ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, February 19, 2012

ပရိယာယ်

>
သူတစ်ပါး၏ များစွာသော အကျိုးစီးပွား အတွက်ကြောင့် မိမိ၏ အကျိုးစီးပွားကို (အနည်းငယ်မျှ) မဆုတ်ယုတ် စေရာ၊ မိမိ အကျိုးစီးပွားကို သိ၍ မိမိ၏ အကျိုးစီးပွားကို တိုးပွားအောင် လေ့ကျက် အားထုတ်ရာ၏ (၁၆၆၊ ဓမ္မပဒ) ဆိုတဲ့ စကားရှိတယ်။ သူများ အတွက်ကြောင့် ကိုယ့်ရဲ့ အကျိုး စီးပွားကို မပျက်စီး စေရဘူးလို့ ဆိုလိုတာဖြစ်ပါလိမ့်မယ်။
ဟုတ်တယ်။ ကိုယ့်ဘဝမှာ တခြား တန်ဖိုး ရှိတဲ့ အလုပ် တွေ အများကြီး လုပ်စရာ ရှိသေး တယ်။ ကုသိုလ် ကောင်းမှု ဆိုင်ရာတွေကို လည်း လုပ်ဆောင် စရာတွေ ရှိနေ သေးတယ်။ ဒါကြောင့် သူတစ်ပါး ရဲ့ အကျိုး စီးပွား အတွက်ကြောင့် ကိုယ့်ဘဝကို ထိခိုက် ပျက်စီးသွား စေတာ မျိုးကို တော့ ရှောင်ဖို့ လိုမှာပဲ။ ကိုယ့်ကို ဒုက္ခ ပေးမယ့်၊ ကိုယ့်ဘဝကို ဖျက်ဆီး မယ့် သူတွေနဲ့ တွေ့ကြုံ ရတဲ့ အခါမှာ လည်း ကိုယ့် ဘဝ ကို အချည်းနှီး ထိခိုက် ပျက်စီး မသွား ရအောင် အဲဒီ လူမျိုးတွေ လက်က လွတ် အောင် စွမ်းဆောင် ရတော့ မှာပဲ။

တချို့သော အခြေ အနေမျိုးတွေမှာ ကိုယ့်ဘဝကိုယ် ပျက်စီး အောင် ဖန်တီးမယ့် သူမျိုးတွေ နဲ့ ရင်ဆိုင်ရတဲ့ အခါမှ ရုတ်တရက် တိုက်ရိုက် ရင်ဆိုင် အံတုပြီး ချေမှုန်း မပစ်နိုင်တာ မျိုးရှိတတ်တယ်။ ဒီလို အခြေ အနေမျိုးမှာ ပရိယာယ်သုံးပြီး ကျော်လွှားလွန် မြောက်အောင် လုပ်ရတာမျိုးလည်းရှိမှာပဲ။
ကိုယ့်ဘဝကိုယ် ပျက်စီး စေမယ့် သူမျိုး တွေရဲ့အန္တရာယ် က လွတ်နိုင်တဲ့ ပရိယာယ် အကြောင်း ပြောတဲ့ အခါမှာ ဇာတ်တော်မှာ လာတဲ့ ဝါနရိန္ဒ ဆိုတဲ့ ဇာတ်ကို ရှေးရှေး လူကြီး သူမတွေ က အကိုး အကား ပြုပြီး ပြောလေ့ ရှိတယ်။ အဲဒီ ဇာတ်တော် ထဲက ဇာတ်ကောင်တွေ က လူ သတ္တဝါတွေတော့ မဟုတ်ကြ ပါဘူး။ တိရစ္ဆာန် ဇာတ်ကောင်တွေ ဖြစ်ပါတယ်။ ဘုရားလောင်း မျောက်မင်းရယ်၊ ဒေဝဒတ် အလောင်း အလျာ မိကျောင်းဖို နဲ့ စိဉ္စမာန အလောင်း ဖြစ်တဲ့ မိကျောင်းမ... အားလုံး ဇာတ်ဆောင် သုံးဦးပဲ ပါပါ တယ်။
