ ခုခံအားစနစ်ကို အားကောင်း စေပါတယ်။ သင်အစာစားနိုင်မယ်ထင် ရင် စွပ်ပြုတ်ရည် တစ်ခုခု ဒါမှ မဟုတ် ကြက်စွပ်ပြုတ်ရည်ထဲ ကြက် သွန်ဖြူ လတ်လတ်ဆတ်ဆတ်ရော ထည့်ပြီး သောက်သုံးနိုင်ပါတယ်။ ဒါမှမဟုတ် ကြက်သွန်ဖြူဆေးတောင့် ပျော့ကို တစ်ကြိမ် တစ်တောင့်၊ တစ်နေ့ ၃ ကြိမ်သောက်ပါ။ -လည်ချောင်း ရောင်ရင်တော့ ဇင့် ငုံဆေးပြားကို ငုံပါ။ ဒါမှမဟုတ် Calendula Tincture အရည်နှင့် ပလုတ်ကျင်းပါ။ - ဗီတာမင် C ဆေးချိန် ပမာဏ မြင့်မြင့်မားမား သောက်သုံးခြင်းက အအေးမိနှာစေးဖြစ်ခြင်းကို ကာ ကွယ်မပေးနိုင်ပါဘူး။ သို့ပေမယ့် ရောဂါပြင်းထန်မှုကိုတော့ လျော့ပါး စေနိုင်ပါတယ်။
Ref:Health Digest
**မေမွန်ကျော်**

No comments:
Post a Comment