**သတင်း**
ဒီဖြေရှင်းချက်လေးကို မူရင်းရေးသားသူဘယ်သူလဲဆိုတာတော့အတိအကျမသိပါဘူး ။ ရှာတွေ့သမျှ ပြန်လည်ဖြေရှင်းချက် မူရင်းရေးသားသူတွေကို Credit ပေးပါတယ် ။
Credit : Kyaw Swar Winn Thant , Htut Shwe Ye , ကိုရင်
Facebook အင်တာနက်စာမျက်နှာပေါ်မှာ ကျောင်းသူလေးငါးဦးဖဲရိုက်နေပုံတက်လာပါတယ်။
ဝတ်စုံကို ကြည့်တဲ့အခါ ကွန်ပျူတာတက္ကသိုလ်က လုံချည်အရောင် စိမ်းပြာလေးနဲ့ပါ။
သို့သော်.. ကွန်ပျူတာကလိုလို.. နည်းပညာကလိုလို မသိသူများ အမျိုးမျိုးကပညာရေး တိုးတက်အောင် လေ့လာနေကြတာပါဆိုတဲ့ ပုံစံမျိုးနဲ့။နှိမ့်ချပြီး Share လုပ်ကြပါတယ်....။
အဲဒီပုံကို ပထမဆုံးကြည့်လိုက်တဲ့အချိန်မှာ.. သတိထားမိတာက။လုံချည်အရောင်က ကွန်ပျူတာတက္ကသိုလ်က အရောင်နဲ့ ဆင်တူပေမယ့်ယူနီဖောင်းပုံစံပါ။မိန်းကလေးတွေ ဝတ်ထားတဲ့ ယူနီဖောင်းအကျီ င်္ကကွန်ပျူတာကျောင်းကမိန်းကလေးတွေဝတ်ရတဲ့ အိကျီ င်္ပုံစံမဟုတ်ပါဘူး။
ရင်ဘတ်မှာလည်း စာတမ်းလေးတစ်ခုပါတာကိုတွေ့ရပါတယ်။မူလ Source ကို လိုက်ရှာတဲ့အခါ
အောက်ပါ လင့်ခ်မှာတွေ့ပါတယ်
http://moreimagesrally.blogspot.com/2011/12/blog-post_1516.html
ကမ္ဘာဒီယားက ခမာဘာသာနဲ့ ရေးထားတဲ့ Blog Site တစ်ခုကပုံဖြစ်ပါတယ်.။ကမ္ဘောဒီယား ကျောင်းသူတွေပါ...
ဒါကို မူလပထမဦးဆုံး ရှယ်ယာ စလုပ်သူက ဘယ်လို ရည်ရွယ်ချက်နဲ့လုပ်ပါသလဲ။ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး သိက္ခာကျအောင် လုပ်တာဆိုရင်အင်မတန်မှကို အောက်တန်းကျတဲ့ လုပ်ရပ်တစ်ခု အဖြစ်သတ်မှတ်ပြီး ကန့်ကွတ်ရှုတ်ချပါတယ်။
လင့်ခ်အမှန်ကို လက်လှမ်းမှီရာများမှာ ပြန်လည်ဖြန့်ဝေခြင်းဖြင့် မိမိတို့ ဂုဏ်သိက္ခာ၊နိုင်ငံ့ ဂုဏ်သိက္ခာကိုပြန်လည် မြှင့်တင်ပေးကြပါလို့...အဆိုပြုပါသည။
ပြန်ရတာကို ပြန်ရှယ်ပါသည်။ကွကို ဝေဖန်သုံးသပ်ကြပါကုန်..
လေးစားစွာဖြင့်
**ကိုတင့်**
Rest of your post

No comments:
Post a Comment