ဘုရားလောင်းမျောက်မင်းဟာ မြစ်ကမ်းနားမှာ နေတယ်။ အဲဒီ မြစ်ရဲ့ အလယ်မှာ ကျွန်းတစ်ခုရှိနေတယ်။ အဲဒီကျွန်းမှာ သရက်၊ ပိန္နဲ အစရှိတဲ့ ထူးထူးခြားခြား စားသောက်ချင်စဖွယ် ကောင်းတဲ့ သစ်သီးဝလံတွေရှိတယ်။ ဘုရားလောင်းမျောက်ဟာ နေ့တိုင်းပဲ အဲဒီကျွန်းကို သွားပြီး နှစ်သက်ရာရာ သစ်သီးဝလံတွေကို စားလေ့ရှိတယ်။ ကျွန်းပေါ်ကို ဘုရားလောင်း သွားပုံ သွားနည်းကို ပြောရဦးမယ်။ ဘုရား လောင်း မျောက်နေတဲ့ ဒီမှာဘက် မြစ်ကမ်းနဲ့ ပြောခဲ့တဲ့ကျွန်းကြားမှာ မြစ်ရေထဲက ပေါ်ထွက်နေတဲ့ ကျောက် ဆောင်တစ်ခုရှိတယ်။ ဘုရားလောင်း မျောက်မင်းသွားပုံက ဒီဘက်မြစ်ကမ်း မှနေပြီး ကျောက်ဆောင်ပေါ် ရောက် အောင် ခုန်တယ်၊ တစ်ခါ ကျောက် ဆောင်ပေါ်ကနေပြီး ကျွန်းပေါ်ကို ရောက်အောင် ခုန်တယ်။ အဲဒီလို နှစ်ဆင့်ခုန်ပြီး ကျွန်းပေါ် ရောက်အောင် သွားသလို အပြန်မှာလည်း ကျွန်းကနေ ကျောက်ဆောင်၊ ကျောက်ဆောင်ကနေ ဒီဘက်ကမ်းရောက်အောင် နှစ်ဆင့် ခုန်ပြီး ပြန်လာလေ့ရှိတယ်။
အဲဒီလို ဘုရားလောင်းမျောက် အသွားအပြန်လုပ်တာကို အဲဒီမြစ် မှာနေတဲ့ မိကျောင်းမက မြင်တယ်။ မြင်ပြီးတော့ ဘုရားလောင်းမျောက်ရဲ့ နှလုံးသားကို စားချင်တဲ့စိတ်တွေဖြစ် တယ်။ ဒီလို စားချင်စိတ်တွေ ဖြစ် နေကြောင်းကို သူ့လင် မိကျောင်းဖိုကို ပြောပြတယ်။ မိကျောင်းဖိုက သူ့မယား မိကျောင်းမရဲ့ စားချင်တဲ့ဆန္ဒကို ဖြည့် ဆည်းပေးမယ့်အကြောင်း ပြောတယ်။

ဒါနဲ့ တစ်နေ့သော ညနေမှာ ဘုရားလောင်း မျောက် ကျွန်းကနေပြီး ပြန်ခုန် အလာမှာ အဆင်သင့် ဖမ်းမယ် ဆိုတဲ့ အကြံနဲ့ မိကျောင်းဖို ဟာ ကျောက် ဆောင်ပေါ်မှာ သွားပြီး ဝပ်နေတယ်။ ဘုရားလောင်း မျောက်ဟာ အရင် ရက်တွေက လိုပဲ သစ်သီး ဝလံတွေကို လိုသလောက် စားသောက်ပြီးလို့ ညနေ ချမ်းရောက်တဲ့အခါမှာ ဒီမှာဘက် ကမ်းကို ပြန်ဖို့ အတွက် ကျွန်းက နေပြီး ကျောက်ဆောင်ဆီ ကို ခုန်မယ် ဆိုပြီး လှမ်းကြည့် လိုက်တယ်။ ကျောက်ဆောင်မှာ ထူးခြားချက် ရှိနေတာကို ဘုရားလောင် မျောက် သတိထား မိနေတယ်။ ကျောက်ဆောင် ဟာ ခါတိုင်းနဲ့ မတူဘဲ ပိုပြီး မြင့်မောက် နေတယ် ဆိုတဲ့ အချက်ကို တွေ့နေတယ်။ မြစ်ရေ ဟာ လျော့ လည်းမလျော့၊ တိုးလည်း မတိုးဘဲ ရှိနေ ပါလျက် နဲ့ ဘာကြောင့် ဒီကျောက်ဆောင် ဟာ ခါတိုင်းထက် ပိုပြီး ကြီးနေ မြင့်နေ သလို ဖြစ်နေ တာလဲလို့ စူးစမ်း ကြည့်တယ်။ ငါခုန် လာရင် ဖမ်းဖို့ အတွက် မိကျောင်းများ ဝပ်နေ သလားလို့ လည်း စူးစမ်း ကြည့်တယ်။ မှန် မမှန် သိရအောင် ဆိုပြီး ဘုရားလောင်း မျောက်ဟာ ကျွန်းပေါ် ကနေပြီး အို...အချင်း ကျောက်ဆောင် လို့ လှမ်းပြီး ခေါ်ကြည့်တယ်။
ကျာက်ဆောင် က ဘယ်ထူးလိမ့် မတုံး။ ဘုရားလောင်း မျောက်က ကျောက်ဆောင် ကို သုံးကြိမ် တိုင်တိုင် လှမ်းခေါ် လို့ ပြန်မထူးတဲ့ အခါမှာ ဘုရားလောင်း မျောက် က ဒီနေ့ ငါ့ကို သင်ကျောက်ဆောင် ဘာပြုလို့ ပြန်ပြီး စကား မတုံ့လှယ် တာလဲ လို့ ကျောက် ဆောင်နဲ့အရင်ကလည်း စကားလက်ဆုံကျတဲ့ သဘောနဲ့ ပြောတယ်။ ဒါကို ဝပ်နေတဲ့ မိကျောင်း က အရင်နေ့တွေ က ကျောက်ဆောင် ဟာ မျောက်နဲ့ စကား တုံ့ပြန် ပြောဆို ပုံပေါ်တယ်၊ ဒီတော့ ငါ့ကိုလည်း ကျောက်ဆောင် အနေနဲ့ မှတ်ယူအောင် စကား တုံ့ပြန်မှပဲ ဆိုပြီး အို.. အရှင်မျောက်၊ ဘာပြောမှာ လဲလို့ တုံ့ပြန် လိုက် တယ်။

ဘုရားလောင်းမျောက် ဟာ ကျောက် ဆောင်ပေါ်မှာ ဝပ်နေတာ မိကျောင်း ပဲလို့ အသေ အချာ သိသွား ပြီပေါ့။ ဒါနဲ့ ဘာကြောင့် ကျောက် ဆောင်ပေါ်မှာ ခုလို လာပြီး ဝပ်နေတာ လဲလို့ မေးတယ်။ မိကျောင်းက သူ့မယား မိကျောင်းက သင့်နှလုံးသား ကို စားလိုတယ် ဆိုလို့ သင့်ကို ဖမ်းဖို့ ဝပ်နေတာ ဖြစ်တဲ့ အကြောင်း ပြောတယ်။

ဘုရားလောင်း မျောက်ရဲ့အဖြစ်ကို ကြည့်ရင် နေကလည်း မှောင်စ ပြုလာပြီ။ ဒီကျွန်းက နေပြီး မိကျောင်းရန် က လွတ်အောင် တခြားလမ်းလည်း မရှိဘူး။ ဒါကြောင့် ဘုရားလောင်းမျောက် က ပရိယာယ် နဲ့ မိကျောင်းကို အဆွေ မိကျောင်း၊ သင့်မယား ရဲ့ အလို ဆန္ဒ ပြည့်အောင် ငါဟာ ငါ့ခန္ဓာကို စွန့်ခဲ့ ပါမယ်။ ကဲ...သင့်ခံတွင်း ကို ဟထားပါ။ ငါ ခုန်လာတဲ့ အခါ ငါ့ကို ဖမ်းလိုက် ပေတော့´လို့ ပြောတော့ သူ့ပါးစပ်ထဲ ခုန်ဝင်မယ့် မျောက်ကို အသင့် ဖမ်းဖို့ ပါးစပ်ကို ဟထား တယ်။ ဘုရားလောင်း မျောက်ဟာ မိကျောင်းရဲ့ ဦးခေါင်းပေါ် တည့်တည့် ကျအောင် ခုန်တယ်။ မိကျောင်း ရဲ့ ဦးခေါင်းပေါ် ကို ထောက်စရာ ရပြီးတဲ့ နောက် လျှပ်ပြက် သလို လျင်မြန်မှု နဲ့ မြစ်ကမ်းဆီ ကို ဆက်ပြီး ခုန်သွားတယ်။
