**နီပေါနိုင်ငံသားတစ်ဦး ကမ္ဘာ့ အရပ်အပုဆုံးဖြစ်လာနိုင်၊ ဂင်းနက်စ်မှတ်တမ်းအဖွဲ့ ထုတ်ဖော်ပြောကြား**
(ခတ္တမန္ဒူ၊ ဖေဖော်ဝါရီ ၄)
နီပေါနိုင်ငံသားတစ်ဦးအား ကမ္ဘာ့အပုဆုံးအဖြစ် သတ်မှတ်အတည်ပြုနိုင်ရေးအလို့ငှာ ဂင်းနက်စ်ကမ္ဘာ့စံချိန်မှတ်တမ်းမှ ပညာရှင်တစ်စုသည် နီပေါနိုင်ငံသို့ ခရီးထွက်ခွာပြီဖြစ်သည်။ အသက် ၇၂ နှစ်ရှိပြီဖြစ်သည့် နီပေါအမျိုးသာ; ချန်ဒရာဘဟာဒွါဒါနိုင်း၏အရပ်အမြင့်သည် ၂၂ လက်မသာရှိပြီး ကိုယ်အလေးချိန်အားဖြင့် (ကျောက်ခဲနှစ်ခဲစာ) ၂၆ ပေါင်အောက်သာ ရှိသူဖြစ်သည်။ ဂင်းနက်စ်စံချိန်မှတ်တမ်းတွင် ကမ္ဘာ့အရပ်အပုဆုံး အမျိုးသားအဖြစ် စံပြုဖော်ပြထားသူမှာ လက်ရှိ ဖိလစ်ပိုင်နိုင်ငံသား ဂျန်ရေးဘာလာဝန်ဆိုသူ အမျိုးသားတစ်ဦးဖြစ်သည်။ ဂင်နက်စ်မှတ်တမ်း စံချိန်တင်ထားသူ အရပ်အပုဆုံးအမျိုးသား ဂျန်ရေး၏ အရပ်အမြှင့် ၂၃.၅ လက်မရှိသည်။ ၂၀၁၀ ခုနှစ်က ဂင်းနက်စ်ကမ္ဘာ့အရပ်အပုဆုံးအဖြစ် သတ်မှတ်ဖော်ပြထားသူမှာ နီပေါနိုင်ငံသား အရပ်အမြင့် ၂၆.၄ လက်မရှိသူ ခါဂျန်ဒရာတာပါးမာဂါဆိုသူဖြစ်ပြီး ဂျန်ရေးက ၄င်းဆီမှ ကမ္ဘာ့အရပ်အပုဆုံးအဖြစ် ကမ္ပည်းတင်ထားမှုကို လွှဲပြောင်းပိုင်ဆိုင်ခဲ့သူဖြစ်သည်။ ယခုကမ္ဘာ့အရပ်အပုဆုံးအဖြစ် ထွက်ပေါ်သတင်းပြေးနေသူ ဒါနိုင်းအနေဖြင့် ဂင်းနက်စ်အဖွဲ့၏ တိုင်းတာမှုများပြီးစီးပါက မဆိုစလောက် လက်မအနည်းငယ်ပုနိမ့်ခြင်းခြင်းဖြင့် ကမ္ဘာ့မှတ်တမ်းတွင် စံချိန်တင်လီ့မ့်မည်ဖြစ်သည်။ (အင်တာနက်)
**ကမ္ဘာ့အကြီးဆုံးလေစွမ်းအင်မှ ဓာတ်အားထုတ်လုပ်မှု တရုတ်နိုင်ငံ၌ ဆောင်ရွက်နေ**
(ပေကျင်း၊ ဖေဖော်ဝါရီ ၄)
တရုတ်နိုင်ငံ ရှန်ဟိုင်းးမြို့ကမ်းလွန်တွင် ၆ မဂ္ဂါဝပ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မည့် ကမ္ဘာ့အကြီးမားဆုံး လေစွမ်းအင်မှဓာတ်အားထုတ်လုပ်မှု စီမံကိန်းကို ဖေဖော်ဝါရီ ၃ ရက်မှစတင်ကာ အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း တရုတ်အရာရှိများက ဖေဖော်ဝါရီ ၄ ရက်၌ သတင်းထုတ်ပြန်သည်။ ပင်လယ်ပြင်ကို ဖြတ်သန်းတိုက်ခတ်လာသည့်လေများဖြင့် ဒဟတ်များကိုလည်ပတ်စေကာ လေတာဘိုင်များမှ တစ်ဆင့် ဓာတ်အားထုတ်ယူခြ င်း ဖြစ်သည်။
(ရှန်ဟိုင်းမြို့ )
