ခေါင်းဆောင်စိတ်ရှိသူသည် ဘဝပေးအခြေနေအရ နောက်လိုက်ဘဝသို့ရောက်နေရသော်လည်း ခဏသာဖြစ်သည်။
အချိန်တန်လျှင် ခေါင်းဆောင်ဘဝသို့ပြန်ရောက်ရသည်သာဖြစ်၏။ စိန်တစ်လုံးအမျိုးအစားသရက်ပင်သည် မြက်တောထဲတွင်ပေါက်ရသော်လည်း ခဏသာဖြစ်၏။
တန်ဖိုးနားလည်သူတွေ့သွားသည်နှင့် သရက်ပျိုးဥယျာဉ်ထဲပြန်၍ အစိုက်ခံရသကဲ့သို့ပင်တည်း။
နောက်လိုက်စိတ်ရှိနေသောသူသည် ဘဝပေးအခြေနေအရ ခေါင်းဆောင်ဖြစ်နေလည်း ခဏသာဖြစ်၏။ အချိန်တန်လျှင် နောက်လိုက်နေရာသို့ ပြန်ရောက်ရ၏။
ပေါင်းမြက်သည် စပါးပင်ဘေး ပေါက်ခွင့်ရသော်လည်း ခဏသာဖြစ်၏။
အချိန်တန်လျှင်အနှုတ်ခံရသကဲ့သို့ပင်ဖြစ်၏။
ဝန်ခံချက်။ ။ မဂ္ဂဇင်းစာအုပ်တစ်အုပ်မှ ကြိုက်နှစ်သက်၍ ကူးယူဖော်ပြပါသည်။
**အဖြူရောင်နတ်သမီး **

No comments:
Post a Comment