ဒီနည်းအားဖြင့် ဘုရားလောင်း ဟာ မိကျောင်း ရဲ့ အန္တရာယ်က နေပြီး လွတ်မြောက် လာခဲ့ တယ်။ ဆိုခဲ့တဲ့ အတိုင်း လူကြီး သူမတွေဟာ ဒီ အဖြစ် အပျက်ကို ကိုးကားပြီး ဘေးရန်အန္တရာယ် တွေပြုလာမယ့်သူတွေကို အောင်နိုင်လွှမ်းမိုးနိုင် ဖို့အတွက် ပရိယာယ်ကို သုံးအပ်တဲ့အကြောင်း ဩဝါဒပေးလေ့ရှိတယ်။ ဒီမှာ ဘုရားလောင်း မျောက် မိကျောင်း ရဲ့ အန္တရာယ်က လွတ်ခဲ့ တာဟာ ပရိယာယ် လေးမျိုးကြောင့် ဖြစ်တယ်တဲ့။
ပရိယာယ် ဆိုတာကို ဥပါယ် လို့လည်း သုံးနှုန်း ကြသေးတယ်။ ပရိယာယ် ဆိုတာကို ရန်အောင်ကြောင်း နည်း ရန်သူကို အောင်နိုင် စေတဲ့ နည်းလို့ အနက်ဖွင့် ကြတယ်။ လတ် တလော ဂုဏ်သုံးပြီး အန္တရာယ်ပြု သူကို လွှမ်းမိုး အောင်နိုင်ခြင်း နည်းလမ်း လို့လည်း ဆိုတတ် ကြတယ်။ ပြောခဲ့တဲ့ ဝါနရိန္ဒဇာတ်ကို ကြည့်ရင် ဘုရားလောင်း မျောက်ဟာ ပရိယာယ် လေးမျိုး ကို သုံးခဲ့ရာ ရောက်တယ်တဲ့။ ဘယ်လို လေးမျိုး လဲ ဆိုတော့ (၁) သစ္စာ၊ (၂) ဓမ္မ၊ (၃) ဝီရိယ၊ (၄) စာဂ ဆိုတာ တွေပဲ တဲ့။

(၁) သစ္စာ ဆိုတာကို ဒီဇာတ်မှာတော့ သူတစ်ပါး ယုံကြည် လောက်အောင်၊ ကျသွား အောင် ပြောနိုင် တာကို ဆိုလိုတယ်။ မိကျောင်း ယုံသွားအောင် ပြောနိုင်တဲ့ အတွက် မိကျောင်း ဟာ ယုံယုံ ကြည်ကြည် နဲ့ ပါးစပ်ဟပြီး စောင့် နေတာ...။
(၂) ဓမ္မ ဆိုတာက ဘယ်လို လုပ်ရင်တော့ လွတ်မြောက် နိုင်တာကို သိတဲ့ ဥာဏ်ကို ဆိုလို တာ၊ အကြံကောင်း ဥာဏ်ကောင်းရှိတာ၊ အမြော် အမြင်ရှိတာ၊ ကြံရည် ဖန်ရည် ရှိတာဖြစ်ပါလိမ့် မယ်။ ဘုရားလောင်းမျောက်ဟာ မိကျောင်း ပါးစပ်ဟ နေတဲ့ အခါ သူ့ ဦးခေါင်းပေါ် ကျအောင် ခုန်ရမယ်၊ ဒါမှ ထောက်တည်ရာ ရပြီး မြစ်ကမ်း ဆီကို ဆက် ခုန်နိုင်မယ် စသဖြင့် မြော်မြင် တတ်တာ ဖြစ်လိမ့်မယ်။
(၃) ဝီရိယကတော့ မလျှော့တဲ့ စိတ်၊ မကြောက်မရွံ့၊ မတွန့်ဆုတ်တဲ့ စိတ်နဲ့ ကြိုးစား လုပ်ဆောင်တာ ဖြစ်မယ်၊ ဘုရားလောင်းဟာ စိတ်ခိုင်ကြည် ရဲရင့်စွာ နဲ့ မိကျောင်းရဲ့ ဦးခေါင်း ပေါ်ကျအောင် ခုန်ခဲ့ တာပဲ။ ခေါင်းပေါ် ကျပါမှ ထောက်ပြီး တစ်ဖက် မြစ်ကမ်းကို ဆက်ခုန် နိုင်မှာ မဟုတ်လား။
