**၂၀၁၁ ခုနှစ်အတွင်း ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဘောလုံးသမားများစာရင်းထုတ်ပြန်**
လန်ဒန်၊ ဖေဖော်ဝါရီ ၁၅ )
ကမ္ဘာ့ဘောလုံးလောကတွင် ၂၀၁၁ ခုနှစ်အတွင်း ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဘောလုံးသမားများစာရင်းကို ဒီလော့တီဝက်စ်ဆိုက်ဘ်၌ ဖေဖော်ဝါရီ ၁၅ ရက်က ဖော်ပြခဲ့ရာ အင်္ဂလန်ဘောလုံးအသင်းကပ္ပတိန်ဟောင်း ဒေးဗစ်ဘက်ခမ်းမှာ ထပ်ဆုံး၌ ရပ်တည်လျက်ရှိသည်။ ဒေးဗစ်ဘက်ခမ်းသည် လက်ရှိ၌ အမေရိကန်ကလပ် လော့စ်အိန်ဂျလိစ်ဂလက်စီတွင် ကစားလျက်ရှိသည်။ ၂၀၁၁ ခုနှစ်အတွင်း ၀င်ငွေ အမေရိကန်ဒေါ်လာ သန်း ၄၀ ခန့်ရရှိခဲ့သူဖြစ်သည်။ ၄င်းဝင်ငွေများမှာ လုပ်ခလစာအပြင် အက်ဒီးဒတ်စ်၊ ဆမ်ဆောင်းကုမ္ပဏီတို့နှင့် ကြော်ငြာစာချုပ်များမှာ ၀င်ငွေလည်းပါဝင်သည်။ ၂၀၁၁ ခုနှစ်အတွင်း ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဘောလုံးသမားဖြစ်သည်။

မန်ယူကစားသမားဟောင်းနှင့် လက်ရှိ ရီးရဲမက်ဒရစ်အသင်းတောင်ပံတိုက်စစ်မှူး စီရိုနယ်ဒိုမှာ ၂၀၁၁ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃၈ သန်းဝင်ငွေရရှိခဲ့သည်။ ၄င်းဝင်ငွေများတွင် လုပ်ခလစာအပြင် နီကီ၊ အာမေနီ၊ ကိုကာကိုလာနှင့် ကတ်စတိုလ်ကုမ္ပဏီများနှင့် ကြော်ငြာစာချုပ် ချုပ်ဆိုမှုမှရရှိသည့် ၀င်ငွေများပါဝင်သည်။ စီရိုနယ်ဒို၏ လက်ရှိငွေကြေးချမ်းသာမှုမှာ အမေရိကန်ဒေါ်လာသန်း ၁၆၀ ခန့်ရှိသည်။ ကမ္ဘာပေါ်၌ ၂၀၁၁ ခုနှစ်အတွင်း ဒုတိယ၀င်ငွေအကောင်းဆုံးဘောလုံးသမားဖြစ်သည်။

အာဂျင်တီနားဘောလုံးအသင်းနှင့် ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီမှာ ၂၀၁၁ ခုနှစ်အတွင်း ၀င်ငွေအမေရိကန်ဒေါ်လာ ၃၂ သန်းရရှိခဲ့သည်။ ၄င်းဝင်ငွေများအနက် ဘာစီလိုနာအသင်း၌ ကစားနေသည့် တစ်နှစ်တာလုပ်ခလစာ အမေရိကန်ဒေါ်လာ ၁၆ သန်းပါဝင်သည်။ ထို့အပြင် အက်ဒီးဒက်စ်၊ ပက်စီ၊ ကိုနာမ အော်ဒီမားစ်၊ ချယ်ရီနှင့် အဲဥရောပကုမ္ပဏီများနှင့် ကြော်ငြာစာချုပ်များမှ ရရှိသည့် ၀င်ငွေများလည်း ပါဝင်သည်။မက်ဆီ၏ လက်ရှိငွေကြေးချမ်းသားမှုမှာ အသားတင်အနေဖြင့် အမေရိကန်ဒေါ်လာသန်း ၁၁၀ ခန့်ဖြစ်ပြီး ကမ္ဘာပေါ်၌ ၂၀၁၁ ခုနှစ်အတွင်း တတိယ၀င်ငွေအကောင်းဆုံးဘောလုံးသမားဖြစ်သည်။
စတုတ္ထမြောက် ၀င်ငွေအကောင်းဆုံးဘောလုံးသမားမှာ ဘရာဇီးဘောလုံးအသင်းနှင့် ရီးရဲမက်ဒရစ်အသင်း ဘောလုံးသမားကာကာဖြစ်သည်။ ကာကာ၏ ၂၀၁၁ ခုနှစ်အတွင်းဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၂၅ သန်းဖြစ်သည်။ လက်ရှိအချိန်၌ ကာကာ၏ ငွေကြေးချမ်းသားမှုမှာ အသားတင်အနေဖြင့် အမေရိကန်ဒေါ်လာ ၁၀၀ ဖြစ်သည်။
ပဉ္စမမြောက် ၀င်ငွေအကောင်းဆုံးမှာ ဘရာဇီးကလပ် ဖလာမင်ဂိုအသင်းတွင် ကစားနေသော ရော်နယ်ဒင်ဟိုဖြစ်သည်။ ၂၀၁၁ ခုနှစ်အတွင်း ၀င်ငွေစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၂၄ သန်းဖြစ်ပြီး စုစုပေါင်း အသားတင်ငွေကြေးချမ်းသာမှုမှာ အမေရိကန်ဒေါ်လာ ၉၂ သန်းဖြစ်သည်။ (အင်တာနက်)

**ဂရမ်မီ တေးဂီတဆုပေးပွဲ ပရိသတ် သန်း ၄၀ နီးပါးရှိ**
(လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၁၅)
အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပခဲ့တဲ့ (၅၄) ကြိမ်မြောက် ဂရမ်မီတေးဂီတဆုပေးပွဲကို လွန်ခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက ကျင်းပခဲ့ရာမှာ ရုပ်မြင်သံကြား ကြည့်ရှုသူပရိသတ်ပေါင်း သန်း ၄၀ နီးပါး ရှိခဲ့တယ်လို့ စီဘီအက်စ်က ဖေဖော်ဝါရီ ၁၅ ရက်မှာ ကြေညာထားပါတယ်။ ဂရမ်မီဆုပေးပွဲမှာ ဗြိတိသျှအဆိုတော် အဒေလီက ဂရမ်မီဆုအများဆုံးဆွတ်ခူးနိုင်ခဲ့ပြီး ဂရမ်မီဆုချီးမြှင့်ရေးသမိုင်းမှာ ဒုတိယဆုအများဆုံးရရှိသူ ဖြစ်လာခဲ့ပါတယ်။

ဂရမ်မီဆုတွေအတွက် ကြိုတင်ခန့်မှန်းတဲ့အတိုင်းဖြစ်မဖြစ်ဆိုတဲ့ အချက်နဲ့ ဆုပေးပွဲမတိုင်မီတစ်ရက်အလို ဖေဖောါဝါရီ ၁၁ ရက်က အသက် ၄၈ နှစ်သာရှိသေးတဲ့ ကမ္ဘာကျော် အဆိုတော် ၀စသ်နေးဟူစတန် ရုတ်တရက် ကွန်လွန်သွားတာကြောင့် ရုပ်မြင်သံကြားကို ကြည့်ရှုသူဦးရေ တိုးလာတာဖြစ်တယ်လို့ဆိုပါတယ်။ (အင်တာနက်)
စုစည်းဘာသာပြန် - မြင့်မောင်စိုး

No comments:
Post a Comment