**ကမ္ဘာကျော်အဆိုတော်အဒေလီ Brit ဂီတဆုနှစ်ဆု ဆွတ်ခူး**
(လန်ဒန်၊ ဖေဖော်ဝါရီ ၂၃)
ကမ္ဘာကျော် ပေါ့ပ်အဆိုတော် အဒေလီဟာ ဖေဖော်ဝါရီ ၂၁ ရက်က လန်ဒန်မြို့မှာကျင်းပတဲ့ Brit ဂီတဆုပေးပွဲမှာ ဆုနှစ်ဆုဆွတ်ခူးသွားပြန်ပါပြီ။ သူမဟာ လွန်ခဲ့တဲ့ သီတင်းပတ်က ဂရမ်မီဆုပေးပွဲမှာ ဆုစံချိန်တင် အများဆုံးခြောက်ဆုအထိ ဆွတ်ခူးခဲ့ပြီးနောက် ယခုတစ်ဖန် Brit ဂီတဆုပေးပွဲမှာ ထပ်မံပြီး ဆုနှစ်ဆု ဆွတ်ခူးခဲ့ခြင်းဖြစ်တယ်။ ဒီဂီတဆုပေးပွဲဟာ ဗြိတိန်နိုင်ငံရဲ့ အကျော်ကြားဆုံး ဂီတဆုပေးပွဲ ဖြစ်ပါတယ်။ ဗြိတိသျှအဆိုတော် အဒေလီဟာ Brit ဆုပေးပွဲမှာတော့ အမျိုးသမီးတစ်ကိုယ်တော်ဂီတပညာရှင်ဆုနဲ့ တစ်နှစ်တာအကောင်းဆုံး အယ်လ်ဘမ်ဆုတို့ကို ဆွတ်ခူးခဲ့ခြင်း ဖြစ်ပါတယ်။ သူမဟာ ၂၁ လို့အမည်ရတဲ့ အယ်လ်ဘမ်နဲ့ပင် အကောင်းဆုံးအယ်လ်ဘမ်ဆုဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီအယ်လ်ဘမ်ဟာ နိုင်ငံတစ်ဝန်း အယ်လ်ဘမ်ရောင်းချမှု ၁၇ သန်းအထိရှိခဲ့ပြီး နိုင်ငံပေါင်း ၂၄ နိုင်ငံမှာ နံပါတ်တစ်ရောင်းအားအကောင်းဆုံး အယ်လ်ဘမ်ဖြစ်ခဲ့ပါတယ်။ (အင်တာနက်)

**ဂျက်စတင်ဘီဘာ၏ ဒုတိယမြောက်ဓာတ်ပုံစာအုပ်ထွက်ရှိမည်**
ဂျေဘီ၏ ဒုတိယမြောက် ဓာတ်ပုံစာအုပ် Justin Bieber: Just Getting Started တွင် ၄င်း၏နာမည်ကျော် Never Say Never တေးသီချင်းကိုရုပ်ရှင်ရိုက်ကူးမှု အမှတ်တရပုံရိပ်များ၊ တေးအယ်လ်ဘမ်သစ် Believe ကို အသံသွင်းနေသည့် ပုံရိပ်များနှင့် ကမ္ဘာတစ်ဝန်း ဖျော်ဖြေပွဲပုံရိမ်များ ပါဝင်မည်ဖြစ်ကြောင်းနှင့် ယင်းဓာတ်ပုံစာအုပ်ကိုစက်တင်ဘာလတွင် ကမ္ဘာတစ်ဝန်းဖြန့်ချိရောင်းသွားမည် ဖြစ်ကြောင်း ဟာပါကောလင်းစ် စုအုပ်ထာတ်ဝေရေး ကုမ္ပဏီက ထုတ်ဖော်ပြောကြားသည်။ ဂျေဘီ၏ ပထမဓာတ်ပုံစာအုပ် First Step 3 Forever: My Story ကို ၂၀၁၀ ခုနှစ် အောက်တိုဘာတွင် ထုတ်ဝေခဲ့သည်။ ယင်းဓာတ်ပုံစာအုပ်ကို ဘာသာစကား ၂၅ မျိုးဖြင့် ပြန်ဆိုရေးသားကြပြီး အုပ်ရေတစ်သန်းကျော် ရောင်းချခဲ့ရသသည်။ (အင်တာနက်)
**အာကာသအတွင်းရှိ ကြယ်တာရာ တစ်ခုမှ ဘောလုံးပုံသဏ္ဍာန်ကာဗွန်မော်လီကျူးများ ဖွဲ့စည်းထားမှုတွေ့ရှိ**
(၀ါရှင်တန်၊ ဖေဖော်ဝါရီ ၂၃)
နာဆာအာကာသုတေသနပညာရှင်များက စပိုက်ဇာ အာကာသအဝေးကြည့်မှန်ပြောင်းကိုအသုံးပြုလေ့လာခဲ့ရာ အာကာသအတွင်းတည်ရှိနေသော ကြယ်တာရာတစ်ခုအတွင်း၌ ကာဗွန်မော်လီကျူးများဖြင့် ဖွဲ့စည်းဖြစ်ပေါ်နေသော ဘောလုံးပုံသဏ္ဍာန်များကို ပထမဆုံးအကြိမ်တွေ့ရှိခဲ့ကြောင်း နာဆာက ဖေဖော်ဝါရီ ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။ အဆိုပါ ဘောလုံးသဏ္ဍာန်များတွင် ကာဗွန်မော်လီကျူး ၆၀ ရာခိုင်နှုန်းခန့်ပါဝင်ပြီး အခြားမော်လီကျူးအချို့လည်း ပါဝင်ဖွဲ့စည်းထားကြောင်း ၄င်းဘောလုံးပုံသဏ္ဍာန် ဖြစ်ပေါ်နေသော အရာများကို သုတေသနပြုခဲ့ရာ ကမ္ဘာမြေအတွက် လျှပ်စစ်နှင့်ဓာတုဆိုင်ရာစွမ်းအင်များ ပိုမိုပြည့်ဖြိုးစေရန် အထောက်အကူပြုနိုင်ကြောင်း နာဆာက ဆက်လက်ပြောကြားသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မြင့်မောင်စိုး

No comments:
Post a Comment