(၄) စာဂ ဆိုတာကို ဒီဇာတ်မှာတော့ စွန့်လွှတ် စွန့်စားခြင်းကို ဆိုလို တယ်လို့ ပညာရှင် အချို့က ဆိုကြတယ်။ တခြား နေရာ၊ တခြား အခြေအနေတွေ မှာတော့ ပေးကမ်းခြင်း အားဖြင့် လူတွေအပေါ် အနိုင်ယူခြင်း သဘော ရှိတယ်။ ဘုရားလောင်း မျောက်ဟာ တကယ်တော့ မိကျောင်းရဲ့ ဦးခေါင်းပေါ်ရောက်အောင် ခုန်ရ တယ် ဆိုတာ ဟာ တကယ့် စွန့်စားချက် ပါပဲ။ လွဲချော် သွားရင် ဒုက္ခတွေ အများကြီးရောက် စရာတွေ ရှိတယ် မဟုတ်လား။ ဘာပဲ ဖြစ်ဖြစ် ရန်သူတွေ က ပေးလာတဲ့ အန္တရာယ်တွေ ကို ကျော်လွှားရာမှာ စွန့်စားဖို့က လိုတာပဲ။
ဘုရားလောင်း မျောက် မိကျောင်း ရဲ့ အန္တရာယ် ကနေ လွတ်ခဲ့တာက ဆိုခဲ့တဲ့ ပရိယာယ် လေးခုကြောင့် ဖြစ်တယ်။ ဒီမှာ တချို့ က ပရိယာယ် သုံးတာဟာ လိမ်ညာလှည့်စား ခြင်း မဟုတ်ဘူးလား၊ လိမ်ညာခြင်းဟာ အပြစ် ဖြစ်စေတယ်၊ အကုသိုလ် ဖြစ်စေတယ် မဟုတ် ပါလား လို့ မေးတတ်ကြတယ်။ တစ်ဖက်သား ကို သေကြေ လောက်အောင်၊ ဘဝပျက်လောက် အောင် မထိခိုက် စေဘဲ ဒီတစ်ဖက်သား ရဲ့ ရက်စက် ယုတ်မာမှု ကနေပြီး လွန်မြောက်အောင် ပရိယာယ် သုံးခြင်းဟာ အပြစ်ကြီး လေးမှု မရှိ နိုင်ဘူးလို့ ထင်ပါတယ်။ ပရိယာယ် သုံးတဲ့ အခါ မှာ စေတနာက တစ်ဖက်သားကို သေစေ၊ ပျက်စီးစေရယ်လို့ သဘောမထားရင် ကြီးလေးတဲ့ အကုသိုလ် မဖြစ်နိုင်ဘူး။ ကိုယ့်ကို သူက သေအောင်၊ ဘဝ ပျက်အောင် ဖျက်ဆီးမယ့် အဖြစ်က လွတ်အောင် ကိုယ်က စွမ်းဆောင် နိုင်တဲ့အတွက် သူ့အတွက် အကျိုးပြုရာတောင် ရောက်တယ်လို့ ဆိုရမယ်။ ကိုယ့်ကြောင့် သူ့မှာ ပါဏာတိပါတာ စတဲ့ ကြီးလေးတဲ့ အကုသိုလ် ပြုခြင်းမှ သူ့ကို လွတ်သွား စေခဲ့တယ် မဟုတ် လား။
စေတနာ အလိုဆိုး နဲ့ ပရိယာယ် သုံးရင်တော့ အပြစ်ရှိတယ် လို့ပဲ ဆိုနိုင်တယ်။ လူ့လောကမှာ လူမှု ပြဿနာတွေ က အရှုပ် သားလား။ နီတိဆရာတွေ ပြောတတ်တာ ရှိ တယ်။ ဘာလဲ ဆိုတော့ တောကြို တောင်ကြားမှာ မြက်ကိုစားရင်းနဲ့ အေးချမ်းစွာ နေနေတဲ့ သား သမင်ကို သတ်ဖြတ်မယ့် မုဆိုးက ရှိနေတတ် တယ်တဲ့။ ဟုတ်မှာပဲ။ ဘာရန်ညှိုး မှ မုဆိုးပေါ် မှာ မရှိရှာတဲ့ သားသမင် ကို မုဆိုးက လာပြီး ရန်ရှာတာ၊ အသေသတ်ဖို့ကို ရောက်လာတတ် တာလိုပဲတဲ့။ လူ့လောက မှာလည်း ကိုယ့်လမ်း ကိုယ်သွား၊ ကိုယ့်အလုပ် ကိုယ် လုပ်နေပေမဲ့ ကိုယ့်ကို ရန်ရှာ လာသူတွေ ပေါ်လာ တတ်တာပဲ။