ယင်းကိုရှန်ဟိုင်းမြို့ ကမ်းလွန်လန်ဂန်ပင်လယ်ပြင်တွင် လေဒဟတ် ၁၇ခုဖြင့် ဓာတ်အား ၆ မဂ္ဂါဝပ်ထုတ်ယူနိုင်ရန် စီစဉ်ခြင်းဖြစ်သည်။ လေစွမ်းအင်မှ ဓာတ်အား ၆ မဂ္ဂါဝပ်ထုတ်ယူနိုင်ခြင်းမှာ ကမ္ဘာပေါ်တွင် အကြီးမားဆုံးဖြစ်သည်။ ထို့အတူတရုတ်နိုင်ငံကျန်စုပြည်နယ် အရှေ့ပိုင်းရှီယန်စီရင်စုတွင်လ်း အာရှ၌ အကြီးဆုံးလေစွမ်းအင်မှ ဓာတ်အားထုတ်ယူနိုင်ရေးကြိုးပမ်းလျက်ရှိသည်။(အင်တာနက်)
**အမေရိကန်အဲယားလိုင်း အလုပ်သမား ၁၃၀၀၀ လျှော့ရန်စီစဉ်**
(ဒါးလက်၊ ဖေဖော်ဝါရီ ၄)
အမေရိကန်နိုင်ငံ၏ တတိယအကြီးဆုံးလေကြောင်းပို့ဆောင်ရေးလုပ်ငန်းဖြစ်သ့် အမေရိကန်အဲယားလိုင်းက ကြွေးမြီကင်းစင်ရေးအတွက် ကုန်ကျစရိတ်များ သိသိသာသာလျှော့ချဖြတ်တောက်ရန် အလုပ်သမား ၁၃၀၀၀ နီးပါးကို လျှော့ချမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၃ ရက်က အင်တာနက်သတင်းတွင် ဖော်ပြသည်။ ကုန်ကျစရိတ်စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းဖြတ်တောက်ရန်ရည်ရွယ်သည့် အလုပ်သမားများအား အလုပ်လျှော့ချရေးအစီအစဉ်များကို အမေရိကန်အဲယားလိုင်းထိပ်တန်းအရာရှိများ၊ အလုပ်သမား သမဂ္ဂကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ အသေးစိတ်ဆွေးနွေးကြမည်ဖြစ်သည်။ အလုပ်သမား ယင်းသို့လျှော့ချခြင်းဖြင့် အမေရိကန်အဲယားလိုင်း၏ စုစုပေါင်းကုန်ကျစရိတ်တွင် ၂၀ ရာခိုင်နှုန်းလျှော့နည်းကျဆင်းသွားမည်ဖြစ်သည်ဟု ယင်းသတင်းတွင် ထပ်မံဖော်ပြသည်။ (အင်တာနက်)
**ဥရောပတစ်ဝန်းအအေးလွန်ကဲမှုသေဆုံးသူပေါင်း ၂၂၈ ဦးရှိပြီဖြစ်**
(ကိယက်ဗ်၊ ဖေဖော်ဝါရီ ၄)
ဥရောပဆောင်းရာသီ ပိုမိုအအေးလွန်ကဲမည်ဟု ကြိုတင်ခန့်မှန်းထားသည်ထက် ပိုမိုအအေးလွန်ကဲမှုကြောင့် ယခုအခါ ဥရောပတိုက်တစ်ဝန်းသေဆုံးရသူပေါင်း ၂၁၈ ဦးအထိရှိသွားပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၃ ရက်က အင်တာနက် သတင်းတွင် ဖော်ပြသည်။ ဥရောပတိုက်အတွင်းအပူချိန်များ စံချိန်တင်ထိုးကျသွားပြီး အအေလွန်ကဲမှုမှာ ရက်သတ္တပတ်ကြာ ဆက်လက်ဖြစ်ပေါ်နေသဖြင့် သေဆုံးသူဦးရေ ပိုလာရခြင်းဖြစ်သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:
Post a Comment