ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, February 15, 2012

ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ

>
**ကမ္ဘာကျော် ဂရမ်မီတေးဂီတဆုပေးပွဲ အဆိုတော် အဒေလီ ဆုခြောက်ဆုဆွတ်ခူး**

(လော့အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၁၃)
ကမ္ဘာမှာလူသိများကျော်ကြားတဲ့ (၅၄) ကြိမ်မြောက် ဂရမ်မီ (Grammy)တေးဂီတဆုပေးပွဲကြီးကို ဖေဖော်ဝါရီ ၁၂ ရက်က အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ပါတယ်။ ဒီဂရမ်မီဆုပေးပွဲမှာ ဗြိတိသျှနာမည်ကြီး အဆိုတော် အဒေလီ (Adele) ဟာ တစ်နှစ်တာ အကောင်းဆုံးတေးအယ်လ်ဘမ်ဆု (Album of the year) အပါအ၀င် ဆုခြောက်ဆုဆွတ်ခူးရရှိသွားပါတယ်။ အသက် ၂၃ နှစ်သာ ရှိသေးတဲ့ ကမ္ဘာကျော်အဆိုတော် အဒေလီဟာ ၂၁ လို့အမည်ရတဲ့တေးအယ်လ်ဘမ်နဲ့ တစ်နှစ်တာအကောင်းဆုံးအယ်လ်ဘမ်ဆု ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီတေးအယ်လ်ဘမ်ဟာ ၂၀၁၁ ခုနှစ်ရဲ့ ရောင်းအား အကောင်းဆုံး တေးအယ်လ်ဘမ်ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံတစ်နိုင်ငံတည်းမှာပဲ ဒီတေးအယ်လ်ဘမ်ဟာ အချပ်ပေါင်း ခြောက်သန်း ကျော်ရောင်းချခဲ့ရတာပါ။ အဆိုတော် အဒေလီဟာတစ်နှစ်တာ အကောင်းဆုံးအသံသွင်းဆု (Record of year) ဆုကိုတော့ Rolling in the Deep လို့အမည်ရတဲ့ တေးအယ်လ်ဘမ်နဲ့ ဆွတ်ခူးရရှိသွားခဲ့ပါတယ်။ သူမဟာ ဒီတေးအယ်လ်ဘမ်နဲ့ပဲ အကောင်းဆုံးသီချင်ဆု (song of the Year ) ဆွတ်ခူးရရှိသွားခဲ့ပါတယ်။သူမပာာ Someone Like You လို့အမည်ရတဲ့တေးအယ်ဘယ်နဲ့ တစ်ကိုယ်တော်ပေါ့ပ်သီချင်း သီဆိုဖျော်ဖြေမှုဆု ( Pop Vocal Album) ဆွတ်ခူးခဲ့ပြန်ပါတယ်။
အဆိုတော်ဒေလီ ဒီလိုဂရမ်မီဆုခြောက်ဆု ဆွတ်ခူးနိုင်ခြင်းပာာ ဂရမ်မီဆုသမိုင်းမှာ အများဆုံးဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်နှစ်က အဆိုတော် ဘီယွန်ဆေးဟာ ဂရမ်မီဆုခြောက်ဆုဆွတ်ခူးခဲ့ဖူးပါတယ်။ အဒေလီဟာ ဘီယွန်ဆေး ဆွတ်ခူးနိုင်ခဲ့တဲ့ စံချိန်အတိုင်း ဆွတ်ခူးခဲ့ခြင်းလည်းဖြစ်ပါတယ်။ သူမဟာ တစ်နှစ်တာအကောင်းဆုံး ဗီဒီယိုဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။ (အင်တာနက်)

**အအေးလွန်ကဲသော ရာသီဥတုအတွင်း မောင်းနှင်ပျံသန်းနိုင်သည့် ရဟတ်ယာဉ် တရုတ်နိုင်ငံ၌ထုတ်လုပ်**
(တီယန်ကျင်း၊ ဖေဖော်ဝါရီ ၁၃)
အလွန်အေးမြသော ရာသီဥတုတွင် မောင်းနှင်ပျံသန်းနိုင်သော မြို့ပြလေကြောင်းသုံး ရဟတ်ယာဉ်အမျိုးအစားတစ်စင်းကို တောင်ဝင်ရိုးစွန်းဒေသရှိ အပူချိန်ကျဆင်းနေသော ဝေဟင်၌ ပထမဆုံး စမ်းသပ်ပျံသန်းနိုင်ခဲ့ကြောင်း တရုတ်ရဟတ်ယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီမှ ဖေဖော်ဝါရီ ၁၃ ရက်တွင် သတင်းထုတ်ပြန်သည်။ အေစီ ၃၁၃ ဟုအမည်ပေးထားသော ၄င်းရဟတ်ယာဉ်သည် အလေးချိန် ၁၃ တန်ရှိပြီး ပြီးခဲ့သည့် ဇန်န၀ါရီလက တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဟူလန်ဘူရီရာမြို့ ဝေဟင်၌ အပူချိန်အနုတ် ၄၆ ဒီဂရီဆဲလ်စီးရပ်စ်ရှိသည့် ရာသီဥတုတွင် စမ်းသပ်ပျံသန်းခဲ့ပြီး ဖြစ်သည်။ (အင်တာနက်)

**ဖိလစ်ပိုင်တောင်ပိုင်း၌ ရေကြီးမှုဖြစ်ပွား**
(မနီလာ၊ ဖေဖော်ဝါရီ ၁၃)
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မြေနိမ့်ဒေသများတွင် ဖေဖော်ဝါရီ ၁၂ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပွားကာ ဒေသတွင်းနေထိုင်သူ မိသားဆုရာပေါင်းများစွာကို ပြောင်းရွှေ့ပေးခဲ့ရကြောင်း အစိုးရအရာရှိတစ်ဦးက ပြောကြားသည်။ မီဆာမစ်စ်အော်ရီရင်တယ်ပြည်နယ် ဂန်ဂူးမြို့အနီး ရွာသုံးရွာတွင် ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၂ နာရီဝန်းကျင်က ရေကြီးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း၊ နေအိမ်ပေါင်း ၁၄၉ လုံးနစ်မြုပ်ခဲ့ပြီး လူဦးရေ စုစုပေါင်း ၆၉၉ ဦးကို ရေဘေးမှတ ကင်းလွတ်ရာဘုရားကျောင်းနှင့် ကုန်မြင့်ရှိရာအရပ်သို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲမှု ကောင်စီက ပြောကြားသည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)

စုစည်းဘာသာပြန်- မြင့်မောင်စိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)