လူ့အဖွဲ့ အစည်းတွေ မှာလည်း ဒီအတိုင်းပဲ။ လူ့ အဖွဲ့ အစည်း တစ်ရပ်ဟာ သူတို့နည်း သူတို့ဟန် နဲ့ အေးချမ်းစွာ နေနေ ပေမဲ့ အဲဒီ အဖွဲ့အစည်းကို အနိုင်ယူချင်တဲ့ သူတွေ၊ အဲဒီ အဖွဲ့အစည်း ရဲ့ နေရာ ဒေသ ကို ပိုင်ဆိုင်ချင်သူတွေ ပေါ်လာတတ် တာပဲ။
ဒီလိုပေါ်လာပြီး မိမိအဖွဲ့အစည်းကို ဖြိုခွဲ အနိုင်ယူချင် သူတွေ ဟာ ဖြိုခွဲနည်း ပရိယာယ် တွေကို သုံးကြ တာပဲ။ ရှေးခေတ်တုန်းက ဆိုရင်၊ အဖွဲ့အစည်း တစ်ခုက တခြားအဖွဲ့အစည်းတစ်ခု ကို အနိုင်ယူ ချင်ရင် ဘေဒဥပါယ် ဆိုတာကို သုံးကြ တယ်တဲ့။ ဘေဒဥပါယ်ဆိုတာက အနိုင် ယူလိုတဲ့ အဖွဲ့အစည်းရဲ့ စည်းလုံး ညီညွတ်မှုကို ပြိုကွဲအောင် ဖြိုခွဲတဲ့နည်းကို ဆိုလိုတာ။ ဘေဒဥပါယ် ကလည်း အမျိုးအစား သုံးမျိုးရှိ တယ်။ ပထမ အမျိုးအစား ကတော့ အချစ် ပျက်ပြယ်အောင်လုပ်တဲ့ ပရိယာယ်ကို ဆိုလို တယ်။ အဖွဲ့ အစည်း ထဲမှာ အချင်းချင်းသင့်တင့် ညီညွတ် နေရင် စည်းလုံး နေရင် အဲဒီ အဖွဲ့အစည်း ကို အနိုင်ယူဖို့ မလွယ်ဘူး။ ဒါကြောင့် အဲဒီ အဖွဲ့အစည်း အင်အား ဆုတ်ယုတ် သွားအောင် တစ်ဦးနဲ့ တစ်ဦး အထင် အမြင် လွဲအောင်၊ သဘောထား ကွဲလွဲအောင် ကုန်းတိုက် စကားတွေနဲ့ သွေးခွဲတဲ့ နည်းဖြစ်တယ်။ ဗုဒ္ဓ စာပေတွေ မှာ တွေ့ဖူးမှာပဲ။ ဘာလဲ ဆိုတော့ မင်းဖြစ်သူက ဝဿကာရ ပုဏ္ဏားကို စေလွှတ်ပြီး ဝေသာလီ မင်းသားတွေကို အချင်းချင်း အချစ် ပျက်အောင်၊ ညီညွတ်ခြင်း ပျက်စီးအောင် ပြုလုပ် ခဲ့ဖူးတယ်။
ဒုတိယနည်း ကတော့ ဗိုလ်ပါ အင်အား၊ လက်နက် အင်အား၊ ဓနအင်အား စသည် တို့ကို ပြပြီး အရှိန် နဲ့ တစ်ဖက် အဖွဲ့အစည်း က လူတွေ ကို ကြောက်လန့် စေတာ၊ ဒီလိုေ ကြာက်လန့်ပြီး သူတို့ဘက် ကို ဝင်ရောက်လာ စေခြင်းဖြင့် တစ်ဖက် အဖွဲ့ အစည်းရဲ့ စည်းလုံးမှုကို ပျက်စေ တဲ့ နည်း ဖြစ်တယ်။ တတိယနည်း ကတော့ ကြိမ်းဝါးခြင်း၊ ခြိမ်းခြောက်ခြင်း မျိုးစုံနဲ့ တစ်ဖက် အဖွဲ့အစည်းရဲ့ ညီညွတ်မှုကို ပျက်စီးစေတဲ့ နည်း ဖြစ်တယ်။
ရှေးခေတ် က နီတိ စာပေတွေ မှာ ပရိယာယ် တွေနဲ့ ပတ်သက်ပြီး ဖော်ပြ ထားတာတွေ အများကြီး ရှိတယ်။ ပရိယာယ်တွေ ကလည်း အမျိုးကို စုံနေ တာပဲ။ ဒီခေတ်ကြီးမှာ လည်း တစ်ဦးက တစ်ဦးကို အဖွဲ့အစည်း တစ်ရပ်က တခြား အဖွဲ့အစည်း တစ်ရပ်ကို ပရိယာယ်တွေ သုံးပြီး လွှမ်းမိုး အနိုင်ယူတာမျိုးတွေ ရှိနေမှာပါပဲ။ ကိုယ့်ကို ထိပါးလာတဲ့ အခါ၊ ကိုယ့်အဖွဲ့အစည်း ကို ထိပါး လာတဲ့ အခါမှာ တုံ့ပြန် ရတာမျိုးတွေ ရှိတာ ပါပဲ။ ကိုယ့်ကို အနိုင်မယူ နိုင်ဖို့ အတွက်၊ ကိုယ့်အဖွဲ့ အစည်းကို အနိုင်မယူ နိုင်စေဖို့ အတွက် ထိပါးလာ သူတွေထက် သာတဲ့ ပရိယာယ်တွေ၊ အသိသတိ တွေ ရှိနေ ဖို့လည်း လိုမှာ ပါပဲ။
ကိုယ်ကျင့် တရား ရှုထောင့်ကနေ ကြည့်ရင်တော့ စေတနာ အလိုဆိုး နဲ့ တစ်ဖက်သူ ပျက်စီးအောင် အသုံးပြု လာတဲ့ နည်းတွေ ကတော့ အလွန် အကုသိုလ် များတယ် လို့ ယူဆ ရမှာပဲ။ မိမိဘက် ကလည်း စေတနာ အလိုဆိုး မဖြစ်ဖို့၊ နောင်ရလို့ မဆုံးနိုင်အောင် မှားယွင်းတဲ့ နည်း ပရိယာယ်တွေကို မသုံးမိဖို့ ကိုတော့ သတိထား ရမှာ ဖြစ်တယ်။
(၂)
အထက်ပါ အကြောင်းအရာ တို့ကို ပြောပြ သူ၏ စကား ဆုံးသော အခါ အခြား မိတ်ဆွေ တစ်ဦးက ဝဓဒဏ္ဍ ဥပါယ် အကြောင်း စကား ဆက် ပါသည်။ ဝဓဒဏ္ဍဥပါယ်၏ အနက် အဓိပ္ပာယ်ကို သူက အကျယ် တဝင့် ရှင်းပြ သည်။ ထို့နောက် ဤဝဓဒဏ္ဍဥပါယ် ကို စေတနာ အလိုဆိုး ဖြင့် မှားယွင်းစွာ အသုံးပြု မိပါက အသုံးပြုမိ သူ၌ အကုသိုလ် အပြစ်ကြီး လေးစွာ ကျရောက် နိုင်ကြောင်း၊ နောင်အခါ ၌လည်း မိမိ မှားယွင်းစွာ ပြုခဲ့ မိခြင်းကို ဖြေဆည် မရလောက်အောင် နောင်တ တရားတို့ ရနေနိုင် ကြောင်း ရှင်းပြနေပါသည်။
ကျွန်တော်က ပရိယာယ်တွေ အကြောင်း စဉ်းစားရင်း...။ ကိစ္စ များမြောင် လူတို့ဘောင် ဆိုသည့် စကား၊ ပြဿနာ ရှုပ်လှ လူ့ဘဝ ဆိုသည့် စကားများ အကြောင်းကို တမျှော် တခေါ် ထို့နေ့ က တွေးတော နေမိ ပါသည်။

မူရင်း။ ။Perfect Magazine

**နန္ဒသိန်းဇံ**

**From-မေမွန်ကျော်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)